ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီရဲ့ အပတ်စဉ် ၆ စစ်မှုထမ်းဆင်း စစ်သား လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က ထုတ်ပြန်ထားပါတယ်။

အုတ်ဖိုမြို့နယ်အတွင်း ထန်းပင်ကုန်းကျေးရွာ စစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၁ ယောက်ဟာ ဖေဖော်ဝါရီ ၁၇ ရက်မနက်ပိုင်းမှာ လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်လာသူ စစ်ကောင်စီတပ်သားဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလက ရခိုင်ပြည်နယ်၊ ပုဏ္ဍားကျွန်းမြို့နယ်ကနေ ရန်ကုန်မြို့ကို လာရောက်ချိန် အုတ်ဖိုတာဆုံ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က စစ်တပ်ထဲ မဝင်ရင် ထောင် ၅ နှစ်ချမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ အပတ်စဉ် ၆ စစ်မှုထမ်းသင်တန်းမှာ တက်ရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ပြည်သူကို အမျိုးမျိုး ဒုက္ခပေးနေတဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလင်းဝင်ကြဖို့နဲ့ လက်နက်နဲ့ အလင်းဝင်လာရင် ထိုက်တန်စွာ ဆုချီးမြှင့်သွားမယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မကွေးတိုင်း မြို့သစ်တွင် အိုးဝေမရပ်ပေးမှုကြောင့်  အမျိုးသား ၄ ဦးကို စစ်အုပ်စု ပစ်သတ်ပြီး တန်ဖိုးကြီးပစ္စည်းများ ခိုးယူသွား

မကွေးတိုင်း၊ မြို့သစ်မြို့နယ်မှာ အိုးဝေမရပ်ပေးမှုကြောင့် အကြမ်းဖက်စစ်တပ်က အမျိုးသား ၄ ယောက်ကို ပစ်ခတ်သတ်ဖြတ်ပြီး ပါလာတဲ့ပစ္စည်းတွေကို ခိုးယူသယ်ဆောင်သွားခဲ့ကြောင်းမြို့သစ်မြို့နယ် ပကဖ တာဝန်ရှိသူထံကသိရပါတယ်။
Read More

ကျောက်တံခါးမြို့နယ်တွင် အင်အား ၄၀ နီးပါး တပ်စွဲထားသည့် စစ်စခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်ချေမှုန်း၊ စစ်ကောင်စီဘက်မှ ၄ ဦး သေ၊ ၂ ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ ရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်က ဘုရားကြီးကုန်းရွာ အကြမ်းဖက်စစ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၄ဦးသေ၊ ၂ဦးအရှင်ဖမ်းခံရပြီး လက်နက်ခဲယမ်းတွေရရှိခဲ့ကြောင်း ပဲခူးခရိုင်၊ အမှတ် - ၂ တပ်ရင်း၊ P2-3702 တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ညောင်လေးပင်-ရွှေကျင်လမ်းပိုင်းတွင် စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး အရာရှိအပါ ၅ ဦး သေ

ပဲခူးတိုင်း၊ ညောင်လေးပင်-ရွှေကျင်လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီ ကားတစ်စီးကို ကြားဖြတ်တိုက်ခိုက်ရာ အရာရှိနဲ့ စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးခဲ့ကြောင်း Fire Dragon PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စုက သမီးဖြစ်သူကို အကျဥ်းချကာ အဖေဖြစ်သူ၏ ရွေးကောက်ပွဲမိန့်ခွန်းသုံးပြီး ပြည်သူကို ခြိမ်းခြောက်နေ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထောင်ချထားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ ထိန်းချုပ်ထားတဲ့ နေ့စဥ်ထုတ်သတင်းစာတွေမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မိန့်ခွန်းကို နေ့စဥ်နဲ့အမျှ ထည့်သွင်းဖော်ပြနေပါတယ်။
Read More

မီးဖြတ်ခံရတာ ၁လနီးပါးရှိလာပြီဖြစ်တဲ့ ဖားကန့်မြို့…

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားတာ ၁လနီးပါးအထိ ကြာမြင့်လာတာကြောင့် နေရေးထိုင်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း အလင်းဝင်သူနှင့် ဖမ်းမိသူ စစ်ကော်မရှင်တပ်သား ၂၂၀၀ ကျော် ရှိ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ အောက်တိုဘာလကုန် စတုတ္ထပတ်အထိ စစ်ကော်မရှင်တပ်ကနေ အလင်းဝင်ပူးပေါင်းသူနဲ့ လက်နက်ချ စစ်သုံ့ပန်းအရေအတွက် ၂၂၄၆ ယောက်ရှိတယ်လို့ ပြည်သူ့ပန်းတိုင်ထံက သိရပါတယ်။