ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို  နိုင်ငံတကာပါလီမန်များအဖွဲ့က သူတို့ရဲ့ တရားဝင် မိတ်ဖက်အဖွဲ့အစည်းအဖြစ် ဆက်လက် အသိအမှတ်ပြုထားတယ်လို့ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လွှတ်တော်ကိုယ်စားလှယ်တွေဟာ နိုင်ငံအတွက် ဆက်လက်ပြီး လွှတ်တော်ရေးရာနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေတာကြောင့် နိုင်ငံတကာ ပါလီမန်များအဖွဲ့က ဆက်လက်အသိအမှတ်ပြုကာ ကိုယ်စားပြုခွင့်ရနေတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လွှတ်တော်ဆိုင်ရာ ကြားနာပွဲကို မြန်မာ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး အဲဒီပွဲမှာ CRPH ကို တရားဝင် မိတ်ဖက် နှင့် ဆွေးနွေးဖက်အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုခဲ့တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။

“ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုပန်းတိုင်များအတွက် အကောင်အထည်ဖော်ဆောင်ရွက်မှုများ အရှိန်မြှင့် တင်ခြင်း။ ဘဏ္ဍာရေး၊ အဖွဲ့အစည်းများနှင့် နိုင်ငံရေး” ခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့ လွှတ်တော်ဆိုင်ရာ ကြားနာပွဲကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။


မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က အဲ့ဒီဆွေးနွေးပွဲမှာ  “စစ်အာဏာသိမ်းမှုနောက် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုများ ရပ်တန့်သွားခဲ့ရမှုများ၊ လွှတ်တော်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ ယင်းအခြေအနေများကို ကျော်လွှားနိုင်ရေး ကြိုးပမ်းနေမှုများ၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများရဲ့ စိုးမိုးထိန်းချုပ်နေမှုများမှာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာအသိုက် အဝန်းက ပံ့ပိုးကူညီပေးစေလိုမှုများ” ကို ဆွေးနွေးခဲ့ကြတယ်လို့  ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ကနေဒါနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ရဲ့ အမြဲတမ်း ကိုယ်စားလှယ်တွေနဲ့လည်း သီးခြားစီတွေ့ဆုံပြီး မြန်မာ့အရေးအခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့အနေနဲ့ နိုင်ငံတကာပါလီမန်များအဖွဲ့ရဲ့ ညီလာခံတွေနဲ့ အစည်းအဝေးတွေကို  ဆက်တိုက်တက်ရောက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အဓိကအားဖြင့် မြန်မာ့အရေးအခြေအနေတွေ၊  စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ၊ မြန်မာ့တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းဆောင်ရွက်နေမှုတွေ၊ နေရပ်စွန့်ခွါတိမ်းရှောင်နေရတဲ့ ပြည်သူလူထုရဲ့ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေကို နိုင်ငံတကာက သိရှိအောင် တင်ပြသွားမယ်လို့လည်း ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ဂျပန်ရောက် မြန်မာတော်လှန်ရေး အင်အားစုတွေက NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကို ဂျပန် ယန်း ၆၇၀၀၀၀ ကျော် လှူဒါန်း

ဂျပန်နိုင်ငံရောက် မြန်မာတော်လှန်ရေး အင်အားစုတွေက အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကို ဂျပန် ယန်း ၆၇၀၀၀၀ ကျော် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါက်၊ ဂန့်ဂေါ၊ တောင်သာမြို့တို့မှာ စစ်တပ်လက်အောက်ခံ ပျူနှင့် ရဲများ ဆက်သွယ်အလင်းဝင်ရောက်မှုတွေရှိနေ

မကွေးတိုင်း ပေါက်၊ ဂန့်​ဂေါနဲ့ မန္တလေးတိုင်း တောင်သာမြို့နယ်တွေမှာ ရဲတပ်သား ၃ ယောက်နဲ့ ပျူစောထီး ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်ခဲ့ကြောင်း သက်ဆိုင်ရာ အဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။
Read More

စေတုတ္ထရာတွင် စစ်ကြောင်း ၂ ခု ညှပ်ထိုးသည့် စစ်ကောင်စီကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခုခံတိုက်ခိုက်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္ထရာမြို့နယ်မှာ လက်နက်ကြီးတွေပစ်ခတ်ရင်း စစ်ကြောင်းညှပ်ထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ခုခံတိုက်ခိုက်ခဲ့တယ်လို့ စေတုတ္ထရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဖားအံခရိုင်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ၏ တညာကျိုး (ခ)တာလယ် ဗျုဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ကြောင်း KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖားအံခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားတဲ့ တညာကျိုး (ခ)တာလယ် ဗျုဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းနယ်စပ်ဂိတ်မှာ တရားမဝင် ဝင်ရောက်မှုကြောင့် တစ်ပတ်အတွင်း ဖမ်းဆီးခံရသူ အယောက်

နိုဝင်ဘာလ တတိယအပတ်အတွင်း မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာပြီး ဖမ်းဆီးခံရသူ အယောက် ၅၀ ကျော်အထိရှိနေကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။
Read More

TNLA ရဲ့ အုပ်ချုပ်ရေးသင်တန်းကျောင်း (Administrative School) အပတ်စဥ် (၂) သင်တန်းဆင်းပွဲ အခမ်းအနား…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ စိုးမိုးနယ်မြေတစ်နေရာမှာ TNLA ရဲ့ အထွေထွေအုပ်ချုပ်ရေးဌာနက ဦးစီးဖွင့်လှစ်ထားတဲ့ အုပ်ချုပ်ရေးသင်တန်းကျောင်း (Administrative School) အပတ်စဥ် (၂) သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၃၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။