ရန်ကုန်မြို့က သက်တမ်းရင့် ဘာဒါစျေးလို့ လူသိများတဲ့ လှိုင်ရတနာစျေးမီးလောင်ကျွမ်းမှုမှာ တစ်ယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၁၂ ရပ်ကွက်မှာရှိတဲ့ ဘာဒါစျေးမှာ ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုအထိရှိခဲ့တာ ဖြစ်ပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် အသက် ၇၀ အရွယ် အမျိုးသားတစ်ယောက် မီးလောင်ကျွမ်း သေဆုံးခဲ့ပြီး ဒေသခံတစ်ယောက်နဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင် နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဆိုင်ခန်းပေါင်း ၃၈၀ ကျော်အထိ မီးလောင်ကျွမ်းခဲ့ရပြီး မီးလောင်ကျွမ်းမှုကို မီးသတ်တပ်ဖွဲ့က Level-2 အဆင့်အထိသတ်မှတ်ကာ နာရီပေါင်းများစွာ မီးငြှိမ်းသတ်ခဲ့ရပါတယ်။

ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ရန်ကုန်မှာ ဘာဒါစျေးမီးလောင်ကျွမ်းမှုကို ရန်ကုန်မြို့ခံ အမြောက်အမြားလည်း လာရောက်ကြည့်ရှုခဲ့ကြပါတယ်။

မီးလောင်ကျွမ်းရတဲ့ အကြောင်းအရင်းကိုတော့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

ကန့်ဘလူတွင် စစ်ကြောင်းဝင်ရောက်နေသည့် ၁၃ရက်အတွင်း အရပ်သား ၂၀ နီးပါး သတ်ဖြတ်ခံထားရ၊ ၄၀ ကျော် ဖမ်းဆီးခံထားရ… မြစ်ကြီးနား-မန္တလေးဗျူဟာလမ်းပိုင်းက ကျေးရွာများလည်း နေအိမ် ၅၀၀​ ကျော် မီးရှို့ဖျက်ဆီးခံရ…

"စစ်အုပ်စုက သူတို့ ထွက်ပြီဆိုတာနဲ့ ရွာတွေကို မီးတိုက်ထားခဲ့တယ်။ အဲ့မှာ အိမ်တွေထဲက မီးလောင်ထားတဲ့အလောင်းတွေ တွေ့ရတယ်။ သူတို့မသတ် ဘယ်သူသတ်မလဲ။ သူတို့က ပျူစောထီးမဖွဲ့နိုင်တဲ့ ရွာတွေဆို ရန်သူလို့ပဲ သတ်မှတ်ထားတာပါ။ ဒီတော့ ရွာတွေထဲ ဝင်ပြီဆို မဲမဲမြင်ရာ အကုန်သတ်ပါတယ်။" လို့ ကန့်ဘလူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် အမှတ် (၁၄) တပ်ရင်းမှ ကျဆုံးရဲဘော်(၁)ဦးအတွက် ဂုဏ်ပြုအခမ်းအနား ပြုလုပ်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် (၁၄) တပ်ရင်းက ကျဆုံးခဲ့တဲ့ ရဲဘော်အတွက် ဂုဏ်ပြုပွဲအခမ်းအနားနဲ့ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

Unity GenerationZ PDF က အခြေခံ စစ်ပညာ ရက်တိုသင်တန်းပေး

ကရင်နီပြည်အခြေစိုက် Unity GenerationZ PDF က စစ်စည်းကမ်းသေဝပ်မှုနဲ့ Chain of Command - COC တည်ဆောက်မှု မြင့်မားလာစေဖို့အတွက် အခြေခံစစ်ပညာ ရက်တိုသင်တန်းပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမှာ မြေပြင်ဝေဟင် စစ်ကောင်စီက အင်အားသုံး စစ်ကြောင်းထိုးနေ၊ ၇ရက်တာ ခုခံခဲ့တဲ့ တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က အရာရှိအပါ ၃၆ ယောက်သေဆုံးခဲ့

မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ခုခံတိုက်ခိုက်ခဲ့တဲ့ ၇ရက်တာတိုက်ပွဲတွေထဲ စစ်ကောင်စီဘက်ကအရာရှိ၁ယောက်အပါအဝင် ၃၆ယောက်သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်တိုင်း မြို့နယ်အချို့ကို ၄ နာရီလာ ၈ နာရီပြတ် စနစ်ဖြင့် လျှပ်စစ်မီးပြန်လည် ဖြန့်ဝေမည်

ရန်ကုန်တိုင်းထဲက မြို့နယ်အချို့ကို ၄ နာရီလာ ၈ နာရီပြတ်စနစ်ဖြင့် ယခင်ကလို လျှပ်စစ်မီး ပြန်လည်ဖြန့်ဝေသွားမှာဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ လျှပ်စစ်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ဖြူးမှာ မြို့နယ်ပကဖက ရေဘေးသင့်အိမ်ထောင်စုတွေကို အလှူငွေနဲ့ ရိက္ခာခြောက်တွေ ကူညီပံ့ပိုးခဲ့

ပဲခူးတိုင်း၊ ဖြူးမြို့နယ် စစ်တောင်းမြစ်ကမ်းဘေးရှိ ရေဘေးဒဏ်သင့်ရွာတွေဆီကို အလှူရှင်တွေကိုယ်စား စက်တင်ဘာလ ၂၃ ရက် မနေ့က ဖြူးမြို့နယ် ပကဖနဲ့ ပအဖတို့ သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။