တရုတ်ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီးနဲ့ စစ်ကောင်စီဝန်ကြီးတွေ နေပြည်တော်မှာ တွေ့ဆုံပြီး ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေး ဆွေးနွေးခဲ့တယ်လို့ အကြမ်းဖက်စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဆွေးနွေးပွဲမှာ နှစ်နိုင်ငံအကြား ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်မှာ အွန်လိုင်းလိမ်လည်မှုတွေနဲ့ အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး၊ တရုတ်နိုင်ငံ အလိုရှိနေတဲ့ တရားခံပြေးတွေ ဖမ်းဆီးရရှိမှုနဲ့ ပြန်လည်လွှဲပြောင်းရေး စတာတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
ဒါ့အပြင် တရုတ်-ထိုင်း- မြန်မာ သုံးနိုင်ငံ ပူးပေါင်းပြီး ကျားဖြန့်လုပ်ငန်းတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့နဲ့ မြဝတီမှာ တရားမဝင် ရောက်နေတဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်နိုင်ရေး ဆောင်ရွက်နေတာတွေကိုလည်း ဆွေးနွေးခဲ့တယိလို့ သိရပါတယ်။
မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့က ကျားဖြန့်လုပ်ငန်းတွေနဲ့ အွန်လိုင်းလောင်းကစားတွေလုပ်ဖို့ လူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၁၉၄ ယောက်နဲ့ အမျိုးသမီး ၆ ယောက်တို့ကိုလည်း မနေ့က ဖမ်းဆီးရမိခဲ့ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ပြီးရင် တရုတ်နိုင်ငံထံ လွှဲအပ်သွားမယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီအနေနဲ့ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်နယ်မြေအတွင်း ဒုစရိုက်မှုတွေ ကျူးလွန်ခဲ့တဲ့ ပြည်ပနိုင်ငံသားတွေကို အမြန်ဆုံး စစ်ဆေးဖော်ထုတ်သွားမယ်လို့လည်း ကြေညာထားပါတယ်။
0 Shares:
You May Also Like
Read More

ကန်ချနဘူရီ ရေလှောင်တမံမှာ မြန်မာလုပ်သား ၃ ဦး၏ ရုပ်အလောင်း တွေ့ရှိ၊ လှေနစ်မြုပ်မှုကြောင့် သေဆုံးဟု ယူဆ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဝချီရာလောင်ကွန် ရေလှောင်တမံမှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၃ ယောက်ရဲ့ ရုပ်အလောင်းတွေ ရေပေါ်ပေါ်လာတာကြောင့် သက်ဆိုင်ရာအာဏာပိုင်တွေက ဆယ်ယူခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်တွေကို ကိုးကားပြီး စက်တင်ဘာလ ၁၂ ရက်က ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။
Read More

ထိုင်းမှ မလေးရှားသို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် အထောက်အထားမဲ့ မြန်မာ ၁၀ ဦးကို မလေးရှားစစ်တပ်ဖမ်းဆီး

ထိုင်းနိုင်ငံကနေ မလေးရှားနိုင်ငံထဲ တရားမဝင် ဝင်ရောက်ဖို့ Golok မြစ်ကို ဖြတ်ဖို့ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံသား ၁၀ ယောက်ကို မလေးရှားစစ်တပ် (TDM) က ဖမ်းဆီးထားတယ်လို့ Malay Mail သတင်းက ဖော်ပြထားပါတယ်။
Read More

ကန်ချနဘူရီမှာ အထောက်အထားမဲ့ မြန်မာလုပ်သား ၇၀ ဦး ထပ်မံ ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီ၊ စံခလဘူရီမှာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သား အယောက် ၇၀ ကို အာဏာပိုင်တွေက ထပ်မံဖမ်းဆီးလိုက်ပါတယ်။ 
Read More

ဗြိတိန်က မြန်မာ့ငလျင်ဘေးကို စတာလင်ပေါင် ၁၅ သန်းအထိ ကူညီထား၊ ထောက်ပံ့မှုများ စစ်ကောင်စီထံမှ စီးဆင်းမည်မဟုတ်ဟု ဆို

ဗြိတိန်က မြန်မာ့ငလျင်ဘေးအတွက် ကူညီလှူဒါန်းထားမှုဟာ စုစုပေါင်း စတာလင်ပေါင် ၁၅ သန်း အထိ ရှိသွားပြီလို့ ထုတ်ပြန်ကြေညာပါတယ်။
Read More

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက သေဒဏ်ချမှတ်မှုအပေါ် အာဆီယံလွှတ်တော်အမတ်တွေ ဝေဖန်ကန့်ကွက်ရှုံ့ချ

၂၀၂၄ စက်တင်ဘာလ ၂၄ ရက်မှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၅ ယောက်ကို စစ်ကောင်စီက သေဒဏ်ချ ကွပ်မျက်မယ်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တွေကတဆင့် သိရတဲ့အတွက် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) အနေနဲ့ အလွန်အမင်းစိတ်ပူပန်ကြောင်း စက်တင်ဘာလ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် CI စခန်း ၄ ခု ဖွင့်လှစ်နေ

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် CI စာအုပ်ကို စခန်း ၄ ခု ဖွင့်လှစ်ဆောင်ရွက်ပေးနေပြီ ဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေထံက သိရပါတယ်။