စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ် ထိပ်တန်းအရာရှိ​တွေကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် အာဂျင်တီးနားနိုင်ငံတရားရုံးက ဖမ်း၀ရမ်းထုတ်ပြန်လိုက်မှုဟာ အာဏာသိမ်း စစ်ခေါင်းဆောင်အတွက် နိုင်ငံရေးဖိအားသက်ရောက်ကြောင်းနဲ့ အလျင်အမြန်ဖမ်းဆီးနိုင်ဖို့ လိုအပ်ကြောင်း နိုင်ငံရေးအင်အားစုတွေကပြောပါတယ်။
“အာဂျင်တီးနား ဖမ်းဝရမ်းထုတ်တာမျိုးက အိုင်စီဂျေ(ICJ) ၊ အိုင်စီစီ(ICC) တို့က ထုတ်တာမျိုးမဟုတ်ဘူး။ Universal Jurisdiction လို့ခေါ်တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ တရားစီရင်နိုင်တာနဲ့ ထုတ်တာလို့မြင်တယ်။ ဖမ်းဆီးနိုင်မှု အနေအထားက နောက်တစ်ဆင့်ဆိုပေမယ့် ဝရမ်းထုတ်တယ်ဆိုတော့ တစ်ဆင့်ရှေ့ရောက်တယ်ပေါ့။ ဖမ်းဆီးမှုအတွက် အားထုတ်မှုရှိမရှိကတော့ စောင့်ကြည့်ရမှာပေါ့။ ဝရမ်းကတော့အမြဲအသက်ဝင်နေမှာပါ။ ဖမ်းဝရမ်းအတိုင်း အမြန်အတည်ပြုပေးမလား။ ဖမ်းဝရမ်းနဲ့တင် ပြီးသွားမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပေါ့။ ဖမ်းဝရမ်းထုတ်ထားပြီး မဖမ်းတာက​ ရှိပေမယ့် ရှားပါတယ်။” လို့ (CDM) မြို့နယ်တရားသူကြီး ဒေါ်သဥ္ဇာမြ က ​မောင်းကိုပြောပါတယ်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ဒီဖမ်းဝရမ်းထဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် စိုးဝင်းတို့အပါအဝင် စစ်တပ် ထိပ်တန်းအရာရှိ ၂၂ယောက်ကို ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုမှာ အဓိက တာဝန်ရှိသူတွေဖြစ်တယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်က စတင်အမှုဖွင့်ခဲ့တဲ့ အဲ့ဒီအမှုမှာ တရားလိုတွေအဖြစ် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tomás Ojea Quintana ရဲ့ တရားဝင်ကိုယ်စားလှယ် ဦးထွန်းခင်နဲ့ မြန်မာရိုဟင်ဂျာအဖွဲ့ UK (BROUK) တို့ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) က တရားရုံးရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပံ့ပိုးကူညီခဲ့တယ်လို့ ဆိုပါတယ်။
“ဒီဟာက ၂၀၂၇ ခုနှစ်တုန်းက ရခိုင်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်တဲ့ အမှုအတွက် ထုတ်တာပေါ့နော်။ နိုင်ငံ့ပုံရိပ်အပေါ် သက်ရောက်မှုရှိလားဆို ဒီပြစ်မှုကျူးလွန်တဲ့သူကို ဖမ်းပေးရမယ်။ ကမ္ဘာမှာ ပပျောက်သွားအောင် လုပ်ရမယ်။ ကျူးလွန်သူက စစ်တပ် သို့မဟုတ် နိုင်ငံတော်ဖြစ်တဲ့အခါမှာလည်း ပြစ်ဒဏ်ကို ကျခံရမယ်။ သူတို့ကို ဖမ်းမိအောင်လုပ်မယ်ဆို နိုင်ငံရဲ့ပုံရိပ်မြင့်တယ်။ ဖုံးပေးမယ်၊ ဖမ်းမမိတာဆို ဆန့်ကျင်ဖက် (အနေနဲ့) နိုင်ငံပုံရိပ်ကျမယ်ပေါ့။ ဝရမ်းထုတ်တာက ကောင်းတယ်။ မိသွားပါစေ ဆုတောင်းတယ်။ မိဖို့လည်း ဝိုင်းကြိုးစားရမယ်။” လို့ (CDM) မြို့နယ်တရားသူကြီး ဒေါ်သဥ္ဇာမြ က ​ပြောပါတယ်။
လက်ရှိမှာ ICC တရားရုံးက မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ စီရင်ချက် မချရသေးပေမယ့် အာဂျင်တီးနားတရားရုံးရဲ့ ဖမ်း၀ရမ်းထုတ်လိုက်တဲ့ စီရင်ချက်ဟာ ICC တရားရုံး ဖမ်းဝရမ်းထုတ်ရေးအတွက် အထောက်အကူ ဖြစ်စေနိုင်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
ရှေ့နေကြီးဦးကြီးမြင့်ကတော့ “ဒီဝရမ်းက နိုင်ငံရေးအရ မအလကို ဖိအားပေးရာရောက်ပါတယ်။ အခုအချိန်မှာတော့ ဒိီထက်မပိုပါ။” လို့ ​မောင်းကိုပြောပါတယ်။
ဒါ့အပြင် ဒီဖမ်းဝရမ်းထဲမှာ အခင်းဖြစ်ချိန်က အရပ်သား အစိုးရဖြစ်ခဲ့တဲ့ သမ္မတဟောင်း ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်နေကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့အစည်း – BROUK က သတင်းထုတ်ပြန်ထားပါတယ်။
BROUK အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို ဖမ်းဝရမ်း မထုတ်ဖို့ တင်ပြခဲ့ပေမယ့် အာဂျင်တီးနား တရားစွဲ ရှေ့နေတွေကတော့ ဖမ်းဝရမ်းတင်ဖို့အတွက် လွတ်လပ်စွာ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။
BROUK အနေနဲ့ ၂၀၁၉ ခုနှစ်က တင်သွင်းခဲ့တဲ့ အဆိုပါအမှုဟာ ရိုဟင်ဂျာတွေကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့တဲ့ အရင်အရပ်သားအစိုးရရဲ့ အခန်းကဏ္ဍကို လွန်ဆန်တာမဟုတ်ဘဲ လူမျိုးတုံးသတ်ဖြတ်မှုအတွက် တိုက်ရိုက် တာဝန်ရှိတယ်လို့ ယူဆရတဲ့ မင်းအောင်လှိုင်နဲ့ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကို တာဝန်ခံမှုရှိစေဖို့ အဓိကဦးတည်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

