ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စ​စ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးနေတဲ့ ခွက်မ အုပ်စု အုပ်ချုပ်ရေးမှူး ဆိုသူ နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားကြောင်းသိရပါတယ်။
ဖေဖော်ဝါရီလ ၁၅ရက်၊ နေ့လယ်ပိုင်းမှာ မင်းလှမြို့နယ်၊ ဇရစ်မျှောင်ကျေးရွာနေ ခွက်မအုပ်စု အုပ်ချုပ်ရေးမှူး သန်းထွေးကို နေအိမ်အထိသွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ က ထုတ်ပြန်ပါတယ်။
အုပ်ချုပ်ရေးမှူး သန်းထွေးကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ၂ချက်ပစ်ခတ်ရှင်းလင်းခဲ့ပြီး မိုဘိုင်းဖုန်း ၁လုံး၊ ဆိုင်ကယ်၁စီး၊ စည်းတံဆိပ်တုံး ၂ခုနဲ့ ထောက်ခံစာရွက်တွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီအတွက် စစ်မှုထမ်းတပ်သားစုဆောင်းပေးနေသလို အရပ်သားတွေဆီက စစ်မှုထမ်းကြေး အတင်းအကြပ်ကောက်ခံတာ၊ စစ်တပ်အကြောင်းပြ ခြိမ်းခြောက်တာတွေအပြင် သစ်ဝါးတိုက်သူတွေဆီကပါ ဆက်ကြေးသဘောမျိုး အတင်းအကြပ် ကောက်ခံတာတွေရှိနေတာကြောင့် သန်းထွေးကို ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ က ထုတ်ပြန်ပါတယ်။
ပဲခူးတိုင်းအတွင်း စစ်ကောင်စီ အဓိကထောက်တိုင်တွေဖြစ်တဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူ့စစ်ဆိုသူတွေကို တော်လှန်ရေးအဖွဲ့တွေက မကြာခဏ ပစ်ခတ်ရှင်းလင်းရာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ရက်နေ့ကလည်း သဲကုန်းမြို့နယ်၊ ရပ်ကွက်(၂) အားကစားကွက်သစ်နေ ပျူစောထီး မောင်ပြုံး(ခ) ဓားငပြုံးကို ဓားသွေးကျောက်ရွာအတွင်း တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့ပါသေးတယ်။
ပုံစာ – ခွက်မအုပ်စု အုပ်ချုပ်ရေးမှူး သန်းထွေးထံမှသိမ်းဆည်းရရှိသည့် ပစ္စည်းများ
0 Shares:
You May Also Like
Read More

လေယာဉ်ဗုံးထိမှန်ကျဆုံးခဲ့သည့် မိုးကုတ်ပကဖ ရဲဘော် (၂) ဦးအတွက် အမိန့်ပြန် အခမ်းအနား

အကြမ်းဖက်စစ်ကောင်စီရဲ့ လေယာဉ်ဗုံး ထိမှန်ကာ ကျဆုံးခဲ့တဲ့ ပကဖ ရဲဘော် (၂) ယောက်အတွက် မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပကဖက အမိန့်ပြန်တမ်းထုတ် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

NUG ပြည်ထောင်စုဝန်ကြီးချုပ်  ကော်ဘရာစစ်ကြောင်းအဖွဲ့ခေါင်းဆောင် ဗိုလ်ဒါဘောနဲ့အဖွဲ့အား သွားရောက်တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဟာ ကရင်ပြည်နယ်က စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောဦးဆောင်တဲ့ ကော်ဘရာစစ်ကြောင်း တပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ပါတယ်။
Read More

သာယာဝတီမှာ အမျိုးသမီးတွေကို စစ်မှုထမ်းစာရင်းကောက်ယူဖို့ စတင်ပြင်ဆင်နေ 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်က မြို့နယ်တွေမှာ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့အတွက် စာရင်းကောက်ယူဖို့ ထွေအုပ်ရုံးတွေကနေ စတင် စာရင်းပြုစုတာတွေ လုပ်ဆောင်နေပြီလို့ ပြည်နယ်ထွေအုပ်ရုံးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ 
Read More

မန္တလေးမြို့တွင် ရပ်ကွက်တိုင်းနီးပါး စစ်မှုထမ်းမဲပြန်နှိုက်ရန် စစ်ကောင်စီ အတင်းအကြပ် လုပ်ဆောင်နေ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ရပ်ကွက်တိုင်းလိုလိုမှာ အကြမ်းဖက်စစ်တပ်က ရပ်ကွက်နေပြည်သူတွေကို စစ်မှုထမ်းမဲနှိုက်တာတွေ ပြန်လည်လုပ်ဆောင်ခိုင်းနေပြီး မဲစာရင်းထဲမှာ သေဆုံးသူတွေနဲ့ စစ်သား၊ ရဲတွေပါ ပြန်နှိုက်​​နေရတယ်လို့ Voice Of Mandalay ဆီက သိရပါတယ်။
Read More

ဧရာဝတီ PDF ရဲ့ အပတ်စဥ် ၆ စစ်သင်တန်းသား အသစ်တွေ ခေါ်ယူ၊ အမျိုးသမီး စစ်မေတွေကို အဓိက အလေးထားခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဧရာဝတီတိုင်းစစ်ဌာန၊ AYA PDF အမှတ် (၂၉) ဗျူဟာရဲ့ အပတ်စဉ် (၆) စစ်သင်တန်းအတွက် ရဲဘော်သစ် သင်တန်းသားတွေ ခေါ်ယူနေတယ်လို့ AYA PDF က ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့ဝင်များ မတိုက်ခိုက်မီ ဟိုင်းယုလမ်းဆုံတပ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင်၊ စိန်ကန့်လန့်-မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းဘေးက ဟိုင်းယုလမ်းဆုံရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်ကာ ရှင်းလင်းရေးပြုလုပ်နိုင်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က သတင်းထုတ်ပြန်ပါတယ်။