တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာကို တစ်ရက်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ ဖေဖော်ဝါရီ (၁၅)ရက်နေ့က တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာကို တစ်ရက်တည်းမှာ လေကြောင်းတိုက်ခိုက်မှု (၃)ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ တတိယအပတ်က စတင်ခဲ့တဲ့ တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲတွေဟာ ဖေဖော်ဝါရီ ၁၅ ရက်အထိ သိန်ခွန်းရွာ၊ ထုံမခါရွာနဲ့ အနီးတဝိုက်တို့မှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်လာတယ်လို့ တနင်္သာရီမြို့နယ် ပကဖ က ဆိုပါတယ်။

“အကြမ်းဖက်စစ်ကောင်စီတပ်ဟာ တနင်္သာရီ-မော့တောင်နယ်‌စပ်လမ်းကို ပြန်ထိန်းချုပ်စိုးမိုးဖို့အတွက် တပ်ပေါင်းစုပြီး ထိုးစစ်ဆင်လာဖြစ်ပါတယ်။ အခြေအနေကတော့ အခုထိ ဆိုးရွားနေတုန်းပါပဲ၊ လက်ရှိလည်း လေယာဉ်နဲ့ဗုံးကြဲနေပါတယ်၊ နေ့တိုင်းလိုလိုလည်း ဗုံးကြဲ၊ တိုက်ပွဲလည်း နေ့တိုင်းဖြစ်၊ အရပ်သားအိမ်တွေ အမြောက်အမြား မီးရှို့၊ ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်နေတာတွေလည်း အများကြီးလုပ်တာတွေ ရှိတယ်” လို့ တနင်္သာရီ ပကဖ က ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်က စစ်ကောင်စီ သိန်ခွန်းရွာကို လေကြောင်းတိုက်ခိုက်ခဲ့စဥ်

နှစ်လနီးပါး ရှိလာပြီဖြစ်တဲ့ တနင်္သာရီမြို့နယ်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ထိခိုက်သေဆုံးတာတွေ ရှိနေသလို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေဘက်ကလည်း ရဲဘော် ၇ ယောက်ထက်မနည်း ကျဆုံးပြီး ၁၀ ယောက်နဲ့အထက် ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့ တနင်္သာရီမြို့နယ် ပကဖ ဆီက သိရပါတယ်။

တိုက်ပွဲတွေနဲ့ စစ်ကောင်စီ​တပ်ရဲ့ ကျေးရွာတွေအတွင်း တပ်စွဲနေထိုင်မှု၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ထုံခါ၊ ကော့ယွန်း၊ သိန်ခွန်း၊ ချောင်းနှစ်ပေါက်၊ သဲဖြူ၊ ညောင်ပင်ကွင်းကျေးရွာ၊ ထုံမခါကျေးရွာ၊ ထုံတော်ကျေးရွာ၊ သိမ်ခွန်းကျေးရွာ၊ ငါးမိုင်ကျေးရွာ၊ ခြောက်မိုင်ကျေးရွာ၊ ကွင်းသစ်ကျေးရွာ၊ ဗောဓိကမ်းကျေးရွာတို့က ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ တနင်္သာရီမြို့နယ်အတွင်း အရပ်သားပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုအပြင် နေအိမ်တွေကို အကြောင်းမဲ့ မီးရှို့တာ၊ ပြည်သူတွေကို သတ်ဖြတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ဂုဏ်သိက္ခာအကင်းမဲ့ဆုံး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်က စစ်ကောင်စီ သိန်ခွန်းရွာကို လေကြောင်းတိုက်ခိုက်ခဲ့စဥ်
0 Shares:
You May Also Like
Read More

ဂန့်ဂေါမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင် ပျက်စီး၊ ညသန်းခေါင်ယံအချိန်မို့ လူထိခိုက်မှု မရှိခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် လာပို့ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ကျေးရွာအတွင်းရှိ စာသင်ကျောင်းကို ထိမှန်သွားတာကြောင့် စာသင်ကျောင်း လုံးဝပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်​ကျေးရွာက စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ထုတ်ပြန်

မန္တလေးတိုင်း၊ ​တွင်းငယ်ကျေးရွာက အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ထားမှုနဲ့ ပတ်သက်ပြီး ၃ လအကြာ ဒီနေ့မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ထုတ်ပြန်လာပါတယ်။
Read More

သရက်ချောင်းမှာ စစ်ကောင်စီစစ်ကြောင်းနှင့် ထားဝယ်ခရိုင်တပ်​ပေါင်းစု တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က အများအပြား သေပြီး RPG အပါ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ သရက်​ချောင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့ ထားဝယ်ခရိုင်တပ်​ပေါင်းစု တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်က အများအပြား သေပြီး RPG အပါ လက်နက်ခဲယမ်းတချို့ သိမ်းဆည်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် တပ်ရင်း ၂ က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

မန္တလေးအိုးဘိုအကျဉ်းထောင်တွင်း အကျဉ်းချခံနေရသည့် NLD ပါတီဝင် နိုင်ငံရေးအကျဉ်းသား ဦးမြင့်ဝေ အူအတက်ပေါက် ဝေဒနာနှင့် ကျဆုံးခဲ့

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ အကျဥ်းချခံနေရတဲ့ NLD ပါတီဝင် နိုင်ငံရေးအကျဥ်းသား ဦးမြင့်ဝေဟာ အလွယ်တကူ ခွဲစိတ်တဲ့ကုသနိုင်တဲ့ အူအတက်ပေါက်တဲ့ ရောဂါဝေဒနာနဲ့ ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူခရိုင် အမှတ် (၈) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေသည့် ရဲဘော် နန်းခန့်ဝင်း (ခ) Silent ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန၊ ပခုက္ကူခရိုင် အမှတ် (၈) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် နန်းခန့်ဝင်း (ခ) Silent  ဟာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူ PDF ၊ ပွင့်ဖြူ ပကဖ နဲ့ Yenanthar Youth Force တို့ရဲ့ စုပေါင်းကထိန် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း (ပွင့်ဖြူ PDF) ၊ Yenanthar Youth Force နဲ့ ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး စုပေါင်းကထိန်ပြုလုပ်ခဲ့တယ်လို့ ပွင့်ဖြူ PDF က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။