ဂန့်ဂေါ – ကလေး လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို အထူးသတိရှိဖို့ ဂန့်ဂေါမြို့နယ် ပကဖ က ထုတ်ပြန်အသိပေးလိုက်ပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တို့ရှိ ဂန့်ဂေါ-ကလေးလမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပါတယ်။

ပြည်သူတွေ ကြိုတင်ကာကွယ်နိုင်ဖို့နဲ့ ထိခိုက် အသက်ဆုံးရှုံးမှုတွေ မရှိရလေအောင် လေကြောင်း သတိပေး ကြေညာချက်တွေကို လိုက်နာကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ကြေညာချက်
0 Shares:
You May Also Like
Read More

စစ်တပ်လက်အောက်ခံ UEC ထုတ်ပယ်လိုက်သည့် NDF ပါတီ အခွင့်အရေးရှိရင် ရွေးကောက်ပွဲ ပြိုင်ခွင့်ရချင်သေးကြောင်း စာထုတ်

အကြမ်းဖက်စစ်တပ်က ဦးဆောင်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ ပါတီဝင်အင်အားနဲ့ ရုံးခန်းအရေအတွက်တွေ ပြသနိုင်ခဲ့ပေမယ့် ပါတီဖျက်သိမ်းခံလိုက်ရတဲ့အပေါ် အခွင့်အရေးရှိရင် ဆက်ပြီးပါဝင်ခွင့်ရချင်သေးကြောင်း (NDF) ခမောက်ပါတီက စက်တင်ဘာလ ၁၀ရက် ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။
Read More

ပဲခူးခရိုင် PDF တပ်ရင်း ၂ ၏ စစ်တောင်းမြစ်ဝှမ်းဒေသ မြေပြင်စစ်ရေးလှုပ်ရှားမှု မှတ်တမ်းပုံရိပ်များ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ ဗျူဟာအမှတ် ၂၅ ၊ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း (P2-3702)၊ တပ်ခွဲ ၁ ရဲဘော်တွေရဲ့ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် မြေပြင်စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီအုပ်ချုပ်မှု ၄ နှစ်ခွဲကာလသည် ပထမစာမျက်နှာဖြစ်ပြီး ဒုတိယစာမျက်နှာကို ဆက်သွားဦးမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

အကြမ်းဖက်စစ်တပ် အာဏာသိမ်းခဲ့ပြီးနောက် ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီရဲ့ ၄ နှစ်ခွဲ သက်တမ်းကာလဟာ ပထမစာမျက်နှာဖြစ်ပြီး ဒုတိယစာမျက်နှာကို ဆက်သွားမယ်လို့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပြုလုပ်တဲ့ စစ်ကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

တောင်သာမြို့မှာ စစ်ကောင်စီတပ်စွဲရာ အထက်တန်းကျောင်းကို ဝင်ရောက်စီးနင်းနိုင်ခဲ့ကာ စစ်သား ၁၀ ယောက် သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့ အထက (၁) ကျောင်းကို ဝင်ရောက်စီးနင်းရာ စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။ 
Read More

ဖြူးမှာ ကင်းပုန်းဝပ်နေသည့် PDF များနှင့် အကြမ်းဖက်စစ်ကြောင်း ထိတွေ့တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၅ယောက် သေ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးခဲ့ကြောင်း တောင်ငူခရိုင်၊တပ်ရင်းအမှတ် (၃၅၀၂) စစ်တောင်းစစ်ကြောင်း သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ပွင့်ဖြူနဲ့ စလင်းမှာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ အားပေးအားမြှောက်လုပ်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားဖို့ရှိနေ

ပွင့်ဖြူမြို့နယ်အပြင် မင်းဘူးခရိုင်ထဲက စလင်းမြို့နယ်မှာလည်း အရပ်သားတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့အတုအယောက်ရွေးကောက်ပွဲအတွက် အားပေးအားမြှောက်မပြုလုပ်ကြဖို့နဲ့ သန်းခေါင်စာရင်းကောက်ခံမယ့် ထောက်တိုင်တွေကိုလည်း ထိထိရောက်ရောက်အရေးယူသွားမယ်လို့ မင်းဘူးခရိုင်အမှတ် ၁၊ ၅ တပ်ရင်းတွေနဲ့ ပကဖ၊ ပအဖအဖွဲ့တွေက သတိပေးထုတ်ပြန်ထားပါတယ်။