အွန်လိုင်းငွေလိမ် လောင်းကစားလုပ်ငန်းတွေက တရားမဝင်တဲ့ နိုင်ငံခြားသား ၈၀၀ ကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

မြန်မာပြည်ထဲ တရားမဝင် ဝင်လာတဲ့နိုင်ငံခြားသား ၈ဝဝ နီးပါးကို ဇန်နဝါရီလ နောက်ဆုံးပတ်ကနေ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အတွင်း ဖမ်းဆီးထားတဲ့ စာရင်းကို စစ်ကောင်စီက ထုတ်ပြန်လာခြင်း ဖြစ်ပါတယ်။

ဖမ်းမိထားသူတွေဟာ ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုနဲ့ KK Park နယ်မြေတွေထဲမှာရှိတဲ့ တရားမဝင်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေက ဒုစရိုက်မှုကျူးလွန်ထားသူတွေလည်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ၇၉၉ ယောက်ဟာ တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှား၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ ကာဂျစ်စတန်၊ ဗီယက်နမ်၊ ယူဂန်ဒါ၊ ထိုင်း နဲ့ တရုတ်နိုင်ငံတွေက ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

မြဝတီမြို့နယ်က ကျားဖြန့်လုပ်ငန်းတွေထံမှာ လူကုန်ကူးခံထားရတဲ့ နိုင်ငံခြားသားတွေကိုလည်း ထိုင်းဘက်က တစ်ရက်ကို လူ ၅၀၀ နှုန်း လက်ခံသွားဖို့ စစ်ကောင်စီနဲ့ ထိုင်းအစိုးရတို့ သဘောတူညီထားပြီး ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၅ရက် မနေ့က  ပြုလုပ်ခဲ့တဲ့ ထိုင်း-မြန်မာ နယ်စပ်ကော်မတီ အစည်းအဝေးမှာ နှစ်နိုင်ငံကြား အခုလို သဘောတူညီခဲ့တာ ဖြစ်တယ်လို့ ထိုင်းသတင်းမီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

အွန်လိုင်းဆယ်လီ သမီးဆိုး ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရ၊ ကြူကြူလှနှင့် စစ်အရာရှိများ သိက္ခာကျဆင်းအောင် ပြောဆိုရေးသားမှုအတွက် အမှုဖွင့်ခံထားရကြောင်း သတင်းထွက်

သမီးဆိုး’ လို့ လူသိများတဲ့ အွန်လိုင်းဆယ်လီ သက်ကိုကိုဟာ အောက်တိုဘာ ၁၂ရက် ဒီနေ့လယ်ပိုင်းက ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ် တချို့ဆီက သိရပါတယ်။
Read More

မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် – (၂) သင်တန်းဆင်းပွဲ

မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးပြုလုပ်တဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် - (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်က လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ MSRF က ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူမှ ပခန်းသို့ စစ်ကူသွားသည့် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီးတွေအပါ ၁၄ ဦး ထက်မနည်းသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခုက္ကူမြို့ကနေ ပခန်းမြို့ကို စစ်ကူသွားတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အနည်းဆုံး ၁၄ ယောက် သေဆုံးသွားတယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကို ပြောပါတယ်။ 
Read More

AA က ပိုင်မှ ပြောတာ၊ မပိုင်ဘဲနဲ့ ပြောလေ့မရှိဘူး ဟု CDM ဗိုလ်ကြီး ဇင်ယော် ဆို

အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်တင်မက ရခိုင်ရိုးမနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတို့က ရိုးမတောင်အစပ်ပိုင်းတွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ မနေ့က ဇန်နဝါရီ ၂၀ ရက်ညပိုင်းမှာ AA က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ရွှေစက်တော်ဘုရားအနီး စစ်ကောင်စီရဲ့ လက်ပတော ရဲစခန်းကို ဒရုန်းစစ်ဆင်ရေးပြုလုပ်

ရွှေစက်တော်ဘုရားအနီးက စစ်ကောင်စီရဲ့ လက်ပတော ရဲစခန်းကို ဒရုန်းဗုံးသီးအလုံးရေ ၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်(၆) တပ်ရင်းက ထုတ်ပြန်ပါတယ်။