ပဲခူးတိုင်း၊ ကျောက်ကြီး၊ ကျောက်တံခါး၊ ဖြူးနဲ့ညောင်လေးပင်မြို့နယ်တွေက စစ်ကောင်စီကာကင်းစခန်းတွေ တစ်ပြိုင်နက်တည်းဝင်ရောက် တိုက်ခိုက်ခံရပြီး စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေ များခဲ့သလို လက်နက်ခဲယမ်းတွေကိုလည်း တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဆင်ရေး နယ်မြေ ၂ ရဲ့ ဗျူဟာ ၂၄ ၊ ၂၅ ၊ ၂၆ တို့ လုပ်ဆောင်ခဲ့တဲ့ ဒီစစ်ဆင်ရေးဟာ ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ကာကင်းစခန်း ၇ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီးစစ်ကောင်စီရဲမှူး အပါအဝင် သေဆုံးသူ ၁၀ယောက် ၊ ထိခိုက်ဒဏ်ရာရသူ ၄ယောက်နဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

” ဗျူဟာအလိုက် စစ်ဆင်ရေးတွေကို နယ်မြေအလိုက်ခွဲခြားပြီး တပြိုင်နက်တည်း ဝင်တိုက်ခဲ့တာပါ။ ဗျူဟာ ၃ခုနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က စစ်တပ်ကာကင်းဂိတ်စခန်းတွေကိုစစ်ဆင်ရေးတစ်ခုအဖြစ် လုပ်ဆောင်ခဲ့တာပါ။ ကျနော်တို့ အထူးကွန်မန်ဒိုတပ်ရင်း၊ ရိုးမစစ်ကြောင်း ၂ အနေနဲ့လည်း ပဲနွယ်ကုန်းမြို့နယ်၊ နရွဲဲပင်ကျေးရွာက စစ်တပ်ဂိတ်စခန်းကိုဝင်တိုက်ခဲ့ပါတယ်။ ” လို့ အထူးကွန်မန်ဒိုတပ်ရင်း၊ ရိုးမစစ်ကြောင်း ၂ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဗျူဟာ ၂၄ရဲ့ စစ်ဆင်ရေးနယ်မြေဖြစ်တဲ့ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့အဝင် သံလမ်းဂုံးပေါ်က  ကာကင်းဂိတ်စခန်းနဲ့  ပဲနွယ်ကုန်းမြို့အဝင် ခမရ ၃၀၇ ထိပ် သံလမ်းဂုံးပေါ်ကာကင်းဂိတ်စခန်းတွေကိုလည်း ဝင်ရောက်တိုက်ခိုက်ရင်း မီးရှို့ရှင်းလင်းနိုင်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၂ယောက်သေကာ ၄ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး တပ်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဆင်တဲကုန်းကျေးရွာအတွင်း တပ်ဆွဲထားတဲ့ စစ်ကောင်စီစခန်းကိုလည်း PDF ၇၈၀၃ တပ်ရင်းက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့သိရပါတယ်။

တစ်ဆက်တည်းမှာပဲ ဖြူးမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးက ဆာဂွန်းဂိတ်ကိုလည်း ဖြူး ပ.က.ဖ နဲ့ ၆၀၀ပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဆင်တဲကုန်းကျေးရွာအတွင်း တပ်ဆွဲထားတဲ့ စစ်ကောင်စီစခန်းကိုလည်း PDF ၇၈၀၃ တပ်ရင်းက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့သိရပါတယ်။

တစ်ဆက်တည်းမှာပဲ ဖြူးမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးက ဆာဂွန်းဂိတ်ကိုလည်း ဖြူး ပ.က.ဖ နဲ့ ၆၀၀၂ ဧရာဝတီ တပ်ရင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲဒီတိုက်ခိုက်မှုမှာတော့ အကြမ်းဖက်တပ်ဖွဲ့ဝင် ရဲမှူးအပါအဝင်  သေဆုံးသူ ၂ယောက်ရှိခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ ယောက်ကျဆုံးခဲ့ပါတယ်။

ဗျူဟာ၂၅ ပူးပေါင်းအဖွဲ့တွေရဲ့ ပဲနွယ်ကုန်း-ကွင်းချောင်းဝ လမ်းပေါ်က နရွဲပင်ရွာ အထိုင်စစ်တပ် ကင်းစခန်းကို  စီးနင်းသိမ်းပိုက်မှုမှာတော့ စစ်သား၅ယောက်သေဆုံးပြီး G3 ၂လက်၊ MA1 ၁လက်၊ ခမောက် (၃)လုံး၊ ကျည် ၁၀၀ သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ အနီးက တောရကျောင်း ရန်သူ့ စခန်းကိုလည်း PDF တပ်ရင်း(၃၇၀၂)နဲ့ အတူ KNLA တပ်ရင်း(၉) ပူးပေါင်းအဖွဲ့ က သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒီတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီ တပ်သား၁ယောက် သေဆုံးပြီး ၆၀ မမ ၁လက်၊ ၆၀ မမ ဗုံးသီး ၁၀လုံး ၊ MA. 11 ၂ လက် ၊ ကျည်ဘောက် ၄ ခု ၊ ရှေ့ထွက်မိုင်းအသေး ၂လုံး ၊ ၁၄ နင်းမိုင်း ၂ခု ၊ လက်ပစ်ဗုံး ၆ လုံးနဲ့ MA ကျည် ၁၀၀တို့ကို တော်လှန်ရေးတပ်တွေသိမ်းဆည်းရမိခဲ့ပါတယ်။

