စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် ၁၀ စီးယာဉ်တန်းကို ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက မုံရွာ-အရာတော်လမ်းပိုင်းမှာ ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ Brothers Revolution Force-Monywa အဖွဲ့ထံက သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ယာဉ် ၅ စီးနဲ့ ခဲယမ်းအများအပြားသိမ်းဆည်းရရှိပြီး စစ်သား ၉ ယောက်သေကာ ၇ ယောက် အရှင်ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

သိမ်းဆည်းရရှိတဲ့ ခဲယမ်းများမှာ ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက်ဆံ ၁၅ လုံး၊ RPG ဗုံးသီး အလုံး ၂၀ ၊ 5.56 ကျည် ၄၀၀၀ တောင့် ၊ 7.62 ကျည် ၅၀၀၀ တောင့် ၊ ဒရုန်းဗုံးသီး ၂၀ လုံး၊ ၆၀ မမ ဗုံးသီး ၂၇ လုံး၊ မိုင်းမျိုးစုံ ၃၀ ၊ နင်းမိုင်း ၄၅ လုံး၊ Jammer စက်ကြီး ၃ လုံး၊ စက်အသေး ၂ လုံး၊ G3 အမျိုးအစား သေနတ် ၂ လက်၊ MA4 အမျိုးအစား သေနတ် ၁ လက်၊ အူဇီ – Uzi အမျိုးအစား သေနတ် ၁ လက် ၊ ၄၀ မမ ဗုံးသီး ၃ လုံး ၊ ကျောပိုးအိတ် ၅ လုံး၊ ယူနီဖောင်း ၂ စုံနဲ့အတူ အခြားဆက်စပ်ခဲယမ်းပစ္စည်းတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Brothers Revolution Force Monywaနဲ့အတူ ဗျူဟာ ၆၆ စစ်ကြောင်း (မုံရွာခရိုင်တပ်ရင်း -၁၉၊၂၁၊၂၆)၊ မုံရွာခရိုင်တပ်ရင်း (၂၇၊၂၀၊၂၂၊၁၈၊၂၄) ၊ အရာတော်မြို့နယ် ပကဖ ၊
မုံရွာမြို့နယ်ပကဖ တိုက်နယ်အမှတ် ၂ ၊ အရာတော်မြို့နယ်ပလဖ၊ BLDF၊ Golden Eagle Force ၊ Venomous Revolution Force၊ Special Revolution Force အဖွဲ့နဲ့အတူ အခြားမဟာမိတ်အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး မဟာမိတ်တော်လှန်ရေးရဲဘော် ၁ ဘောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တိုက်ခန်းအမြင့်ပေါ်က ကလေးငယ်ကို ကယ်ဆယ်ခဲ့တဲ့ မြန်မာနိုင်ငံသား

တိုက်ခန်းအမြင့်ပေါ်က ကလေးငယ်ကို ကယ်ဆယ်ခဲ့တဲ့ မြန်မာနိုင်ငံသားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့ကို စင်ကာပူနိုင်ငံက ဆုချီးမြှင့် (ရုပ်/သံ)အောက်တိုဘာ ၂၆၊ ၂၀၂၄စင်ကာပူနိုင်ငံမှာ အောက်တိုဘာ ၂၀ ရက်က တိုက်ခန်းအမြင့်အစွန်းမှာ ရောက်နေတဲ့ ကလေး ငယ်ကို ကယ်ဆယ်ခဲ့တဲ့ မြန်မာနိုင်ငံသား အလုပ်သမား ဆေးသုတ်သမား ကိုစသူရအောင်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကားဆရာ Jahir တို့ကို စင်ကာပူအာဏာပိုင်တွေ ဆုချီးမြှင့်လိုက်တယ်လို့ သိရပါတယ်။
Read More

ရေစကြိုမြို့မှလာသည့် စစ်တပ်သံပြားကာယာဉ် ၁ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁ ယောက်သေ၊ ၆ ယောက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့ကလာတဲ့ အကြမ်းဖက်စစ်တပ် သံပြားကာယာဉ် ၁ စီးကို မတ်လ ၃ ရက် ည ၁၂ နာရီဝန်းကျင်ခန့်မှာ တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ထံက သိရပါတယ်။
Read More

ရှေ့တန်းပြန် တိုက်ပွဲဝင်ရဲဘော်တွေကို ပြည်သူတွေ ကြိုဆို‌အောင်ပွဲခံခဲ့ကြတဲ့ ရုပ်သံဖိုင်ကို BLACK WOLF – ARMY ထုတ်ပြန် (ရုပ်/သံ)

စစ်မြေပြင်မှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ချေမှုန်းပြီး နေရပ်ပြန်လာကြတဲ့ ရှေ့တန်းပြန် ရဲဘော်တွေကို ပြည်သူတွေက ကြိုဆိုအောင်ပွဲခံခဲ့ကြတဲ့ ရုပ်သံဖိုင်ကို BLACK WOLF - ARMY က မနေ့က အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သား အောင်ချမ်းမြေ့နှင့် တွေ့ဆုံမေးမြန်းမှု (ရုပ်/သံ)

''တပ်တွင်းမှာ လူအင်အားနည်းတာတွေ ဖြစ်နေတယ်။ ရှေ့တန်းဆိုရင် တောက်လျှောက်ထွက်နေရတယ်။ နောက်တန်းမှာ တစ်လ၊ နှစ်လလောက်ပဲ နားရသေးတယ်။ ရှေ့တန်းပြန်ပြန်ပါသွားတယ်။ ရှေ့တင်ကျရင်တော့ လူကြီးပြောသွားရင်တော့ မခံချင်လည်း သည်းခံရတယ်ပေါ့။ ဒါပေမယ့် ကွယ်ရာကျရင်တော့ တိုက်ပွဲမဖြစ်သေးလို့ တိုက်ပွဲဖြစ်ရင်တော့ ငါပစ်သတ်မှာပဲပေါ့။ ဒါမျိုးတွေ ပြောတာဆိုတာတွေ ကြုံရတယ်''
Read More

လင်းကတောရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များ ခုခံတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောရဲစခန်းကနေ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဧပြီ ၁ ရက်က တော်လှန်ရေးတပ်ဖွဲ့တွေ ခုခံတိုက်ခိုက်ခဲ့ တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း-၁၅ ထံက သိရပါတယ်။
Read More

ဖာပွန်စစ်ကြောင်းပြန် Fire Dragon PDF ရဲဘော်များကို ပြည်သူလူထု ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ပဲခူးခရိုင် အမှတ် (၃) တပ်ရင်း ၃၇၀၃ တပ်ခွဲ (၂) တပ်ခွဲ (၃) ဖာပွန်စစ်ကြောင်းကနေ ညဘက်စစ်ကြောင်းပြန် Fire Dragon PDF ရဲဘော်တွေကို ပြည်သူတွေက ပန်းတွေနဲ့ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။