ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က မတရားဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းခဲ့တဲ့ စစ်သား(၃) ယောက် လက်နက်တွေနဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း (၉) ဆီ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ(၁၇) ရက်က ကျောက်ကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ-၅၈၄ တပ်ရင်းကနေ အသက် (၂၁) နှစ်၊ (၂၄)နှစ်နဲ့ (၂၀)နှစ်အရွယ် စစ်သား ၃ ယောက်က လက်နက်တွေနဲ့အတူ အလင်းဝင်လာတယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်စလုံးဟာ စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးခံရကာ ပြည်သူ့စစ်မှုထမ်းအဖြစ် အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းခံခဲ့ရသူတွေ ဖြစ်ပြီး MA-3 ၂လက်၊ MA-1 ၁လက်၊ ကျည်ဘောက် (၁၁)ခု၊ ကျည် (၇၇၆) တောင့်၊ လက်ပစ်ဗုံး (၁) လုံးတို့ကို ယူဆောင်လာခဲ့တယ်လို့ KNU က ဆိုပါတယ်။

လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား (၃) ယောက်ကို ကျောက်ကြီးမြို့နယ် KNU တာဝန်ရှိသူတွေနဲ့ KNLA တပ်ရင်း(၉) တာဝန်ရှိသူတွေက တစ်ယောက်ကို ငွေကျပ်(၁၀)သိန်းစီ ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးကာ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ စစ်သားတွေအနေနဲ့ နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေးတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ ရရာနည်းနဲ့ လက်နက်ချ အလင်းဝင်ဖို့ KNU က တိုက်တွန်း အသိပေးထားပါတယ်။

လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို လက်ခံကြိုဆိုခဲ့တဲ့ ပုံရိပ်များ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ကျားဖြန့်မှ ဖမ်းမိထားသည့် နိုင်ငံခြားသားများအတွက် ကျွေးမွေးစရိတ် ကျပ်သိန်းပေါင်း ၁၃၀၀၀ ကျော်ရှိဟု ဇော်မင်းထွန်း ငြီးတွားပြ

အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေကနေ ဖမ်းဆီးရမိထားတဲ့ နိုင်ငံခြားသားတွေကို ထိန်း သိမ်းစောင့်ရှောက်ထားရတာဟာ ကုန်ကျစရိတ်များပြားပြီး တစ်နှစ်အတွင်း ငွေကျပ်သိန်းပေါင်း ၁၃၀၀၀ ကျော် သုံးစွဲကုန်ကျခဲ့ရတယ်လို့ အကြမ်းဖက်စစ်တပ်ပြောခွင့်ရ ဇော်မင်းထွန်းက ပြောပါတယ်။
Read More

အဓမ္မ စစ်သားစုဆောင်းခံရပြီး ရှေ့တန်းရောက်လာတဲ့ စစ်သား (၇) ယောက် KNDF ထံ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ အတင်းအဓမ္မစစ်သားစုဆောင်းခံခဲ့ရပြီး ကရင်နီဒေသ ရှေ့တန်းကို ပို့ဆောင်ခံခဲ့ရတဲ့ စစ်သား (၇) ယောက်ဟာ KNDF တပ်ရင်း အသီးသီးထံ အလင်းဝင်ရောက်လာတယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။ 
Read More

မြွေနှစ်ရဲ့ ကိုယ်စားပြုမှုဟာ နွေဦးတော်လှန်ရေးရဲ့ လက္ခဏာတွေကို ထင်ဟပ်နေတယ်လို့ NUG ယာယီသမ္မတ တရုတ်နှစ်ကူးဆုတောင်းမှာ ထည့်သွင်းပြောကြား

ဇန်နဝါရီ ၂၉ ရက် ဒီနေ့မှာ ကျရောက်တဲ့ မြွေနှစ်ကိုကူးပြောင်းတဲ့ တရုတ်နှစ်သစ်ကူးနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက တရုတ်နှစ်သစ်ကူးအခါသမယ ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
Read More

နောင်ချိုမြို့အတွင်း စစ်ကောင်စီက သီတင်းကျွတ်လပြည့်ညမှာ ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ (၄) ယောက် ဒဏ်ရာရ… အများပြည်သူ ကုသိုလ်ယူချိန် အရပ်သား ပစ်မှတ်ထားတိုက်ခိုက်မှုဟာ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်လို့ TNLA ပြော…

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီက သီတင်းကျွတ်လပြည့်ညမှာ အရပ်သားပစ်မှတ်ထားပြီး ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် (၄) ယောက် ဒဏ်ရာရခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

ကော့ကရိတ်မြို့နယ်တွင်းက စစ်ကောင်စီ၏ တပ်စခန်းငယ်တစ်ခုကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ တပ်စခန်းငယ်တစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင်ပြည်နယ်တွင်းက ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေပြီး ၆ ယောက်ထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲတပ်စခန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေပြီး ၆ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ Tavoy People Liberation Force - TPLF အဖွဲ့ဆီက သိရပါတယ်။