မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုစွဲချက်နဲ့ အာဂျင်တီးနားနိုင်ငံ၊ Buenos Aires မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးက စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့တဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော် တို့ပါ ပါဝင်တယ်လို့ သိရပါတယ်။
အာဂျင်တီးနားတရားရုံးက အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒုခေါင်းဆောင် စိုးဝင်း အပါအဝင် စစ်တပ်ထိပ်တန်းအရာရှိ ၂၃ ယောက်ကို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး အခင်းဖြစ်ချိန်က အရပ်သား အစိုးရဖြစ်ခဲ့တဲ့ သမ္မတဟောင်း ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဖမ်းဝရမ်းထဲ ထည့်သွင်းထားတယ်လို့ မြန်မာရိုဟင်ဂျာအဖွဲ့အစည်း – BROUK က သတင်းထုတ်ပြန်ထားပါတယ်။
BROUK ထုတ်ပြန်ချက်ထဲမှာတော့ အာဂျင်တီးနားတရားရုံးအနေနဲ့ ဖမ်းဝရမ်းစာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဟောင်း ဦးထင်ကျော်တို့ကို ထည့်သွင်းထားတဲ့အပေါ် ပြန်လည်စဉ်းစားပေးဖို့ တောင်းဆိုထားပါတယ်။
BROUK ကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ ကို ဖမ်းဝရမ်း မထုတ်ဖို့ ၂၀၂၃ ခုနှစ်က တင်ပြခဲ့ပေမယ့် အာဂျင်တီးနား တရားစွဲ ရှေ့နေတွေကတော့ သူတို့ကိုပါ ဖမ်းဝရမ်းတင်ဖို့ ၂၀၂၄ ဇွန်လမှာ လွတ်လပ်စွာ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
BROUK အနေနဲ့ ၂၀၁၉ ခုနှစ်က တင်သွင်းခဲ့တဲ့ အဆိုပါအမှုဟာ ရိုဟင်ဂျာတွေကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့တဲ့ အရင်အရပ်သားအစိုးရရဲ့ အခန်းကဏ္ဍကို လွန်ဆန်တာမဟုတ်ဘဲ လူမျိုးတုံးသတ်ဖြတ်မှုအတွက် တိုက်ရိုက် တာဝန်ရှိတယ်လို့ ယူဆရတဲ့ မင်းအောင်လှိုင်နဲ့ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကို တာဝန်ခံမှုရှိစေဖို့ အဓိကဦးတည်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပုံစာ – ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ပြွန်တန်ဆာမြို့ အုပ်ချုပ်ရေးမှူး၊ ပျူခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ပြွန်တန်ဆာမြို့ မြို့မအုပ်ချုပ်ရေးမှူး ဖြစ်သလို ပျူခေါင်းဆောင် လည်းဖြစ်တဲ့ ဦးလှသောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်း ခဲ့တယ်လို့ 9 Stars Underground Force , Bago Region တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

မြေပြင်ဆင်း ဆေးကုသနေသည့် Free Burma Ranger ဆေးမှူး နော်ဆေးမူးဖော စစ်ကောင်စီ၏ မီးလောင်ဗုံး ထိမှန်သေဆုံး

ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်၊ တောင်ငူခရိုင်၊ ထန်းတပင်(ထောတထူး) မြို့နယ်အတွင်းက လေကြောင်းဒဏ်သင့် ကျေးရွာတွေမှာ ဆေးကုသမှု သွားရောက်လုပ်ဆောင်နေတဲ့ Free Burma Ranger (FBR) ရဲ့ ဆေးမှူး နော်ဆေးမူးဖောဟာ မီးလောင်ဗုံးထိမှန်ဒဏ်ရာနဲ့အတူ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
Read More

အင်းတော်တွင် ဆိုင်ကယ်ခိုးမှု သံသယဖြင့် မြို့နယ် ပကဖ ဖမ်းဆီးခံရသည့် ဒေသခံ စစ်ဆေးမေးမြန်းချိန် သေဆုံးသွားတယ်လို့ ဆို

စစ်ကိုင်းတိုင်း ၊ အင်းတော်မြို့နယ်ရှိ ရွာသာယာကျေးရွာက ပကဖ တပ်ဖွဲ့ဟာ ဒေသခံတစ်ယောက် ဆိုင်ကယ်ခိုးမှု သံသယရှိသူအဖြစ် ဖမ်းဆီးပြီးနောက် စစ်ဆေးမေးမြန်းချိန် သေဆုံးသွားတယ်လို ဒေသခံတွေဆီက သိရပါတယ်။
Read More

အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ရှောင်တခင် လမ်းပိုင်းစစ်ဆေး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းနဲ့ မွန်မဟာမိတ်ပူးပေါင်းတပ်တွေက အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ရှောင်တခင် လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တရုတ်-မြန်မာ နယ်စပ်မှာ မူဝါဒအမျိုးမျိုးတွေကြား မြန်မာကုန်သည်တွေ ပိတ်မိနေ

မူဆယ်-ရွှေလီ တနိုင်တပိုင် နယ်စပ်ကုန်စည်ဖြတ်သန်းမှုကို တရုတ်က ကန့်သတ်ပိတ်ပင်လိုက်လို့  မြန်မာကုန်သည်အများစု အခက်အခဲတွေ ကြုံတွေ့နေတယ်လို့ သိရပါတယ်။
Read More

လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ မန္တလေးဈေးချိုအနီး ဆန္ဒလာပြသည့် ဒေါက်တာ တေဇာဆန်း၊ ကိုနန်းလင်းနှင့် ကိုခန့်ဝေဖြိုးအပါ ၁၀ ဦးကို စစ်ကော်မရှင် အမှုဖွင့်

လုံခြုံရေးတင်းကြပ်တဲ့ မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ်ကို ပုန်ကန်အံတုကာ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ဒေါက်တာ တေဇာဆန်း၊ ကိုနန်းလင်းနဲ့ ကိုခန့်ဝေဖြိုး အပါအဝင် ၁၀ ယောက်ကို ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားမှု ကာကွယ်ရေးဥပဒေနဲ့ အမှုဖွင့်ထားကြောင်း စစ်ကော်မရှင်က ဒီနေ့ ထုတ်ပြန်ပါတယ်။