အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထားတဲ့ လွတ်ရက်စေ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီက ခေါ်ထုတ်သွားပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ စစ်တွေကို ပြန်လည်ပို့ဆောင်ဖို့ လုပ်ဆောင်နေကြောင်း  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီလ (၁၆)ရက် ဒီနေ့မနက် ၆ နာရီဝန်းကျင်က စတင်ပြီး လွတ်ရက်စေ့ ရိုဟင်ဂျာ ကလေးသူငယ်တွေ အပါအဝင် အမျိုးသား၊ အမျိုးသမီး(၉၃၆) ယောက်ကို အင်းစိန်ထောင်အတွင်းကနေ Express (ခရီးသည်တင်ယာဉ်)တွေနဲ့ ခေါ်‌ထုတ်သွားခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ ရိုဟင်ဂျာတွေကို စစ်လက်နက်တွေ တပ်ဆင်ပေးပြီး ရခိုင်ပြည်က တိုက်ပွဲတွေမှာ အသုံးချသွားဖို့ စစ်ကောင်စီက စီစဉ်နေခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

(ဓာတ်ပုံ PPNM)

လွတ်ရက်စေ့နေတဲ့ ရိုဟင်ဂျာအမျိုးသား(၁၈) ယောက်ကလွဲပြီး ကျန်တဲ့ ရိုဟင်ဂျာ အမျိုးသား(၅၈၄) ယောက်၊ အမျိုးသမီး(၂၆၇) ယောက်၊ ကလေး(၆၇)ယောက် တို့ကို ရေကြောင်းကတဆင့် ရခိုင်ပြည်နယ် စစ်တွေမြို့ကို ပြန်လည်ပို့ဆောင်မယ်လို့ အတည်ပြုနိုင်ခဲ့ကြောင်း PPNM က ဆိုပါတယ်။

မနေ့က ဖေဖော်ဝါရီလ(၁၅)ရက်နေ့က အကျဉ်းထောင်ဝန်ထမ်းတွေနဲ့ အစိုးရဝန်ထမ်းတွေ ရုံးပိတ်ရက် ဖြစ်ပေမယ့် လဝက ဝန်ထမ်း အယောက် (၅၀) ကျော် က ရိုဟင်ဂျာ (၉၃၆) ယောက်အတွက် အထောက်အထားကတ်ပြားတွေ လာရောက်လုပ်ဆောင်ပေးခဲ့တယ်လို့လည်း PPNM အတည်ပြုနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေသည့် လောင်းကစားနှင့် မူးယစ်ဆေးကိစ္စများကို စောင့်ကြည့်ထိန်းကျောင်းရန် NUG ပြည်ထောင်စုဝန်ကြီးချုပ် သတိပေး

တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ လောင်းကစားနဲ့ မူးယစ်ဆေးဝါး ကိစ္စရပ်တွေကို စောင့်ကြည့်ထိန်းကျောင်းသွားဖို့ အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးပြောကြားလိုက်ပါတယ်။
Read More

ပြည်သူချစ်တဲ့ ဒေါက်ဇော် ကွယ်လွန်ရှာပြီ

NLD ပါတီရဲ့ ဒုဥက္ကဋ္ဌဖြစ်သလို NLD အစိုးရ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အောက်တိုဘာလ ၇ ရက် မနက် ၃ နာရီ၊ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီး အထူးကုသဆောင် (ICU) မှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားခဲ့ပါပြီ။
Read More

ပြည်သူ့အားဖြင့် သွားနေသည့် တော်လှန်ရေးမှာ စဥ်းစားမှုတိုင်းက ပြည်သူ့ဆန္ဒကို အခြေပြုဖို့ လိုအပ်ဟု NUG ဝန်ကြီးချုပ် ပြော

ပြည်သူ့အားနဲ့ သွားနေတဲ့ တော်လှန်ရေးမှာ ပြည်သူ့ဆန္ဒကို အခြေပြုတဲ့ စဥ်းစားမှုမျိုးတွေသာ ဖြစ်ဖို့လိုအပ်တယ်လို့ ဧပြီလ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၁၁ /၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ကြောင်း NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒေါနစစ်ကြောင်း (၃) နှင့် မွန်၊ ကရင်၊ ထားဝယ် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်းတိုက်ခိုက်မည်

ဒေါနစစ်ကြောင်း ၃ နဲ့ မွန်၊ ကရင်၊ ထားဝယ်က လက်နက်ကိုင်တပ်ဖွဲ့တွေ မဟာမိတ်အဖြစ်  ပူးပေါင်းကာ စစ်ရေးဖော်ဆောင်မှုတွေ လုပ်ဆောင်သွားမယ်လို့ Kanbauk Defense Force က သတင်းထုတ်ပြန်ပါတယ်။ 
Read More

လားရှိုးအနီး အီနိုင်းကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ဗုံးတွေ ကြဲချတိုက်ခိုက်လို့ ပြည်သူ ၃ ယောက် သေဆုံး

လားရှိုးမြို့အနီး အီနိုင်းကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၃ ယောက်သေဆုံးခဲ့ရပြီး ၂ယောက်ဒဏ်ရာရရှိခဲ့ကြောင်း MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

လူ့အခွင့်အရေးနေ့တွင် မိခင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ကျဥ်းများကို လွှတ်ပေးရန် သားဖြစ်သူ ကိုထိန်လင်း တောင်းဆို

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ မိခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ သားဖြစ်သူ ကိုထိန်းလင်းက ဒီက‌နေ့တောင်းဆိုလိုက်ပါတယ်။ လက်ရှိ မြန်မာပြည်မှာတော့ လူ့ဂုဏ်သိက္ခာ၊ အမှန်တရား၊ တရားမျှတမှုတွေကို အကြမ်းဖက်အာဏာရှင်က နေ့စဉ် ချိုးဖျက်နေတာဖြစ်တယ်လို့ ပြောဆိုပါတယ်။