စစ်ကောင်စီက ထိန်းချုပ်ထားပြီး နေ့စဉ် အများပြည်သူကို ဝါဒဖြန့်နေတဲ့ MRTV အနေနဲ့    ပြည်သူတွေစိတ်ဝင်စားတဲ့ အစီအစဉ်ကောင်းတွေ ပြသဖို့ အာဏာသိမ်း  ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) အနေနဲ့ ထုတ်လွှင့်လိုက်တဲ့ အစီအစဉ်တွေဟာ လူအများ စိတ်ဝင်စားပြီး လွယ်လွယ်ကူကူ သိရှိမှတ်သားစေနိုင်မယ့် အစီအစဉ်တွေဖြစ်ဖို့လိုတယ်လို့ စိုးဝင်းက ဆိုပါတယ်။

အကြမ်းဖက်စစ်တပ် ဒုခေါင်းဆောင် စိုးဝင်းက သူတို့စိတ်တိုင်းကျ ထိန်းချုပ်ထားတဲ့ နေပြည်တော် တပ်ကုန်းမြို့က မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရုံးချုပ်မှာ ကျင်းပတဲ့ နှစ်ပတ်လည်အခမ်းအနားမှာ အခုလို ပြောကြားလိုက်တာပါ။  

(ဓာတ်ပုံ စကစပြန်ကြားရေး)
(ဓာတ်ပုံ စကစပြန်ကြားရေး)

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနက တော်လှန်ရေးကို ပုံဖျက်တဲ့ သတင်းအစီအစဉ်တွေ၊ ဆွေးနွေးခန်းတွေ ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ထုတ်လွှင့်မှုပြီး ပြည်သူကို စိတ်ပိုင်းဆိုင်ရာ အဆိပ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်တပ်ဝါဒဖြန့် MRTV အနေနဲ့ နိုင်ငံတကာသတင်းထုတ်လွှင့်မှုတွေကို လေ့လာပြီး ကိုယ့်အားနည်းချက်တွေကို အားသာချက်တွေအဖြစ်တိုးတက်အောင် ဆက်လက်ဆောက်ရွက်သွားရမယ်လို့လည်း စိုးဝင်းက ပြောပါတယ်။ 

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေနဲ့ ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာတွေနဲ့အညီ လိုက်ပါအသုံးပြုပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို အမြင်သစ်၊ အသွင်သဏ္ဍန်အသစ်တွေနဲ့ ဖန်တီးထုတ်လုပ်ဖို့လည်း စိုးဝင်းက မှာကြားခဲ့ပါတယ်။⁩

(ဓာတ်ပုံ စကစပြန်ကြားရေး)
0 Shares:
You May Also Like
Read More

မြစ်ဝကျွန်းပေါ်‌ဒေသမှာ ဧရာဝတီတိုင်း စစ်ဌာန အခြေချနိုင်တာသည် အောင်ပွဲဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောကြား၊ နှစ် ၇၀ ကျော် သက်တမ်းရှိ အကြမ်းဖက်စစ်တပ်ကို ၄ နှစ်သား PDF က ဦးကျိုးအောင် ချိုးပစ်နိုင်ခဲ့ဟု ဆို

ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဧရာဝတီတိုင်းစစ်ဌာနအနေနဲ့ မြစ်ဝကျွန်းပေါ်‌ဒေသကို အခြေချနိုင်ခဲ့တာဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တစ်ခုလုံးအတွက် အောင်ပွဲဖြစ်တယ်လို့ မေလ ၂၅ ရက်မှာ ကျင်းပပြီးစီးခဲ့တဲ့ ဗျူဟာ (၂၉) AYA PDF ရဲ့ သင်တန်းဆင်းပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့ကြောင်း တိုင်းစစ်ဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရှမ်းမန်းစစ်ဆင်ရေးမှ ပြန်လာသည့် ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းမှ ရဲဘော်များကို ဂုဏ်ပြုဆုငွေ ချီးမြှင့် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း (နယ်စည်းမခြား တော်လှန်ရေးအင်အားစု) က ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ဖြစ်တဲ့ ရှမ်းမန်းစစ်ဆင်ရေးကနေ ပြန်လာတဲ့ တပ်ရင်းမှ ရဲဘော်တွေကို ဇွန်လ ၂၅ ရက် မနေ့က ဂုဏ်ပြုဆုငွေတွေ ချီးမြှင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ရေဦးမှာ လူငယ်အယောက် ၂၀ ထက်မနည်း စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီး…

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ စစ်ကောင်စီတပ်တွေက လူငယ်အယောက် ၂၀ ထက်မနည်းကို စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သတင်းရရှိပါတယ်။
Read More

မြဝတီမြို့မှာ ဗုံး မတော်တဆ ပေါက်ကွဲမှုကြောင့် လင်မယား ၂ ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး ၏ ဗိုက်ထဲက ကလေးပါ သေဆုံး

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၅ရပ်ကွက်၊ ရေပူကျေးရွာက နေအိမ်တစ်ခုမှာ ဇန်နဝါရီ ၆ရက် နေ့လည်ပိုင်းက ဗုံး မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး အိမ်ရှင်လင်မယား ၂ ယောက် သေဆုံးခဲ့သလို ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ယောက်ရဲ့ ဗိုက်ထဲက ကလေးပါ သေဆုံးခဲ့ကြောင်း ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။
Read More

အိန္ဒိယနှင့် မလေးရှား ကူညီကယ်ဆယ်ရေးအဖွဲ့များ အသီးသီး ပြန်လည်ထွက်ခွာ

မြန်မာ့ငလျင်ဘေးအတွက် ရောက်ရှိလာတဲ့ အိန္ဒိယနဲ့မလေးရှားနိုင်ငံက ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ပြန်လည်ထွက်ခွါသွားပြီလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။