အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန – MOCIT ကနေ ချိတ်ဆက်ဆောင်ရွက်ခဲ့တဲ့ တော်လှန်ရေးဒရုန်းတွေ နည်းပညာအကူအညီ လိုအပ်ရင် ကူညီပေးဖို့ အသင့်ရှိတယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
MOCITကနေ တစ်ဆင့် Federal Wings နဲ့ ချိတ်ဆက်ခဲ့တဲ့ အဖွဲ့တွေအနေနဲ့ တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်နေရင်း နည်းပညာပိုင်းမှာ အခက်အခဲရှိနေရင် ဆက်သွယ်ပေးကြဖို့ဖို့ Federal Wings က ဆိုပါတယ်။
ဘယ်အဖွဲ့အစည်းအောက်မှာမဆို တာဝန်ထမ်းဆောင်နေတဲ့ တော်လှန်ရေးဒရုန်းတပ်ဖွဲ့တွေအနေနဲ့ မေးစရာမေးခွန်းတွေ ရှိနေတာဖြစ်ဖြစ်၊ နည်းပညာပိုင်းဆိုင်ရာ အကူညီလိုအပ်လို့ပဲဖြစ်ဖြစ် Federal Wings ဒရုန်းတပ်ဖွဲ့ရဲ့ Facebook Page ကနေ လာရောက်ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နေသူတိုင်း Federal Wings ရဲ့ တော်လှန်ရေးလုပ်ဖော် ကိုင်ဖက်လို့ ခံယူထားတယ်လို့လည်း Federal Wings က အသိပေးထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ကရင်နီပြည်မှာ စစ်ကောင်စီကင်းစင်ရေး ၂၀၂၅ အတွင်း အရှိန်မြှင့်မယ်လို့ KNDF ပြော

ကရင်နီပြည်ထဲက စစ်ကောင်စီတပ်စခန်းတွေအားလုံးကို  ၂၀၂၅ အတွင်းမှာ တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ဖို့ ရည်မှန်ထားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောကြားလိုက်ပါတယ်။
Read More

လမ်းပိုင်းစစ်ဆေးမှုပြုလုပ်ချိန် သာဂရတပ်မတော်အကြီးစားစက်ရုံမှ တပ်ကြပ်ကြီး ၁ ဦးကို ဖမ်းဆီးရမိ

ပဲခူးတိုင်းရှိ တပ်မတော်အကြီးစားစက်ရုံ (သာဂရ) မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ ပြင်းထန်နေ၊ ပြည်သူများ စစ်ကောင်စီတပ်နှင့် ဝေးဝေးနေဖို့ သတိပေးထုတ်ပြန်…

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတာကြောင့် ပြည်သူတွေ စစ်ကောင်စီတပ်နဲ့ ဝေးဝေးနေကြဖို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) က သတိပေးထုတ်ပြန်ထားပါတယ်။
Read More

NUG ဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတွေ ပဲခူးတိုင်းအတွင်းရှိ PDF တပ်ရင်းများနှင့် လိုက်လံတွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတွေဟာ ပဲခူးတိုင်းအတွင်းရှိ PDF တပ်ရင်းတွေဆီ သွားရောက်ပြီး တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ လိုက်လံတွေ့ဆုံခဲ့တယ်လို့ NUG အစိုးရက ထုတ်ပြန်ထားပါတယ်။
Read More

မိုင်းလုံမြို့နယ်တွင် စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် အပါအဝင် ရွာခံ ၁၀ ဦး သေဆုံးခဲ့

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦး အပါအဝင် ရွာခံပြည်သူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ထံက သိရပါတယ်။
Read More

ကျောက်ကြီးမှာ နောက်တန်းပြန်ဆင်းတဲ့ အင်အားရာချီ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အယောက် ၃၀ ကျော် သေ

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အင်အားရာနဲ့ချီတဲ့ နောက်တန်းပြန်ဆင်း စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သား ၅၀ ကျော် ထိခိုက်မှုနဲ့ သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ရိုးမ (၂) စစ်ကြောင်း အထူးကွန်မန်ဒိုတပ်ရင်းက ထုတ်ပြန်ပါတယ်။