ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က မတရားဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းခဲ့တဲ့ စစ်သား(၃) ယောက် လက်နက်တွေနဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း (၉) ဆီ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ(၁၇) ရက်က ကျောက်ကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ-၅၈၄ တပ်ရင်းကနေ အသက် (၂၁) နှစ်၊ (၂၄)နှစ်နဲ့ (၂၀)နှစ်အရွယ် စစ်သား ၃ ယောက်က လက်နက်တွေနဲ့အတူ အလင်းဝင်လာတယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်စလုံးဟာ စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးခံရကာ ပြည်သူ့စစ်မှုထမ်းအဖြစ် အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းခံခဲ့ရသူတွေ ဖြစ်ပြီး MA-3 ၂လက်၊ MA-1 ၁လက်၊ ကျည်ဘောက် (၁၁)ခု၊ ကျည် (၇၇၆) တောင့်၊ လက်ပစ်ဗုံး (၁) လုံးတို့ကို ယူဆောင်လာခဲ့တယ်လို့ KNU က ဆိုပါတယ်။

လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား (၃) ယောက်ကို ကျောက်ကြီးမြို့နယ် KNU တာဝန်ရှိသူတွေနဲ့ KNLA တပ်ရင်း(၉) တာဝန်ရှိသူတွေက တစ်ယောက်ကို ငွေကျပ်(၁၀)သိန်းစီ ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးကာ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ စစ်သားတွေအနေနဲ့ နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေးတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ ရရာနည်းနဲ့ လက်နက်ချ အလင်းဝင်ဖို့ KNU က တိုက်တွန်း အသိပေးထားပါတယ်။

လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို လက်ခံကြိုဆိုခဲ့တဲ့ ပုံရိပ်များ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

တောင်ငူမြို့နယ်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေပစ်ခတ်တိုက်မှု အထိအခိုက်များနိုင်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှု​မှာ တပခ ဝန်းထဲ ထိခိုက်မှုတွေများနိုင်ကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ချင်းညီနောင်စစ်ဆင်ရေး တစ်နှစ်တာအတွင်း အောင်မြင်မှုတွေနဲ့အတူ တပ်ဖွဲ့ဝင်ရဲဘော် ၁၀၀ ခန့် ကျဆုံးခဲ့

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ကနေ စတင်ခဲ့တဲ့ ချင်းညီနောင်ရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင် ရဲဘော် အယောက် ၁၀၀ ခန့် ကျဆုံးခဲ့ရတယ်လို့ ချင်းညီနောင်အဖွဲ့ စစ်ရေးဥက္ကဋ္ဌ ထန်ချွန်းဖေက ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပြောဆိုသွားပါတယ်။
Read More

စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူ ၃ ဦး KNLA တပ်ရင်း (၈) ထံ လက်နက်ချ အလင်းဝင်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၈) ထံ အကြမ်းဖက်စစ်တပ်က စစ်သား ၃ယောက် အလင်းဝင်လာခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် KIA၊ KPDF ပူးပေါင်းတပ်များနှင့် စစ်ကော်မရှင်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား၊ အပြန်အလှန် ပစ်ခတ်မှုအတွင်း သံဃာတစ်ပါးအပါ ၄ ဦး ထိမှန်ဒဏ်ရာရ…

“မနေ့ကလည်း တောက်လျှောက်ဖြစ်နေတာ ၊ ဒီမနက်မှာလည်း ထပ်ဖြစ်တယ်။ မှော်တောင်းကျေးရွာမှာရှိတဲ့ ဂိတ်ကို သူတို့က စစ်ကြောင်းထိုးတယ် ၊ အဲ့မှာ တိုက်ပွဲပြင်းထန်ပြီးတော့ ဂိတ်ကလည်း ဆုတ်ပေးလိုက်ရတယ်။တိုက်ပွဲအပြန်အလှန်ပစ်ခတ်ချိန်မှာ လက်နက်ကြီးကျတော့ အဲ့မှာ ကလေးတွေ ထိတယ်။ သံဃာတော် တစ်ပါးလည်း ထိတယ် ” လို့ ဖားကန့်နယ်ခံတစ်ယောက်က ပြောပါတယ်။
Read More

တောင်သာမှာ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းကို ၂ ရက်ဆက် ကြားဖြတ်တိုက်ခိုက်၊ လက်နက် ၂ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို ၂ ရက်ဆက် ကြားဖြတ်တိုက်ခိုက်ရာ လက်နက် ၂ လက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရမိပြီး စစ်တပ်စစ်ကြောင်းက ငါ့သရောက်မြို့နယ်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်း၊ အုန်းတောနယ်မြေအတွင်း ကင်းပတ်ထွက်လာသည့် စစ်သားတွေ တိုက်ခိုက်ခံရပြီး ၁ ဦး သေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောနယ်မြေမှာ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Generation Z Power က ထုတ်ပြန်ထားပါတယ်။