ဗျူဟာ ၂၆ ဖြစ်တဲ့ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် တော်ဝိ နဲ့ ထိန်တပင်ရွာကြား၊ ရန်ကုန်- မန္တလေး ရထားလမ်းပေါ်က စစ်ကောင်စီ ကာကင်းဂိတ်စခန်းကိုလည်း PDF တပ်ရင်း (၉၉၁၃) တော်ဝင်ဒေါင်းတပ်ရင်းက စီးနင်းတိုက်ခိုက်ရင်းမီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှာအတွင်း စစ်ကောင်စီဘက်ကထိခိုက် သေဆုံးမှုတွေ စုံစမ်းဆဲဖြစ်ပြီး တော်လှန်ရေးတပ်တွေဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်းကနေ စစ်ဦးထုပ်(၂)လုံး၊ ကျည်ကာအင်္ကျီ (၄) ထည်ကို သိမ်းဆည်း ရရှိခဲ့ပါတယ်။

စစ်ဆင်ရေးတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ (၂) ကွပ်ကဲမှုအောက်က ဗျူဟာ၂၄ အာဠာဝက စစ်ကြောင်း(PDF တပ်ရင်း ၇၈၀၃)၊ တပ်ရင်း ၃၅၀၃၊ ဟင်္သာတခရိုင် အမှတ်၂ တပ်ရင်း (၆၀၀၂) ၊ ဖြူး ပကဖ ၊ ဗျူဟာ ၂၅ တပ်ရင်း ၃၇၀၂ ၊ PDF အထူးကွန်မန်ဒိုတပ်ရင်း (၉၉၁၄)၊ ဒရုန်းအထူးတပ်ဖွဲ့ (၁၈၀၅) ၊Spring Warrior Column (၇၀၀၁)၊ KNLA တပ်ရင်း ၉ နဲ့ ဗျူဟာ ၂၆ တော်ဝင်ဒေါင်းတပ်ရင်း (၉၉၁၃) တို့က ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။၂ ဧရာဝတီ တပ်ရင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲဒီတိုက်ခိုက်မှုမှာတော့ အကြမ်းဖက်တပ်ဖွဲ့ဝင် ရဲမှူးအပါအဝင်  သေဆုံးသူ ၂ယောက်ရှိခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ ယောက်ကျဆုံးခဲ့ပါတယ်။

ဗျူဟာ၂၅ ပူးပေါင်းအဖွဲ့တွေရဲ့ ပဲနွယ်ကုန်း-ကွင်းချောင်းဝ လမ်းပေါ်က နရွဲပင်ရွာ အထိုင်စစ်တပ် ကင်းစခန်းကို  စီးနင်းသိမ်းပိုက်မှုမှာတော့ စစ်သား၅ယောက်သေဆုံးပြီး G3 ၂လက်၊ MA1 ၁လက်၊ ခမောက် (၃)လုံး၊ ကျည် ၁၀၀ သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ အနီးက တောရကျောင်း ရန်သူ့ စခန်းကိုလည်း PDF တပ်ရင်း(၃၇၀၂)နဲ့ အတူ KNLA တပ်ရင်း(၉) ပူးပေါင်းအဖွဲ့ က သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒီတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီ တပ်သား၁ယောက် သေဆုံးပြီး ၆၀ မမ ၁လက်၊ ၆၀ မမ ဗုံးသီး ၁၀လုံး ၊ MA. 11 ၂ လက် ၊ ကျည်ဘောက် ၄ ခု ၊ ရှေ့ထွက်မိုင်းအသေး ၂လုံး ၊ ၁၄ နင်းမိုင်း ၂ခု ၊ လက်ပစ်ဗုံး ၆ လုံးနဲ့ MA ကျည် ၁၀၀တို့ကို တော်လှန်ရေးတပ်တွေသိမ်းဆည်းရမိခဲ့ပါတယ်။

