စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကောင်စီတပ်စခန်း ၅ ခုကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။

ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းပိုင်းပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကမ်းပါးနီတပ်စခန်းကို ဖေဖော်ဝါရီ ၁၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တဆက်တည်းမှာ ရှိနေတဲ့ အောင်သာယာရွာသစ်၊ အောင်သာယာရွာဟောင်း၊ မှန်တောကျေးရွာနဲ့ ကြံသာကျေးရွာတွေက စစ်ကောင်စီတပ်စခန်း ၄ ခုကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့သလို စစ်သုံ့ပန်း အယောက် ၃၀ ခန့်ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ကလေးတောင်ပိုင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၁ ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၆ ရက်မှာတော့ စခန်း ၅ ခုကို သိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်စခန်းတွေ သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီက လေကြောင်းကနေ အလွန်အကျွံ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အနီးအနားကျေးရွာ ၁၀ ရွာကျော်က ဒေသခံပြည်သူ သောင်းနဲ့ချီ ထွက်ပြေးတိမ်ရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်ဆီက သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ ပေးပို့)

0 Shares:
You May Also Like
Read More

DMO Local PDF နဲ့ ကလလတ တို့ ရပ်မိရပ်ဖတွေနှင့်အတူ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမောဆို (DMO Local PDF) တပ်ဖွဲ့နဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး - KNPLF (ကလလတ) တပ်ဖွဲ့တို့က ရပ်မိရပ်ဖတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ DMO Local PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်း ၇ မိုင် ကျေးရွာတွင် တိုက်ပွဲဖြစ်နေ၊ စစ်ကောင်စီက အဆက်မပြတ် လေကြောင်းတိုက်ခိုက်ကာ နှစ်ဖက်ကျဆုံးမှုများရှိနေ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၇ မိုင် ကျေးရွာတစ်ဝိုက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းရော မြေပြင်ကပါ ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီး (၁၀)လုံး ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒိုက်ဦးထောင်မှာ နိုင်ကျဉ်းတစ်ယောက်ကို အပြစ်ကျူးလွန်ခြင်းမရှိဘဲ တိုက်ပိတ်ထား

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုထက်လင်းဦး (ခ) အိုဝမ်းကို ထောင်အာဏာပိုင်တွေက အပြစ်ကျူးလွန်ထားခြင်းမရှိဘဲ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။ 
Read More

အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ် နောင်ချိုမြို့နယ်၊ နောင်တောကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ပြည်သူလူထု နေထိုင်ရာ နောင်တောကျေးရွာအတွင်း စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)/ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၃၉) ဦး သေဆုံး

မြန်မာနိုင်ငံတဝန်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၂၅ ရက် ဒီနေ့အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃၉) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။