ထိုင်း-မြန်မာနယ်စပ်က ငွေလိမ်ဂိုဏ်းတွေကို ဖြိုခွင်းရာမှာ ထိုင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီမဟာမိတ် ကရင်နယ်ခြားစောင့်ခေါင်းဆောင် စောချစ်သူက ကတိပေးလိုက်ပါတယ်။
BGF အနေနဲ့ သူ့ထိန်းချုပ်နယ်မြေထဲမှာ လုပ်ကိုင်နေတဲ့ လိမ်လည်သူတွေနဲ့ လူကုန်ကူးသူတွေကို ဖမ်းဆီးသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့တာဖြစ်ပြီး လူကုန်ကူးခံရသူတွေရဲ့ နေရပ်ပြန်ပို့ရေးကိုလည်း ကူညီပေးမယ်လို့ စောချစ်သူက ဆိုပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလ ၁၅ ရက်က စလို့ မြဝတီမြို့က နိုင်ငံခြားသား နစ်နာသူတွေကို မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားကတဆင့် ထိုင်းနိုင်ငံကို လွှဲပြောင်းပေးသွားမယ်လို့လည်း သူက ပြောပါတယ်။
“ဒီလုပ်ဆောင်ချက်ဟာ နိုင်ငံဖြတ်ကျော် ရာဇ၀တ်ဂိုဏ်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ လူကုန်ကူးခံရသူတွေရဲ့ မိခင်နိုင်ငံကို ဘေးကင်းလုံခြုံစွာ ပြန်လာနိုင်ဖို့ ထိုင်းနဲ့ မြန်မာကြား ပူးပေါင်းဆောင်ရွက်မှုကို ပံ့ပိုးပေးဖို့ ရည်ရွယ်တာပါ။” “လိုအပ်ရင် ထိုင်းအစိုးရကို အကြံဉာဏ်နဲ့ အကူအညီတွေ ပေးစေချင်ပါတယ်” လို့ ဗိုလ်မှူးကြီး စောချစ်သူက ပြောတာပါ။
ပုံစာ – ထိုင်းနိုင်ငံ၏ အထူးစုံစမ်းစစ်ဆေးရေးဌာနက ဖမ်းဝရမ်းထုတ်ဖို့ ပြင်ဆင်နေသည့် စောချစ်သူနှင့် ဗိုလ်မုတ်သုန် (ပုံဟောင်း)
နယ်စပ်တလျှောက်က ပြစ်မှုကျူးလွန်သူတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းမှုတစိတ်တပိုင်းအနေနဲ့ ခေါ်ဆိုရေးစင်တာတွေမှာ လုပ်ကိုင်နေကြတဲ့ လူ ၈ထောင်ကျော်ကို BGF က နှင်ထုတ်မှာဖြစ်ကြောင်း၊ အများစုက တရုတ်နိုင်ငံသားတွေဖြစ်ကြောင်း နယ်စပ်သတင်းအရင်းအမြစ်တစ်ခုကို ကိုးကားပြီး ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။
ထိုင်းရဲတပ်ဖွဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ ဆိုက်ဘာရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး Thatchai Pitaneelaboot က မြန်မာနိုင်ငံအတွင်းက ကျားဖြန့်နဲ့ လူကုန်ကူးဂိုဏ်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ တရုတ်နိုင်ငံသား သံသယရှိသူ ၃၇၀၀ ကျော်ရဲ့စာရင်းကို ပေကျင်းက ထိုင်းဆီ ပေးခဲ့ကြောင်း သောကြာနေ့မှာ ပြောပါတယ်။
နယ်စပ်တလျှောက်က ရာဇဝတ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ ထိုင်းနဲ့လက်တွဲလိုကြောင်းပြသခဲ့တဲ့ စောချစ်သူကို ကျေးဇူးတင်ကြောင်း၊ ထိုင်း-မြန်မာနယ်စပ်တလျှောက်က ငွေလိမ်သူတွေအားလုံး အမြစ်ဖြတ်ပြီး ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့က အစိုးရရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်ကြောင်း ထိုင်းဒုတိယ၀န်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က သောကြာနေ့မှာ ပြောပါတယ်။
ဒါပေမယ့် ထိုင်းရဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာနကတော့ စောချစ်သူနဲ့ အခြား BGF ခေါင်းဆောင်နှစ်ယောက်ကို လူကုန်ကူးမှုနဲ့ ဖမ်းဝရမ်းထုတ်ထားတာကို ဆက်လက်လုပ်ဆောင်နေကြောင်း အင်္ဂါနေ့က ပြောပါတယ်။
မြဝတီမြို့က အွန်လိုင်းလိမ်လည်မှု၊ တရားမဝင်ကာစီနိုနဲ့ အွန်လိုင်းလောင်းကစားတွေမှာ BGF က ပါဝင်ပတ်သက်နေကြောင်း ပြီးခဲ့တဲ့နှစ်‌ မေလမှာ Justice for Myanmar က ဖော်ထုတ်ခဲ့ပါတယ်။
ယူကေနိုင်ငံကလည်း စောချစ်သူကို လူကုန်ကူးမှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပိတ်ဆို့အရေးယူထားပြီး အီးယူကတော့ သူနဲ့အတူ စောမုတ်သုန်နဲ့ စောတင်ဝင်းတို့ကိုပါ ပိတ်ဆို့အရေးယူခဲ့ပါတယ်။
News – BangkokPost
0 Shares:
You May Also Like
Read More