ဗျူဟာ ၂၆ ဖြစ်တဲ့ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် တော်ဝိ နဲ့ ထိန်တပင်ရွာကြား၊ ရန်ကုန်- မန္တလေး ရထားလမ်းပေါ်က စစ်ကောင်စီ ကာကင်းဂိတ်စခန်းကိုလည်း PDF တပ်ရင်း (၉၉၁၃) တော်ဝင်ဒေါင်းတပ်ရင်းက စီးနင်းတိုက်ခိုက်ရင်းမီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှာအတွင်း စစ်ကောင်စီဘက်ကထိခိုက် သေဆုံးမှုတွေ စုံစမ်းဆဲဖြစ်ပြီး တော်လှန်ရေးတပ်တွေဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်းကနေ စစ်ဦးထုပ်(၂)လုံး၊ ကျည်ကာအင်္ကျီ (၄) ထည်ကို သိမ်းဆည်း ရရှိခဲ့ပါတယ်။

စစ်ဆင်ရေးတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ (၂) ကွပ်ကဲမှုအောက်က ဗျူဟာ၂၄ အာဠာဝက စစ်ကြောင်း(PDF တပ်ရင်း ၇၈၀၃)၊ တပ်ရင်း ၃၅၀၃၊ ဟင်္သာတခရိုင် အမှတ်၂ တပ်ရင်း (၆၀၀၂) ၊ ဖြူး ပကဖ ၊ ဗျူဟာ ၂၅ တပ်ရင်း ၃၇၀၂ ၊ PDF အထူးကွန်မန်ဒိုတပ်ရင်း (၉၉၁၄)၊ ဒရုန်းအထူးတပ်ဖွဲ့ (၁၈၀၅) ၊Spring Warrior Column (၇၀၀၁)၊ KNLA တပ်ရင်း ၉ နဲ့ ဗျူဟာ ၂၆ တော်ဝင်ဒေါင်းတပ်ရင်း (၉၉၁၃) တို့က ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

အထူးကွန်မန်ဒို တပ်ရင်း၊ P29914 က  ဖော်ပြထားသည့် စစ်ဆင်ရေးအတွင်း သိမ်းဆည်းရမိသည့် လက်နက်ပုံရိပ်တချို့ (ဓာတ်ပုံ အထူးကွန်မန်ဒို တပ်ရင်း၊ P29914)

0 Shares:
You May Also Like
Read More

PDF များအကြောင်း လိုက်လံစုံစမ်းပြီး စစ်မှုထမ်းကြေး ပိုက်ဆံကောက်သည့် ပျူစောထီး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ PDF တပ်ဖွဲ့တွေအကြောင်း၊ ထောက်ပို့တွေအကြောင်း လိုက်လံစုံစမ်းနေတြ့ ပျူစောထီးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၅) ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပေါက်မြို့နယ်မှာ ကိုင်းလယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ် တပ်စွဲထားတဲ့ နေရာ ၃ နေရာကို ဒရုန်းနဲ့ ဗုံးသီး ၃၀၀ ကျော် ကြဲချတိုက်ခိုက်…

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းက ကိုင်းလယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာ ၃ခုကို ဒရုန်းဗုံးသီးပေါင်း ၃၀၀ ကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

တာဆွဲကြမ်းလာတဲ့ ရန်ကုန်မှာ နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို တစ်ရက်တာ ပယ်ဖျက်ပေး

စစ်တပ်က ပေါ်တာဆွဲကြမ်းနေတဲ့ ရန်ကုန်မှာ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို ပယ်ဖျက်ပေးလိုက်တယ်လို့ သိရပါတယ်။
Read More

မွန်တပ်ဖွဲ့ (၄) ဖွဲ့ “ရာမညပူးတွဲစစ်ကြောင်း” အဖြစ် စတင်ဖွဲ့စည်း

မွန်ပြည်နယ်က တော်လှန်ရေးတပ်တွေဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA-AD) ၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ပူးပေါင်းကာ “ရာမညပူးတွဲစစ်ကြောင်း” ကို ဖွဲ့စည်းလိုက်ကြောင်းကို ဒီနေ့ ဇန်နဝါရီလ ၁၉ ရက်မှာ ပူးတွဲသတင်းထုတ်ပြန်လာပါတယ်။
Read More

တော်လှန်ရေး အရင်းအနှီးကြီးတာကြောင့် တိုင်းပြည်အတွက် အမြတ်ကြီးကြီးရရန် လိုအပ်ကြောင်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြား

စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းနေတဲ့ လက်ရှိတော်လှန်ရေးဟာ အင်မတန် အရင်းအနှီးကြီးတာကြောင့် တိုင်းပြည်ရဲ့ အနာဂတ်အတွက် အမြတ်ကြီးကြီးရဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ပါတယ်။
Read More

မင်းအောင်လှိုင် ဦးဆောင်သည့် ဟန်ပြရွေးကောက်ပွဲနှင့် စစ်ကော်မရှင်ကို အမြစ်ဖြတ် နှိမ်နင်းရမည်ဟု KNPP ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က နိုင်ငံရေးလှည့်စားမှုအဖြစ် ကျင်းပဖို့ စီစဥ်နေတဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို ကန့်ကွက်တားဆီးကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်နေတဲ့ စစ်ကော်မရှင်ကို အမြစ်ဖြတ် ဖြိုခွဲနှိမ်နင်းသွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။