ပဲခူးတိုင်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ ၃ ရုံရှိရာ ပန်းတောင်းမြို့နယ်က ပုဂံကွဲရွာ စစ်ကောင်စီတပ်စခန်းကို ရက္ခိုင့်တပ်တော် AA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

ပန်းတောင်း – တောင်ကုတ်လမ်းပိုင်းရှိ စစ်ကောင်စီရဲ့ ပုဂံကွဲတပ်စခန်းဟာ AA သိမ်းပိုက်ထားတဲ့ မိုးထိတောင်စခန်းနဲ့ စစ်ကောင်စီတပ် ခံစစ်အခိုင်အမာပြင်ဆင်ထားတဲ့ ညောင်ကျိုးကျေးရွာ စစ်တပ်စခန်းကြားမှာ တည်ရှိတယ်လို့ သိရပါတယ်။


အကြမ်းဖက်စစ်ကောင်စီဟာ ပုဂံကွဲစခန်း မကျဆုံးရေး အင်အားရာနဲ့ချီ ခံစစ်အခိုင်အမာနဲ့ ခုခံခဲ့ပြီး လေကြောင်းပစ်ကူတွေပါ ဆက်တိုက်ပြုလုပ်ခဲ့ပေမယ့် AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ကို မယှဥ်နိုင်ခဲ့တာဖြစ်ပါတယ်။

AA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ပန်းတောင်းမြို့နယ်အတွင်းရှိ ညောင်ကျိုးစခန်းနဲ့ ပုဂံကွဲစခန်းကို ဖေဖော်ဝါရီလဆန်းကစလို့ တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိမှာ ပုဂံကွဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

AA နဲ့ ပူးပေါင်းတပ်တွေဟာ တောင်ကုတ်မြို့နယ်နဲ့ ထိစပ်နေတဲ့ ရခိုင်ရိုးမတောင်တန်းပေါ်က စစ်ကောင်စီရဲ့ မိုးထိတောင်စခန်းကို ဇန်နဝါရီလ ၂၆ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

တန့်ဆည်နယ်ဘက် ကထိန်ခင်းရန်သွားသည့် ဇနီးမောင်နှံကို ပျူစောထီးများ ဖမ်းဆီး၊ အမျိုးသမီးကို အဓမ္မပြုကျင့် သတ်ပစ်လိုက်သည်ဟုဆို

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာကနေ တန့်ဆည်နယ်ဘက် ကထိန်ခင်းဖို့သွားတဲ့ ဇနီးမောင်နှံ ၂ယောက်ကို ပျူစောထီးတွေက ဖမ်းဆီးကာ အမျိုးသမီးဖြစ်သူကို အဓမ္မပြုကျင့်ကာ သတ်ခဲ့တယ်လို့ KBL-PDF က ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၁၆ရက် မနေ့မနက် ၉နာရီလောက်မှာ တန့်ဆည်နယ်ဘက် ကထိန်ခင်းဖို့သွားတဲ့ ကိုကျော်မျိုးနဲ့ မအေးမာဦးတို့ ဇနီးမောင်နှံဟာ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းပေါ်ရှိ စံပယ်နံ့သာ ပျူစောထီးအထိုင်စခန်းမှာ ဖမ်းဆီးခံခဲ့ရပါတယ်။
Read More

၄ နှစ်တာအတွင်း တော်လှန်ရေးအတွက် အရေးကြီးတဲ့ ရလဒ် ၃ ခုကို ဖော်ဆောင်နိုင်ခဲ့ပြီဟု NUG ကာကွယ်ရေး၀န်ကြီးက အသိပေး

တော်လှန်ရေး ၄ နှစ်တာအတွင်း အရေးကြီးတဲ့ ရလဒ် ၃ ခုကို ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ 
Read More

ရေကြည်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၄ ဦး သေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ အကြမ်းဖက် စစ်ကော်မရှင်ရဲ့ လူမဆန်စွာ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၄ ယောက် သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရတယ်လို့ အာရက္ခမင်းသမီးမီဒီယာနဲ့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
Read More

ဖယ်ခုံမြို့နယ်၊ လအိကျေးရွာတောင်ထိပ်မှာ တည်ထားတဲ့ တောင်ပေါ်ဘုရားက ဗုဒ္ဓ​ရုပ်ပွားတော်တွေ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံထားရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က လအိကျေးရွာ တောင်ပေါ်မှာတည်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံထားရတဲ့အတွက် ပြည်သူတွေကြား ထိတ်လန့်မှု ဝေဖန်မှုတွေဖြစ်နေကြတယ်လို့ ဒေသခံတွေဆီက တဆင့် သိရပါတယ်။
Read More

ပုလောနယ်က ပျူစောထီးစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်စီးနင်းတိုက်ခိုက်၊ ပျူ ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာရှိ ပျုစောထီးစခန်းတစ်ခုကို KNDO ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးဌာနဆီက သိရပါတယ်။
Read More

မြိုင်၊ ပေါက်နဲ့ ပခုက္ကူတို့မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့မှုတွေအကြောင်း မြိုင်ပကဖ ထုတ်ပြန်

မကွေးတိုင်း၊ ပခုက္ကူဒေသတွင်းက မြိုင်နဲ့ ပေါက်တို့မှာ ထိတွေ့မှု ကြီး၊ ငယ်ဖြစ်ပွားခဲ့တာတွေကို မြိုင်ပကဖက ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။