အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးနဲ့ ဝန်ကြီးဌာနအကြံပေး ဒေါ်ရွှေရွှေစိန်လတ်တို့ဟာ ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂဥက္ကဌနဲ့ အမှုဆောင်တွေကို တွေ့ဆုံခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၇ ရက်မှာ NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးနဲ့ ဝန်ကြီးဌာနအကြံပေးဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်တို့ ဂျပန်နိုင်ငံ ရောက်ရှိနေချိန်အတွင်း ဂျပန်နိုင်ငံရှိ အင်အားကြီး အလုပ်သမားသမဂ္ဂတွေဖြစ်တဲ့ ဂျပန်တစ်နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (Rengo) နဲ့ အသေးစား၊ အလတ်စား စက်ပစ္စည်းထုတ်လုပ်ရေး အလုပ်သမားသမဂ္ဂ(JAM) တို့က ဥက္ကဌ၊ အမှုဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

NUG ဝန်ကြီးက မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အစဉ်တစိုက် အားပေးကူညီပေးနေတဲ့ အလုပ်သမားသမဂ္ဂတာဝန်ရှိသူတွေကို ကျေးဇူးတင်ကြောင်း ပြောကြားပြီး NUG အစိုးရနဲ့ အလုပ်သမားရေးရာကဏ္ဍတွေမှာ ချိတ်ဆက်ဆောင်ရွက်ကာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေရဲ့ အခွင့်အရေးရပိုင်ခွင့်တွေကို ကူညီကာကွယ်ပေးနိုင်ဖို့အတွက် အပြန်အလှန် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာ့အရေး ဖြေရှင်းရာမှာ ရွေးကောက်ပွဲက ဦးစားပေး မဟုတ်ဘူးလို့ အာဆီယံသဘောတူ

အာဆီယံအနေနဲ့ မြန်မာ့အရေးဖြေရှင်းရာမှာ ရွေးကောက်ပွဲက ဦးစားပေး မဟုတ်ဘဲ၊ စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးကတိကဝတ်တွေကို လိုက်နာဖို့ တိုက်တွန်းတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သောကြာနေ့မှာ ပြောပါတယ်။
Read More

ရုရှားနှင့်တရုတ်ထံမှ ရဟတ်ယာဉ်နှင့် လေယာဉ်များ မြန်မာစစ်တပ်ရယူနေ

မြန်မာအနေနဲ့ သွေးထွက်သံယိုဖြစ်နေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ နိုင်ငံတကာဖိအားတွေ ရှိနေပေမယ့် အာဏာသိမ်း စစ်ကော်မရှင်ကတော့ ရုရှားနဲ့ တရုတ်ဆီကနေ ရဟတ်ယာဉ်နဲ့ လေယာဉ်တွေ ရယူပြီး လေတပ်အင်အားဖြည့်နေတယ်လို့ ပြောပါတယ်။
Read More

စစ်အာဏာသိမ်းခံထားရသည့် မြန်မာနိုင်ငံတွင် တရားစီရင်ရေးစနစ်အပေါ် ယုံကြည်မှု ပြိုလဲသွားပြီဟု ကုလ ထုတ်ပြန်

မြန်မာနိုင်ငံက လူငယ်တွေဟာ စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်အကြာ ဒီနေ့အချိန်မှာ တရားစီရင်ရေးစနစ်အပေါ် လုံးဝယုံကြည်မှု မရှိတော့ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP Myanmar က ဒီနေ့ အောာက်တိုဘာလ ၁၄ ရက်မှာ ထုတ်ပြန်လိုက်လာပါတယ်။
Read More

ထိုင်းတွင် မြန်မာလုပ်သား လူငယ်တစ်ဦး ကြိတ်စက်ထဲ ပါသွားပြီး တစ်စစီဖြစ်ကာ အသက်ဆုံးရှုံး

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာရှိတဲ့ ဖော့ကြိတ်စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာလူငယ် အလုပ်သမားတစ်ယောက် ကြိတ်စက်ထဲ မတော်တဆ ပါသွားကာ ခန္ဓာကိုယ်တစ်စစီဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

အမေရိကန်ကွန်ကရက် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌများက အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ဖို့ သမ္မတဒေါ်နယ်ထရန့်ထံ တိုက်တွန်း

အကြမ်းဖက်စစ်အုပ်စု ပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့အတွက် အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက နိုင်ငံခြားရေးရာကော်မတီဥက္ကဌများနဲ့ လွှတ်တော်အမတ်များက သမ္မတဒေါ်နယ်ထရန့်ထံ တိုက်တွန်းခဲ့တယ်လို့ အမေရိကန်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက  ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျားဖြန့်မှာ အသုံးပြုသည့် ထောင်ချီတဲ့ မိုဘိုင်းဖုန်းဆင်းကဒ်တွေကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ပြည်နယ်၊ မဲရမတ်ခရိုင်မှာ တယ်လီကွန်းနဲ့ အွန်လိုင်းလိမ်လည်မှုမှာ အသုံးပြုတဲ့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနဲ့ ဆင်းကဒ်တွေအမြောက်အမြား သယ်ဆောင်လာတဲ့ အမျိုးသားတစ်ယောက်ကို အာဏာပိုင်တွေက စနေနေ့မှာ ဖမ်းဆီးခဲ့ကြကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားထားပါတယ်။