ကန့်ဘလူတွင် စစ်ကြောင်းဝင်စစ်အုပ်စုက အရပ်သား ၂ ဦးကို ပစ်သတ်ခဲ့၊ ကလေးငယ်နှင့် အမျိုးသမီးများအပါ အရပ်သား ၁၆ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက အရပ်သား ၂ ယောက်ကို ရွာထဲဝင်ရောက် ပစ်ခတ်သတ်ဖြတ်ရင်း ကလေးငယ်နဲ့အမျိုးသမီးတွေအပါ ၁၆ ယောက်ကို ဖမ်းဆီးခေါ်​ဆောင်သွားတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ချပေးလိုက်တဲ့ ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေကို ဗျူဟာ ၄၂ တော်လှန်ရေးအဖွဲ့တွေ လက်ခံရရှိ

စစ်ကိုင်းတိုင်းအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ ဗျူဟာ ၄၂ တော်လှန်ရေးတပ်ဖွဲ့ စစ်ရေးလှုပ်ရှားမှု စတင်ချိန်မှာပဲ အကြမ်းဖက်စစ်တပ်က သူတို့ရဲ့ စစ်သားတွေဆီ လေယာဉ်နဲ့ ပို့ပေးတဲ့ ခဲယမ်းတချို့နဲ့ စားနပ်ရိက္ခာတွေကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။
Read More

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ယင်းမာပင်ခရိုင် PDF တပ်ရင်း (၂၉) ရဲဘော်များကို ဂုဏ်ပြု (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကနေ ပြန်လာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း၂၉ (ဒေါင်းမင်း - PDF) ရဲဘော်တွေကို ယင်းမာပင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တွေ့ဆုံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း၂၉ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်း ၄ နှစ်တာအတွင်း စစ်ကောင်စီက နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄၀၀၀ ကျော် ပြုလုပ်ခဲ့

စစ်အာဏာသိမ်းမှု ၄ နှစ်နီးပါးကာလအတွင်း စစ်ကောင်စီက တစ်နိုင်ငံလုံးကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ  ၄၀၀၀ ကျော်ပြုလုပ်ခဲ့ကြောင်း  Blood Money အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် KRF တပ်ဖွဲ့၀င်များကို ပြည်သူများ ကြိုဆို

ဖလမ်းမြို့သိမ်းတိုက်ပွဲက ပြန်လည်ရောက်ရှိလာတဲ့ ကလေးဒေသတော်လှန်ရေးတပ် (KRF) ရဲဘော်​တွေကို​ ဒေသခံပြည်သူ​တွေက​ ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ KRF က အသိပေးထုတ်ပြန်ပါတယ်။
Read More

ကရင်နီပြည်၊ ဖားဆောင်း PDF တပ်တည်ထောင်မှု (၂)နှစ်ပြည့် အခမ်းအနား ကျင်းပ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် မတော် ဖားဆောင်း တပ်ရင်းအမှတ် (၁၁၀၈ )တပ်တည်ထောင်မှု (၂) နှစ်ပြည့် အခမ်းအနားကို နို၀င်လာ ၃၀ မနေ့က ပြုလုပ်ခဲ့ပါတယ်။