မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက ညသန်းခေါင်အချိန်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အရပ်သား (၅) ယောက် ဒဏ်ရာရပြီး နေအိမ် (၉) လုံးပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ (၁၅) ရက် ညသန်းခေါင်ယံဝန်းကျင်အချိန် စစ်ကောင်စီက ဒူဘီးလင်းမြို့နယ်၊ ကွေးလေးကျေးနယ်အုပ်စု၊ ကော်ဟဲကျေးရွာနဲ့ ကျေးရွာအနီးဝန်းကျင်ကို လေယာဥ်နဲ့ ဗုံးသီး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် ကောင်ဟဲကျေးရွာ ဒေသခံပြည်သူ (၅) ယောက် ဗုံးသီးကျည်စထိမှန်ပြီး ၂ ယောက်က ဆေးရုံမှာ ဆေးကုသမှုခံနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကော်ဟဲကျေးရွာ နေအိမ် (၉)လုံး ထိခိုက်ပျက်စီးပြီး ပြည်သူပိုင် ပစ္စည်းတချို့ ဗုံးသီးကျည်စ ထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ သထုံခရိုင်အတွင်း တိုက်ပွဲမဖြစ်ပွားဘဲ အရပ်သားတွေ ရှိရာနေရာတွေကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ မကြာခဏဆိုသလို ပြုလုပ်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်မြို့နယ် ပကဖရဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနားပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်းအခြေစိုက် ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ရဲ့ လက်နက်တင်ဆင်ခြင်း စက်တင်ဘာ ၂၀ ရက်က တပ်ရင်း စခန်းနယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ ပေါက်မြို့နယ် ပကဖက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်စက်မှု (၂) နားရှိ တောတိုက်တွေထဲကနေ ခိုးယူဖို့ထွက်လာတဲ့ စစ်ကော်မရှင်တပ်သား ၂ ဦး ပစ်ခတ်ခံရလို့ ၁ ဦး သေဆုံး ၊ ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင် စက်မှု (၂) နားက တောတိုက်တွေထဲကနေ ဒေသခံတွေရဲ့ ပစ္စည်းတွေကို ခိုးယူဖို့ထွက်လာတဲ့ စစ်သား ၂ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အညာမြေပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မယ်တော်ဆေးခန်းတည်ထောင်ခြင်း ၃၅ နှစ်ပြည့်အခမ်းအနား ကျင်းပ

ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ကျောင်းသားဆေးခန်း (ခေါ်) မယ်ထော် ဆေးခန်းတည်ထောင်ခြင်း ၃၅ နှစ်ပြည့် အထိမ်းအမှတ်နဲ့ ဆေးခန်းစတင်တည်ထောင်ခဲ့သူ ဆရာမကြီး ဒေါက်တာစင်သီယာမောင်ရဲ့ ၆၅ နှစ်မြောက်မွေးနေ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချောင်းဦးရဲစခန်းကို လက်နက်ကြီး၊ ဒရုန်းများဖြင့်တိုက်ခိုက်၊ စစ်အုပ်စုက ၅ ဦးသေပြီး ၁ ဦး ဒဏ်ရာရ…

" အခက်အခဲကတော့မရှိခဲ့ပါဘူး။ ၆၀မမ ၂လုံးပစ်သွင်းတာမှာ ၁လုံးပဲကွဲပါတယ်။ ပစ်ခတ်မှုတော့မဖြစ်ပါဘူး။ သူတို့ဘက်တုံ့ပြန့်တာမျိုးတော့မရှိပါဘူး။ သေတဲ့၁ကောင်ကို နမခကို ပြန်ခေါ်သွားတယ်ဆိုတော့ အကောင်ကြီးထဲကဖြစ်နိုင်ချေရှိပါတယ်။ သူ့ရဲ့နာမည်နဲ့ရာထူးကိုမသိရလို့သာမထုတ်ပြန်တာပါ။ ကျန်တဲ့ ၄ကောင်က ချောင်းဦးမှာပဲသဂြိုလ်ပါတယ်။" လို့ Cahung U People's Defence Force တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ထီးလင်းမှာ စစ်ကောင်စီက ကျားခဲရွာသား ၄ ယောက်ကို ရက်ရက်စက်စက်မီးရှို့သတ်ဖြတ်ပြီး ၁ ယောက်ကို ပစ်ခတ်သတ်ဖြတ်…

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ​က ကျားခဲရွာကို ဝင်ရောက်စီးနင်းပြီး ရွာသား ၄ ယောက်ကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ကာ ဓားစာခံ ၃ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ယောအလင်းတန်းအဖွဲ့ဆီက သိရပါတယ်။
Read More

စစ်မှုထမ်းခွင့်ရခြင်းဟာ မွန်မြတ်ပြီး ဂုဏ်ယူရတဲ့အလုပ်ဖြစ်တယ်လို့ ပေါ်တာဆွဲစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံရှိ လူဦးရေထဲက အနည်းငယ်သာ စစ်မှုထမ်းခွင့်ရှိတာကြောင့် စစ်မှုထမ်းခွင့်ရသူတွေအနေနဲ့ ဝမ်းသာဂုဏ်ယူဖို့ လိုအပ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။