မန္တလေးတိုင်း ငါန်းဇွ်မြို့နယ်အနောက် ကားလမ်းမှာ လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းအနိုင် ကျင့်နေတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့တယ်လို့ TGYR – Youth Guerrilla Counter Revolution -NZ အဖွဲ့ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်က ငါန်းဇွန်မြို့အနောက်မှ လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းအနိုင်ကျင့် နေတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူ‌‌စောထီး အင်အား ၁၀၀ ခန့်ကို ဆပ်ပြာကျင်းရွာအရောက် Fixed Wings Drone ၂ စီးနဲ့ 700 Kg ဗုံးသီး ၂ လုံးကြဲချပြီး ညနေပိုင်းမှာ 40 မမ ဗုံးသီးပစ်လောင်ချာနဲ့ ပစ်ခတ်ကာ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ယောက် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပြီး အတည်ပြု နိုင်ဖို့ စုံစမ်းလျက်ရှိတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို TGYR-YouthGuerrillaCounterRevolution-NZ(TGYR-DroneTeam၊ မန္တလေးခရိုင်အမှတ်-၅တပ်ရင်း၊ အမရပူရမြို့နယ်(ပကဖ)၊ အညာသား-ပြောက်ကျားတပ်ဖွဲ့၊ အားမာန်သစ်-ပြောက်ကျားတပ်ဖွဲ့၊နဲ့ ငါန်းဇွန်မြို့နယ်-မြို့နယ်(ပကဖ)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ် တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နွားထိုးကြီးမြို့ပေါ်ရှိ ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့ပေါ်ရှိ ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက် အောက်ခံတွေကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက Shar Htoo Waw နည်းပညာနဲ့ Fixed Wings ဒရုန်းနဲ့ ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence (မြင်းခြံခရိုင်အမှတ် -၄တပ်ရင်း)ထံက သိရပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းပိုင်းမှာ သံချပ်ကာယာဉ် ၂ စီးနဲ့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကံပြားရွာဘက်ကနေ ပုသိမ်-မုံရွာလမ်းပိုင်းသို့ ဧပြီ ၂၀ ရက်က စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Peacock Brother Urban Guerrilla အဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ ထောက်ပို့စစ်ယာဉ်တန်းအား တပ်ပျက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ Zero ပြောက်ကျားတပ်ဖွဲ့ရဲဘော်တွေကို ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

မန္တလေးတုင်း မြင်းခြံခရိုင် ငါးဇွန်နဲ့ မြို့သာအကြား စစ်ကောင်စီရဲ့ ထောက်ပို့စစ်ယာဉ်တန်းအား တပ်ပျက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ Zero ပြောက်ကျားတပ်ဖွဲ့ရဲဘော်တွေကို ပြည်သူတွေက ကြိုဆို ဂုဏ်ပြုခဲ့ကြတယ်လို့ မြင်းခြံခရိုင်တပ်ရင်း (၇)ထံမှ သိရပါတယ်။
Read More

စလင်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်၊ စစ်သားနဲ့ ပျူ ၈ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ် အနောက်ဘက်ရှိ ဝက်သည်းကန်အနီး ရှမ်းရွာကုန်းနဲ့ ဆင်ကျုံးကြား အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက ဧပြီ ၂၆ ရက် ဒီနေ့မနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းထံက သိရပါ တယ်။
Read More

ကန်ကလေးကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ယောက် သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ အုတ်တွင်းမြို့၊ ကန်ကလေးကျေးရွာအနီး အခြေချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲထံက သိရပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA တည်ထောင်ခြင်း ၄ နှစ်ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကျင်းပ (ရုပ်/သံ)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA တည်ထောင်ခြင်း ၄ ပြည့်အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို ယနေ့ မတ်လ ၁၅ ရက်က လွတ်မြောက်ဒေသတစ်နေရာမှာ ကျင်းပခဲ့တယ်လို့ သိရ ပါတယ်။