ထိုင်း-မြန်မာနယ်စပ် ငွေလိမ်ဂိုဏ်းတွေမှာ အတင်းအကျပ် လုပ်အားပေးစေခိုင်းခံရတဲ့ အသက် ၁၆ နှစ်အရွယ် ဂျပန်အမျိုးသားတစ်ယောက် ပြန်လည်လွတ်မြောက်လာပါတယ်။

အဆိုပါ လွတ်မြောက်လာသူကို လက်ရှိ မဲဆောက်မြို့မှာ ထိုင်းအာဏာပိုင်တွေက ထိန်းသိမ်းထားရှိပြီး အခြေအနေအသေးစိတ် စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

ထိုင်းစစ်တပ်သတင်းအရင်းအမြစ်တွေရဲ့ စနေနေ့က ပြောဆိုချက်အရ အဆိုပါ ရာဇဝတ်ဂိုဏ်းတွေအတွင်း သူ့အပြင် နောက်ထပ် ဂျပန်လူမျိုး ၁၀ ယောက်ခန့် ရှိကြောင်း သိရတယ်လို့ The Japan Times က ဖော်ပြပါတယ်။

ထိုင်းစစ်တပ်နဲ့ အခြား သတင်းအရင်းအမြစ်တွေအရ အဆိုပါလူငယ်ဟာ ဆိုရှယ်မီဒီယာကတဆင့် အလုပ်လျှောက်ထားခဲ့ပြီး ဂျပန်ကနေ ထိုင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ထွက်ခွာလာခဲ့ကြောင်း သိရပါတယ်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်နေ့က မြန်မာနယ်စပ်ကို ထိုင်းနိုင်ငံဘက်ခြမ်းကနေ မြင်ရတဲ့ မြင်ကွင်းတစ်ခု (ဓာတ်ပုံ Reuters)

သူဟာ ထိုင်းမြန်မာနယ်စပ်က တရုတ်ရာဇဝတ်ဂိုဏ်းတစ်ခုရဲ့ အခြေစိုက်စခန်းဆီ ခေါ်ဆောင်သွားခံခဲ့ရပြီး ဂျပန်လူမျိုးတွေကို ပစ်မှတ်ထားလိမ်လည်ဖို့ ဖိအားပေးခံခဲ့ရတာပါ။

အဆိုပါ လူငယ်ကောင်လေးဟာ အခုလအစောပိုင်းမှာ သူ့မိသားစုထံဆက်သွယ်ခဲ့တာကြောင့် ဂျပန်ရဲတွေထံ အကူအညီတောင်းခံခဲ့တာပါ။ ဂျပန်ရဲ့ တောင်းဆိုချက်အရ သူ့ကို ထိုင်းအာဏာပိုင်တွေက ရှာဖွေခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ မြန်မာကနေ ထိုင်းဘက်ခြမ်း လွှဲပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လကလည်း အွန်လိုင်းဂိမ်းကတဆင့် သိကျွမ်းတဲ့ ၂၉ နှစ်အရွယ် အမျိုးသားတစ်ယောက်ရဲ့ လိမ်လည်ခြင်းခံခဲ့ရပြီး မြန်မာပြည်က ငွေလိမ်လုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ စေခိုင်းခံခဲ့ရတဲ့ အသက် ၁၇ နှစ်အရွယ် ဂျပန်အထက်တန်းကျောင်းသားတစ်ယောက်ကိုလည်း ထိုင်းအာဏာပိုင်တွေက ထိန်းသိမ်းထားခဲ့ပါတယ်။

အဆိုပါ ဂျပန်လူငယ်နှစ်ယောက်ဟာ မတူညီတဲ့ ငွေလိမ်လုပ်ငန်းတွေမှာ လုပ်ကိုင်ခဲ့ကြရတာဖြစ်ပြီး ကျောင်းသားဆိုသူကလည်း အဆိုပါငွေလိမ်လုပ်ငန်းတွေအတွင်း ဂျပန်လူမျိုး ၁၀ ယောက်နီးပါး လုပ်ကိုင်နေကြောင်း ပြောဆိုခဲ့ပါတယ်။

မူရင်းသတင်း – Teen says several more Japanese nationals involved in frauds in Myanmar

0 Shares:
You May Also Like
Read More

အစားအသောက် မကောင်းလို့ဆိုပြီး စကားများရန်ဖြစ်ရာက မြန်မာအမျိုးသမီးတဦး မလေးရှားတွင် ဓားထိုးသတ်ခံရ၊ သံသယတရားခံအဖြစ် မြန်မာ ၃ ဦး အဖမ်းခံရ

မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်၊ Lorong Bukit Juru က ထိုင်းစားသောက်ဆိုင်တခုမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်ညက အစားအသောက်မကောင်းလို့ဆိုပြီး အချင်းချင်း စကားများရန်ဖြစ်ရာက မြန်မာအမျိုးသမီး စားဖိုမှူးတယောက် ဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း မလေးရှားသတင်း Bernama မှာ ဖော်ပြထားပါတယ်။
Read More

နယူးယောက်မြို့တွင် ကျင်းပသည့် “မြန်မာအမျိုးသမီးများနှင့် လူနည်းစုများ၏ တော်လှန်ရေးအတွင်း သင့်မြတ်ညီညွတ်ခြင်းနှင့် ခံနိုင်ရည်စွမ်းကို ထင်ဟပ်သောအသံများ” ခေါင်းစဥ်ဖြင့် အခမ်းအနားကို NUG ဝန်ကြီးများနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခဲ့

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ “မြန်မာအမျိုးသမီးများနှင့် လူနည်းစုများ၏ တော်လှန်ရေးအတွင်း သင့်မြတ်ညီညွတ်ခြင်းနှင့် ခံနိုင်ရည်စွမ်းကို ထင်ဟပ်သောအသံများ” ခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးတွေနဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို လုံးဝပယ်ချရန် ကုလအစည်းအဝေးတွင် ဦးကျော်မိုးထွန်း တိုက်တွန်း

အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လုံးဝပယ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ မြန်မာပြည်သူတွေရဲ့ အားထုတ်မှုကို ထောက်ခံပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
Read More

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ ဝေဖန်ရေးပို့စ်များတွင် “Like” (သို့) “Heart” reaction ပေးခြင်းကိုပင် သိမ်ငယ်စိတ်ဖြင့် စိတ်ပေါ့သွပ်သူကဲ့သို့ ထိန်းချုပ်ဖမ်းဆီးနေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံရေးထွက်ပေါက်အဖြစ် ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို ဆတ်ဆတ်ထိမခံ ဖြစ်နေကာ အမှန်တရားကို လက်မခံနိုင်ဘဲ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေကို စိတ်ပေါ့သွပ်သူတစ်ယောက်ကဲ့သို့ လိုက်လံပိတ်ပင် ထိန်းချုပ်နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်ပါတယ်။
Read More

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ပြုလုပ်နေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်နေတဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ IPU ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖမ်းဆီးခံ သတင်းသမားများအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရေး UK In Myanmar တောင်းဆို… ကမ္ဘာ့သတင်းလွတ်လပ်ခွင့် မရှိဆုံးစာရင်းမှာ မြန်မာ ပါဝင်ဆဲဖြစ်..

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားအားလုံးကို အမြန်ဆုံးပြန် လွှတ်ပေးဖို့ မေလ ၃ ရက် ဒီနေ့မှာ ကျရောက်တဲ့ နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်တောင်းဆိုလိုကိပါတယ်။