မြဝတီမြို့နယ်က ကျားဖြန့်လုပ်ငန်းတွေထံမှာ လူကုန်ကူးခံထားရတဲ့ နိုင်ငံခြားသားတွေကို ထိုင်းဘက်က တစ်ရက်ကို လူ ၅၀၀ နှုန်း လက်ခံသွားဖို့ သဘောတူထားကြောင်း သိရပါတယ်။
ဖေဖော်ဝါရီ ၁၅ရက် ဒီနေ့ ပြုလုပ်ခဲ့တဲ့ ထိုင်း-မြန်မာ နယ်စပ်ကော်မတီ အစည်းအဝေးမှာ နှစ်နိုင်ငံကြား အခုလို သဘောတူညီခဲ့တာ ဖြစ်တယ်လို့ ထိုင်းသတင်းမီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။
လွှဲပြောင်းမယ့်သူတွေကို အမှတ် ၂ ချစ်ကြည်ရေး တံတားကနေ လက်ခံသွားမှာဖြစ်ပြီး မြန်မာကနေ ထိုင်းဘက်ကို လာချင်တဲ့ လူကုန်ကူးခံရသူ နိုင်ငံခြားသားတွေကို စုဆောင်းထားဖို့၊ အဲဒီလူတွေရဲ့ အချက်အလက်တွေကို အနည်းဆုံး ၃ရက်ကနေ ၅ရက်ကြား ကြိုပို့ထားဖို့ သဘောတူညီချက်ထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။
ထိုင်းအစိုးရအနေနဲ့ နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်း ရာဇဝတ်သားတွေ နှိမ်နင်းရေးကို ကျယ်ကျယ်ပြန်ပြန့် လုပ်ဆောင်လာမှုတွေ ရှိနေပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့က တရုတ်ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီဝန်ကြီးတွေ တွေ့ဆုံချိန်မှာလည်း ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို မြန်မာ-ထိုင်း-တရုတ် (၃) နိုင်ငံ ပူးပေါင်းလုပ်ဆောင်ဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – AEC News/ The Reporters
0 Shares:
You May Also Like
Read More

အုန်းဖျန်ဗုံးပေါက်ကွဲမှု ဝမ်းနည်းရှုတ်ချကြောင်း KNU ထုတ်ပြန်

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖျန်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပစ်တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီဇင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဘေးသင့်ပြည်သူတွေထံ အကူအညီများ မရောက်စေရန် အာဏာသိမ်းစစ်တပ် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလထံ အသိပေး

အာဏာသိမ်းစစ်တပ်က ငလျင်ဘေးသင့် ပြည်သူတွေထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ မရောက်ရှိစေဖို့ ရည်ရွယ်ချက်ရှိရှိ တားမြစ်ခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

တောင်ကိုရီးယားမှာ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲ တော်လှန်ပြည်သူ ၄၀၀ ကျော် တက်ရောက် ဆန္ဒပြခဲ့…

အောက်တိုဘာလ ၄ ရက် ဒီနေ့ မွန်းလွဲပိုင်းကနေ စတင်လို့ ဆိုးလ်မြို့မှာ ဆန္ဒပြပွဲကို ဖော်ဆောင်ခဲ့တာဖြစ်ပြီး အဲဒီ ဆန္ဒပြပွဲကို ကိုရီးယား NUG ကိုယ်စားလှယ်ရုံးနဲ့ ကိုရီးယားရှိ တော်လှန်ရေးအဖွဲ့ပေါင်း ၃၉ ဖွဲ့ ပါဝင်တဲ့ "စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီ" ကနေ စီစဉ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ရွှေ့ပြောင်းများကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဖို့ အိန္ဒိယအစိုးရညွှန်ကြား

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးဖို့အတွက် အိန္ဒိယအစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတစ်ရပ်ကို စတင်လိုက်ကြောင်း အိန္ဒိယသတင်းတွေက မေလ ၁၉ ရက်မှာ ဖော်ပြထားကြပါတယ်။
Read More

ကျားဖြန့်နဲ့ ဆက်စပ်တယ်ဆိုပြီး မြန်မာပြည်က စတားလင့် ၂၅၀၀ ကျော် SpaceX ဖြတ်တောက်

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း စာထုတ်ပေးရန် ဂျပန်နိုင်ငံထံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တောင်းဆို

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ရှင်းရှင်းလင်းလင်းအသိအမှတ်မပြုဘူးဆိုတဲ့အကြောင်း စာထုတ်ပေးဖို့အတွက် ဂျပန်နိုင်ငံထံ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တောင်းဆိုလိုက်ပါတယ်။