လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်နဲ့ အာဂျင်တီးနားတရားရုံးရဲ့ ဖမ်း၀ရမ်းကြေညာခံထားရပြီး  ရက်ပိုင်းအကြာမှာပဲ  အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်ရဲ့ အထက်ပစ္စယံအထိ တက်ရောက်ပြီး ရွှေသင်္ကန်းကပ်လှူခဲ့တယ်လို့  စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

ထုတ်ပြန်လာတဲ့ ဓာတ်ပုံတွေထဲမှာ စစ်ခေါင်းဆောင်ဟာ စိန်ဖူးတော်နားအထိ သွားရောက်ကန်တော့နေတဲ့ ပုံတွေနဲ့အတူ အပေါ်စီးကနေ ရန်ကုန်မြို့ကို ကြည့်ရှုနေတဲ့ ဓာတ်ပုံတွေပါဝင်လာခဲ့ပါတယ်။

စိန်ဖူးတော်အနီး အပေါ်အဖြူအောက်အဖြူကို မင်းအောင်လှိုင်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တူညီစွာဝတ်ဆင်ထားကြပြီး ဆိုရှယ်မီဒီယာသုံးစွဲသူတချို့ကတော့ ICC ဂယက်ကြောင့် ရွှေတိဂုံအထိ လာရောက် ယတြာချေတာဖြစ်နိုင်ကြောင်း မှတ်ချက်ပြုထားကြပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ  စေတီတော်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှု၊ စိန်ဖူးတော်မြတ် ကြံ့ခိုင်မှုတို့ကို စစ်ဆေးခဲ့တယ်လို့  ဝါဒဖြန့် မီဒီယာတွေမှာ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တနင်္သာရီမြို့မှ မြိတ်မြို့ကို ဒဏ်ရာရစစ်သားများ သယ်ဆောင်လာသော စစ်ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ကနေ မြိတ်မြို့ကို ဒဏ်ရာရစစ်သားတွေ သယ်ဆောင်လာတဲ့ စစ်ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြေပြန့်မဟာဗျူဟာထိုးစစ် စတင်နေပြီလို့ NUG အသိပေး

NUG လက်အောက်ခံ PDF တပ်တွေဟာ  မြေပြန့်မဟာဗျူဟာထိုးစစ်ကို စတင်နေပြီဖြစ်ကြောင်း NUG ရဲ့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။
Read More

စစ်ကိုင်းမြို့နယ်က ငလျင် ဘေးဒဏ်သင့် အိမ်ထောင်စု (၅၀၀) ကို မြို့နယ် ပကဖ ရိက္ခာ‌ ထောက်ပံ့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းက ငလျင်ဘေးဒဏ်သင့် အိမ်ထောင်စု (၅၀၀) ကို စစ်ကိုင်းမြို့နယ် ပကဖ က ရိက္ခာ ထောက်ပံ့သွားမယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

မ​ကွေးတိုင်းရှိ ပကဖ ရဲဘော်တွေကို NUG ပြည်ထဲ​ရေးဝန်ကြီးဌာန တာဝန်ရှိသူ​တွေ သွားရောက်တွေ့ဆုံ

အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲ​ရေးဝန်ကြီးဌာန တာဝန်ရှိသူနဲ့ မ​ကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တာဝန်ခံတို့က မ​ကွေးတိုင်းအတွင်းရှိပြည်သူ့ကာကွယ်ရေးရဲဘော်တွေကို သွားရောက် ​တွေ့ဆုံ အား​ပေးစကား​ပြောကြားခဲ့တယ်လို့ ပကဖအသံက သတင်းထုတ်ပြန်ထားပါတယ်။
Read More

နမခအတွင်းက တိုင်းစစ်ရုံးနှင့် ရဟတ်ယာဉ်ကွင်းတို့ကို ရှော့တိုက်ဒုံး ၂လုံးဖြင့် အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ရေဘေးကြောင့် ဆုံးရှုံးမှုတွေ ကြီးမားမယ်လို့ မမျှော်လင့်ခဲ့ကြောင်း မင်းအောင်လှိုင် ပြော၊ သန်းခေါင်စာရင်းကောက်ဖို့ ရေဘေးသင့်ပြည်သူတွေကို နေရပ်အမြန်ပြန်ပို့ဖို့ စစ်ခေါင်းဆောင် ညွှန်ကြား

ရာဂိမုန်တိုင်းရဲ့ အရှိန်ကြောင့် နိုင်ငံတစ်ဝန်း ပျက်စီးဆုံးရှုံးမှုတွေ ကြီးမားသွားလိမ့်မယ်လို့ မမျှော်လင့်ထားကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်မှာ စက်တင်ဘာ ၁၇ ရက်ကလုပ်တဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးမှာ အခုလို ပြောကြားလိုက်တာပါ။