စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းပျူကင်းစခန်းအား ဖေ‌ဖော်ဝါရီ ၁၁ ရက် ညနေပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ ရောင်နီဦးတပ်ရင်း-မုံရွာခရိုင်တပ်ရင်းအမှတ် ၁၉ထံက သိရပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁ ယောက်သေပြီး တော်လှန်ရေးပူးပေါင်းရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်ဆင်ရေးကို မုံရွာခရိုင် ဗျူဟာ(၆၆)စစ်ကြောင်း (မုံရွာခရိုင်တပ်ရင်းအမှတ် ၁၉၊၂၁၊၂၆)၊အရာတော်မြို့နယ်ပကဖအဖွဲ့တွေနဲ့အတူ တခြားမဟာမိတ်အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

အရာတော် ငွေတွင်းကျေးရွာကထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ခြုံခိုတိုက်ခိုက်မှု ၅ ယောက် သေ၊ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းကျေးရွာကထွက်လာတဲ့ အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီ တပ်သားတွေကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာ တော်လှန်ရေးတပ်‌ပေါင်းစုတွေ ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ရောင်နီဦးတပ်ရင်း-မုံရွာခရိုင် တပ်ရင်းအမှတ် ၁၉ ထံက သိရပါတယ်။
Read More

လေကြောင်းဗုံးကြဲမှုဒဏ်ခံနိုင်ပြီး စိတ်ချလုံခြုံသည့် ဆေးရုံဆေးခန်းများ တည်ဆောက်နိုင်ရေး ဝိုင်းဝန်းကူညီကြရန် ဦးမင်းကိုနိုင် ဖိတ်ခေါ် (ရုပ်/သံ)

စစ်ကောင်စီက လေကြောင်းကနေ ဆေးရုံဆေးခန်းတွေ၊ စာသင်ကြောင်းတွေ၊ အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်လာတဲ့အတွက် ထိခိုက်ဒဏ်ရာရရှိလာတဲ့ ရဲဘော်တွေနဲ့ အရပ်သားပြည်သူတွေကို ဆေးကုသပေးမယ့် စိတ်ချလုံခြုံတဲ့ ဆေးရုံဆေးခန်းတွေ တည်ဆောက်ဖို့လိုလာပြီလို့ ဆိုပါတယ်။
Read More

မော်လိုက်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခဲ့မှု မှတ်တမ်းများ (ရုပ်/သံ)

မော်လိုက် PDF တပ်ဖွဲ့တွေရဲ့ နယ်မြေစိုးမိုးရေး စခန်းသိမ်းတိုက်ပွဲတွေအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု မှတ်တမ်းကို  မော်လိုက်ခရိုင် အမှတ်-၁ တပ်ရင်း (PaungByin PDF) က ထုတ်ပြန်လိုက်ပါတယ်။
Read More

မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ရော့ကတ် အလုံး ၃၀ နဲ့ ပစ်ခတ်တိုက်ခိုက်မှု တိုင်းဦးစီးချုပ်ရဲ့ ကိုယ်ရေးအရာရှိအပါအဝင် ၁၅ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ဇန်နဝါရီ ၁၄ ရက် ည ပိုင်းက ရှော့တိုက်ရော့ကတ် အလုံး ၃၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Rocket Brother -CRB အဖွဲ့ထံက သိရပါတယ်။
Read More

မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သား နေအိမ်တွေကို မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့  Karenni Nationalities Defence Force (KNDF) ထံက သိရပါတယ်။
Read More

“ဌာနေပေါ် ပျံကာဝဲ ရင်း-၉ ဒရုန်းတို့ကမည့်ပွဲ ’’ ပရောဂျက်တွင် တော်လှန်ပြည်သူများ ပါဝင်အားဖြည့်ပေးကြဖို့ KNDF B-09 ရဲဘော်တွေ တိုက်တွန်းနှိုးဆော် (ရုပ်/သံ)

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် အမှတ်-၉ တပ်ရင်း (KNDF B-09) မှ ပြုလုပ်ထားတဲ့ “ဌာနေပေါ် ပျံကာဝဲ ရင်း-၉ ဒရုန်းတို့ကမည့်ပွဲ ’’  သိန်း (၅၀၀၀ ) ပရောဂျက်ကြီးမှ တော်လှန်ပြည်သူတွေ ပါဝင်အားဖြည့်ပေးကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။