စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာ ပျူစောထီးစခန်းတစ်ဝိုက် ကင်းလှည့်နေတဲ့ ပျူစောထီးတွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီး ၁ ယောက် သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်းအမှတ် ၁၉ – ရောင်နီဦးစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၁၁ ရက် ညနေပိုင်းမှာ ငွေတွင်းပျူစောထီးတွေကို တော်လှန်ရေးတပ်ပေါင်းစုတွေက ၁၅ မိနစ်ကြာ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၁ ယောက် သေဆုံးကာ တော်လှန်ရေးတပ်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို မုံရွာခရိုင် ဗျူဟာ (၆၆)စစ်ကြောင်း (မုံရွာခရိုင်တပ်ရင်းအမှတ် ၁၉၊၂၁၊၂၆)၊ အရာတော်မြို့နယ်ပကဖအဖွဲ့တွေနဲ့ အခြားမဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပုံအဟောင်းတွေကို အသုံးပြုထားပါတယ်။
0 Shares:
You May Also Like
Read More

(၁၆) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရရှိသူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သားငယ် ကိုထိန်လင်း ဆုလက်ခံ ရယူ

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့က ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ပွဲအခမ်းအနားမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို သားငယ်ကိုထိန်လင်း(ခ) ကင်အဲရစ်က ကိုယ်စား လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်တိုင်း ပကဖ တပ်ဖွဲ့ (၁) ကို Rangoon Warriors PDF တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းမည်

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) တိုက်ခိုက်ရေးအဖွဲ့ကို အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ Rangoon Warriors PDF တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းသွားမယ်လို့ အဆိုပါ အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စင်ပေါ်တွင် လိင်ကိစ္စ ညစ်ညမ်းရိုင်းစိုင်းစွာ ပြောဆိုခဲ့သည့် ရက်ပ် အဆိုတော် ဖမ်းခံရဟု သတင်းထွက်

ပရိသတ်ကို ဖျော်ဖြေရင်း စင်ပေါ်မှာ ညစ်ညစ်ညမ်းညမ်း ပြောဆို ဆဲဆိုခဲ့တဲ့ Wink Owens ဂီတအဖွဲ့က ရက်ပ် အဆိုတော်ကို စစ်ကော်မရှင်က ဖမ်းဆီးလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Read More

တမူးမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ ကာကင်းစခန်း တိုက်ခိုက်ခံရပြီး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ကာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။
Read More

ပြင်းအားမြင့် ငလျင်ကြောင့် နိုင်ငံအနှံ့ သေဆုံးသူ ၁ ထောင်ကျော် ရှိလာ

နိုင်ငံတဝန်းမှာ မနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအားမြင့် ငလျင်ကြောင့် သေဆုံးသူ ၁ ထောင်ကျော်ရှိလာနေပြီလို့ စစ်ကောင်စီကနေ ဒီနေ့ မတ်လ ၂၉ ရက် နေ့လယ် ၁၂ နာရီမှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

NUG အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန ၂ ခု၏ ဒုဝန်ကြီး မြေပြင်ကွင်းဆင်း တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့ရဲ့ ဒုဝန်ကြီးအဖြစ် ပူးတွဲတာဝန်ယူထားတဲ့ ဦးကျော်နီ မြေပြင်ကွင်းဆင်းပြီး အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်တွေနဲ့ ပြည်သူတွေကို တွေ့ဆုံခဲ့တယ်လို့ NUG ရဲ့ သတင်းပြန်ကြားရေးမီဒီယာက ဩဂုတ် ၄ ရက် မနေ့က သတင်းဖော်ပြထားပါတယ်။