ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်စခန်း ၃ ခုကို KNU နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးကာ လက်နက်ခဲယမ်းများလည်း ရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်တပ်ဂိတ်စခန်း ၃ ခုကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်သား ၆ ယောက် သေဆုံးပြီး ၆၀ မမစိန်ပြောင်း ၁ လက် အပါအဝင် လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့  ဖေဖော်ဝါရီလ ၁၅ ရက်၊ ည ၁၂ နာရီအချိန် လယ်ဒိုမြို့နယ်အတွင်း ကခမရ ၅၆၀ တပ်ရဲ့ နရွဲပင် ဂိတ်စခန်း၊ တောဝိရွာနဲ့ ထိန်တပင်ကြားရှိ ဂိတ်စခန်း ၊ ကျွန်းကုန်းကျေးရွာဘေး တောရကျောင်းမှာ တပ်စွဲထားတဲ့ ဂိတ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

ဒီတိုက်ခိုက်သိမ်းပိုက်မှုမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း ၉ ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ ပါဝင်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရပ်တည်ချက်များကို NUCC ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ရပ်တည်ချက်တွေကို ဩဂုတ်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်လာပြီး အခြေခံမူ (၈) ချက်နဲ့ နိုင်ငံရေး ရပ်တည်ချက် (၁၀) ချက်ကို ဖော်ပြထားပါတယ်။ NUCC ရဲ့ အခြေခံမူ ၈ ချက်မှာတော့ ပြည်နယ်/ဖက်ဒရယ်ယူနစ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး- အောက်ခြေကနေ အထက် (Bottom-up Federalism) ချဉ်းကပ်မှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
Read More

သတင်းထောက်လှမ်းနေတဲ့ အရပ်ဝတ် စစ်သားကို ရေးဘီလူး အရှင်ဖမ်းမိ

မွန်ပြည်နယ်၊ ရေးမြို့နယ် အာယုတောင်လမ်းဝအနီးမှာ သတင်းထောက်လှမ်းရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတစ်ယောက်ကို ရေးဘီလူး တော်လှန်ရေးတပ်ဖွဲ့က အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲ…

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယပကတ)၊ Yaws’ People Defense Force - YPDF ရဲ့ တပ်သားသစ် အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲကို နိုဝင်ဘာလ (၂၆) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေတာရှည်မှာ အမျိုးသမီးရဲဘော်တွေပါတဲ့ RTC စစ်​ကြောင်းနဲ့ စစ်ကောင်စီတပ် ၂ ကြိမ် ထိတွေ့တိုက်ပွဲဖြစ်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဖက်ကမ်းမှာ စစ်ကြောင်းဝင်​ရောက်နေတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ ၂ ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေး ၂ နှစ်ပြည့်ချိန် စစ်ကော်မရှင်နှင့် စစ်ရေးရပ်စဲမှုဟာ ဧကန် ငြိမ်းချမ်းရေး မဟုတ်သေးကြောင်း MNDAA စစ်ဦးစီးမှူးချုပ် ပြောကြား

အကြမ်းဖက် အာဏာသိမ်းစစ်တပ်ကို များစွာအထိနာစေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ ၂နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်အထူးဒေသ ၁ မှာ စစ်ကော်မရှင်နဲ့ သဘောတူညီထားတဲ့ စစ်ရေးရပ်စဲမှုဟာ နောက်ဆုံးဧကန် ငြိမ်းချမ်းရေး မဟုတ်သေးဘူးဆိုတာ အားလုံးသိထားရမယ်လို့ MNDAA စစ်ဦးစီးမှူးချုပ်က ပြောကြားခဲ့ကြောင်း MNDAA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရေဖြူမြို့နယ်၊ ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က ၆ ဦးထက်မနည်း သေဆုံးပြီး ၁၃ ဦးထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအုပ်စု၊ ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၆ ယောက်ထက်မနည်း သေဆုံးပြီး ၁၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေါနတပ်ရင်းလက်အောက်ရှိ Laungline Peninsula Force (LPF) က ဒီနေ့ ထုတ်ပြန်ပါတယ်။