မကွေးတိုင်း မြိုင်မြို့နယ် ကန်နီပျူစခန်းအတွင်း သရက်ကွပျူစောထီးတွေကို သင်တန်းပေးနေတဲ့ သတင်းအရ ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲထံက သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒရုန်းသင်တန်းသားတွေကို မြေပြင်မှာ လက်တွေ့သင်ကြားပေးရင်း တိုက်ခိုက်ခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။

ဗုံးသီးတွေဟာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ စာသင်ကျောင်းနဲ့ အနီးဝန်း ကျင်တွေကို ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးဘူးလို့ ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲထံက သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲနဲ့ မဟာမိတ်ဖြစ်တဲ့ မြို့နယ် ပကဖ အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ဒရုန်း ၂ စင်း ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးမြို့ရှိ ရွှေဇာမဏီရွှေဆိုင်ကို သေနတ်ကိုင်လူ တစ်စုက ဓားပြမှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက် ၁၀၃x၁၀၄ လမ်းကြား ၅၅ လမ်းပေါ်ရှိ ရွှေဇာမဏီရွှေဆိုင်ကို ဧပြီ ၂၈ ရက် မနေ့နေ့လယ်ပိုင်းမှာ သေနတ်ကိုင်လူတစ်စုက ဝင်ရောက် ဓား ပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့အခြေစိုက် ခမရ ၅၀၁ နဲ့ ခမရ ၅၀၂ ကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၀၁ နဲ့ ခမရ ၅၀၂ ကို ဒီနေ့ မတ်လ ၃ ရက်မှာ အကြမ်းဖက်စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူမြို့နယ် ကမ္မရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မရဲစခန်းကို ဖေဖော်ဝါရီ ၁၃ ရက် မနက်အစောပိုင်းက ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Black Eagle Drone Force အဖွဲ့ထံက သိရပါတယ်။
Read More

တောင်ယာလုပ် ပြည်သူများကို နှောင့်ယှက်နေသည့် သီလုံးပျူစောထီးများကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း တောင်ယာစိုက်ပျိုးရိတ်သိမ်းရာမှာ အနှောင့်အယှက်ပေးနေတဲ့ သီလုံးပျူစောထီးတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိုင်းရှင်းဖို့ ထွက်လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်၊ စစ်သား ၁၂ ယောက်သေကာ လက်နက်ကောက်ဖို့ ကြိုးစားတဲ့ ရဲဘော် ၁ ယောက် ကျဆုံးခဲ့ရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ မိုင်းရှင်းဖို့ အိမ်စီးကား ၃ စီးနဲ့ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၂ ယောက်သေကာ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Taw Twin Tup Pee Local အဖွဲ့ထံက သိရပါတယ်။
Read More

ဗန်းမောက်တိုက်နယ်အတွင်း စာသင်ကျောင်းတွေမှာ လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးမျှဝေ (ရုပ်/သံ)

ဗန်းမောက်တိုက်နယ်အတွင်းရှိ စာသင်ကျောင်းတွေမှာ စာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမတွေကို အမျိုး သားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဗန်းမောက် မြို့နယ် ပကဖ အဖွဲ့က တာဝန်ရှိသူတွေ ပူးပေါင်းပြီး လေကြောင်းအန္တရာယ်ကင်းရှင်းရေး အသိပညာမျှဝေမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ ပကဖအသံမှ ထုတ်ပြန်ထားပါတယ်။