KNU ထိန်းချုပ်ထားတဲ့ မူးမြို့နယ်ထဲကို စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်ယူဆောင်ကာ KNU ထံ အလင်းဝင်လာတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။

မူးမြို့နယ်ရှိ စစ်ကောင်စီတပ် ခလရ (၇၃) တပ်ရင်းလက်အောက်ခံ စခန်းဖြစ်တဲ့ သပြေညွန့်စခန်းက စစ်ကောင်စီတပ်သား ကိုစိုးသူဟာ လက်နက်တစ်လက်နဲ့ ကျည်ဆံတွေ ယူဆောင်ကာ မူးမြို့နယ် တပ်ရင်း (၈) ထံ အလင်းဝင်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို မူးမြို့နယ်တာ၀န်ရှိ ခေါင်းဆောင်က ဂုဏ်ပြုငွေ(၁၀)သိန်းကျပ် ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အာဏာရှင်ကိုဆန့်ကျင်ပြီး ပြည်သူတွေနဲ့အတူ ပူး‌ပေါင်းကာ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်သွားဖို့ အလင်း၀င်မယ့် စစ်ကောင်စီတပ်သားတွေကို နွေးထွေးစွာ ကြိုဆိုကြောင်းလည်း KNU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဝက်လက်မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၁၀ ဦးခန့် သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာတော်ကုန်းရွာကို စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ပြည်သူ ၁၀ ယောက်နီးပါး သေဆုံးခဲ့တယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ် – ACDF ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ( ၅ ) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အရှိုချင်းကာကွယ်ရေးတပ် - ACDF ရဲ့ ကိုယ်ပိုင်လေ့ကျင့်ရေးသင်တန်းကျောင်းမှာ ပထမဆုံးအကြိမ် ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၅) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းတွင် အမျိုးသားများ ဆိုးဆိုးရွားရွား ပေါ်တာဆွဲခံနေရ၊ စစ်အုပ်စုလက်ပါးစေ ပျူစောထီးအဖွဲ့တစ်ခုက အရပ်သား ၁ယောက်ကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ အရပ်သားပေါ်တာဆွဲ ဖမ်းဆီးခံရမှုတွေ များလာသလို စစ်အုပ်စုလက်ပါးစေတွေက အမျိုးသား ၁ယောက်ကိုလည်း အကြောင်းမဲ့ ရက်ရက်စက်စက် သတ်ဖြတ်ထားခဲ့ကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပေါင်းတည်၊ ပန်းသင်းရွာက ပျူစောထီးကို ပစ်ခတ်ရှင်းလင်း…

ပဲခူးတိုင်း၊ ပေါင်းတည်းမြို့နယ်၊ ပန်းသင်းရွာမှာ ပြည်သူတွေကို ဒုက္ခပေးတဲ့ ပျုစောထီးဖြစ်သူ အေးမင်းထွန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ (၂၁)၊ ကွပ်ကဲမှု အောက်ရှိ (၃၆၀၁) တပ်ရင်း တပ်ခွဲ (၂) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမှာ လျှပ်စီးတပ်ခွဲစခန်း လေကြောင်းတိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၁ ယောက် ထိခိုက်ဒဏ်ရာရ…

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ လျှပ်စီးတပ်ခွဲစခန်းကို လေကြောင်းတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုတွေရှိခဲ့သလို ရဲဘော် ၁ ယောက်လည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ မုံရွာခရိုင်၊ အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

လူအင်အားဖြည့်ရန် ထွက်လာသည့် စစ်အုပ်စုကြားဖြတ်တိုက်ခိုက်ခံရ ၁၀ ဦး သေဆုံး၊ ၁၃ ဦး ဒဏ်ရာရ

မကွေးတိုင်း ၊ ရေစကြိုကနေ ကျောက်ရစ်အထိုင်စခန်းထဲကို အကြမ်ဖက်စစ်တပ် အရာရှိအပြောင်းအလည်း ပြုလုပ်ပြီး လူအင်အားဖြည့်ဖို့ ထွက်လာတဲ့စစ်အုပ်စုနဲ့ ကာကွယ်ရေးပူးပေါင်းတပ် အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူတွေရှိတယ်လို့ လျှပ်စီးတပ်ခွဲ မုံရွာခရိုင် အမှတ် (၁၂) တပ်ခွဲ (၃) ဆီက သိရပါတယ်။