တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ  စစ်ကောင်စီနဲ့  တအာင်းတပ်မတော်(TNLA)တို့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေချိန်မှာပဲ စစ်ကောင်စီက တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

မနေ့က ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ  စစ်ကောင်စီက နောင်ချိုမြို့နယ်ကို လက်နက်ကြီးနဲ့ Y-12 လေယာဥ် အသုံးပြုပြီး ဗုံး ၁၇၅လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နောင်ချိုမြို့နယ်အတွင်းက နာဆွေကျေးရွာ၊ အုမ္မသီးကျေးရွာ၊ ညောင်နီကျေးရွာနဲ့ တောင်ရွှေကျေးရွာတို့ကို ဖေဖော်ဝါရီ ၁၅ရက်မှာ တောင်ခမ်းစခန်းမှ ခမရ (၄၀၆)၊ တပ်ရင်း (၃၅၄)နဲ့ တပ်ရင်း (၉၀၂)တို့မှ လက်နက်ကြီး အလုံးရေ (၁၃၇)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့မှုတွေလည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA ရဲ့ ကိုယ်စားလှယ်တွေဟာ တရုတ်နိုင်ငံရဲ့ စီစဉ်မှုအရ အကြမ်းဖက်စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့အတွက် မနေ့က ဖေဖော်ဝါရီ ၁၅ ရက်မှာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ကို ရောက်ရှိနေပြီဖြစ်တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။

PSLF/TNLA ကိုယ်စားလှယ်အဖွဲ့ကို ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက ဦးဆောင်ပြီး မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ယောက် တက်ရောက်မယ်လို့ ဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီဘက်ကတော့ MNDAA ကိုးကန့်အဖွဲ့ကို တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကစထ(၁) မှူးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးက ဦးဆောင်သွားမယ်လို့ သိရကြောင်း TNLA က ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ဧရာဝတီတိုင်းက စစ်မှုထမ်းဥပဒေနဲ့ အတင်းအဓမ္မစုဆောင်းခံရသူတွေကို အကြမ်းဖက်စစ်သင်တန်းကျောင်းတွေဆီ ပို့ဆောင်…

ဧရာဝတီတိုင်းက မြို့နယ်တွေမှာ စစ်မှုထမ်းဥပဒေအကြောင်းပြပြီး အတင်းအဓမ္မ စုဆောင်းခံထားရသူတွေနဲ့ စားဝတ်နေရေးအဆင်မပြေလို့ စစ်မှုထမ်းဖို့ အခကြေးငွေယူကာ စစ်တပ်ထဲ ဝင်ခဲ့ရသူတွေကို စစ်သင်တန်းကျောင်းတွေဆီ ခေါ်ဆောင်သွားတယ်လို့ အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

မိုင်းလုံမြို့တွင် အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီလရှင် (၁)ပါးနှင့် အမျိုးသမီး (၁)ဦးသေဆုံး၊ သံဃာတော် (၂)ပါး၊ သာမဏေ (၃)ပါးနှင့် အမျိုးသား (၁)ဦး ထိမှန်ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးတွေ လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် သီလရှင် (၁)ပါးနဲ့ အမျိုးသမီး (၁) ယောက် သေဆုံးခဲ့ပြီး သံဃာတော် (၂)ပါး၊ သာမဏေ (၃)ပါးနဲ့ အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းစမှ ယနေ့အထိ စစ်အုပ်စုကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူနှင့် ပြည်သူစုစုပေါင်း ၇ ထောင်ကျော် သေဆုံးခဲ့ 

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စု အာဏာသိမ်းမှု အစကနေ ဒီနေ့အချိန်ထိ အကြမ်းဖက်စစ်အုပ်စုနဲ့ သူ့လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူတွေ စုစုပေါင်း (၇၁၁၇) ယောက် ရှိခဲ့ပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လွိုင်ကော်-ဆီဆိုင် လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ဖြတ်သန်းသွားလာခြင်း မပြုဖို့ KNDF သတိပေးထုတ်ပြန်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ကို ချိတ်ဆက်ထာတဲ့ လမ်းမကြီးမှာ ခရီးသွားပြည်သူတွေ ယာဥ်ကြီး၊ ယာဥ်ငယ်နဲ့ ဖြတ်သန်းသွားလာမှုကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ဗျူဟာအမှတ် ၂ က ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲအတု မဲစာရင်းကြည့်သူမရှိသဖြင့် အိမ်တိုင်ရာရောက် တိုက်စစ်N

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာပြုလုပ်မယ့် အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို စိတ်ဝင်စားသူမရှိလို့ မဲစာရင်းစစ်ဆေးမယ့်သူ မရှိတဲ့အတွက် အိမ်တိုင်ရာရောက် မဲစာရင်းစစ်ဆေးနေကြောင်း ရန်ကုန်မြို့ခံ ပြည်သူတချို့က ပြောပါတယ်။
Read More

စစ်အုပ်စု စစ်ဆေးရေးဂိတ်ကို Sniper အဖွဲ့ သွားရောက်ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၁ ဦး သေပြီး ၁ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့အဝင် တယ်သီးပင်ရွာရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။