KIA ၏ ကချင်ဒေသအထူးစစ်ဆင်ရေးကြီးမှာ ဗမာ့တပ်တော် (ယခင်မိုးကြိုးပြောက်ကျားတပ်ဖွဲ့) ပါဝင်တိုက်ပွဲဝင်ခဲ့

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲ့ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်မှာ စတင်ခဲ့တဲ့ ကချင်ဒေသ အထူးစစ်ဆင်ရေးကြီးမှာ ပါဝင်တိုက်ပွဲဝင်ခဲ့တယ်လို့ ဗမာ့တပ်တော် (ယခင်မိုးကြိုးပြောက်ကျားတပ်ဖွဲ့) က ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မော်လမြိုင်ကျွန်းမြို့ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အာဂတိလိုက်စားလို့ဆိုပြီး နယ်ပြောင်းရွှေ့ခံရ

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့က အကြမ်းဖက်စစ်တပ်လက်အောက်ခံ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ သီဟဇော်ကို အာဂတိလိုက်စားမှုနဲ့ ပုသိမ်တိုင်းရုံးမှာ ခေါ်စစ်ဆေးရာကနေ နိုဝင်ဘာ ၂ ရက်​မှာ မုံရွာမြို့ကို ပြောင်းရွှေ့လိုက်ကြောင်း စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

နတခ က စစ်ဦးစီးအဆင့်နဲ့ တပ်ရင်းမှူးအဆင့် အပါအဝင် စစ်တပ်အရာရှိ ၅ယောက်ကို တပ်သားအင်အား လိမ်လည်ဖော်ပြမှု၊ စက်သုံးဆီ မှောင်ခိုမှုတွေနဲ့ ဖမ်းဆီးစစ်ဆေးနေ

ဧရာဝတီတိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံ အရာရှိ ၅ယောက်ကို တပ်သားအင်အား လိမ်လည်ဖော်ပြမှု၊ စက်သုံးဆီ မှောင်ခိုလုပ်ကိုင်မှုတွေနဲ့ ဖမ်းဆီးစစ်ဆေးနေကြောင်း စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

မင်းကွန်းမှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရဲတွေရှင်းလင်းခံရပြီးနောက် စစ်အုပ်စုက အရပ်သား ၄ ယောက်ကို အကြောင်းမဲ့ပစ်ခတ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မင်းကွန်းဒေသမှာ အရပ်ဝတ်နဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရဲတွေ ပစ်ခတ်ခံရပြီးနောက် အရပ်သားထိခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲမှာ မပါဝင်ဖို့ ကျေးရွာများကို လှည့်လည်ပြီး မင်းဘူးခရိုင် ပကဖ တာဝန်ခံ ဟောပြောဆွေးနွေး…

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာတွေကို မင်းဘူးခရိုင် ပကဖ သတင်းပြန်ကြားရေး တာဝန်ခံ နဲ့ တပ်ဖွဲ့ဝင်တွေ သွားရောက်ပြီး ပြည်သူတွေနဲ့ တွေ့ဆုံကာ အကြမ်းဖက်စစ်တပ် လုပ်ဆောင်မယ့် အတုအယောင် ရွေးကောက်ပွဲမှာ မပါဝင်ဖို့ ဟောပြောဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်ကောင်စီ လေတပ်ဗိုလ်ကြီးကို PLA ပစ်ခတ်ရှင်းလင်း

စစ်ကောင်စီရဲ့ လေတပ်ဗိုလ်ကြီးတစ်ယောက်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဒီနေ့ ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။