ထိုင်း-ကရင်နီနယ်စပ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တောင်ကတုံးစစ်စခန်းကုန်းကို ဖေဖော်ဝါရီ ၁၃ ရက်က ကရင်နီပြည်တပ်မတော် (KA) က သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစခန်းကုန်းကို အကြမ်းဖက်စစ်တပ်က အင်အား ၄၀ ခန့်ဝန်းကျင်နဲ့ တပ်စွဲထားပြီး ဖေဖော်ဝါရီ ၁၂ ရက်က လက်နက်ကြီးတွေ၊ ဒရုန်းနဲ့ စတင်တိုက်ခိုက်ပြီး အကြမ်းဖက်စစ်တပ်က စခန်း လက်လွှတ်ရစေဖို့ လေကြောင်း ကနေ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သားအများအပြားသေနိုင်ပြီး လက်နက်ခဲယမ်းအများအပြားနဲ့ စစ်သုံးယာဉ်တွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တောင်ကတုံးစခန်းလို့လည်းခေါ်တဲ့ အဲဒီတပ်စခန်းဟာ ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် တပ်စခန်းတစ်ခုလည်းဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၃၀ ဝန်းကျင်က ကရင်နီပြည်တပ်မတော် (KA) လက်လွှတ်ခဲ့ရတဲ့ စခန်းလည်း ဖြစ်ပါတယ်။

Video -Khu Lu Reh Paing

0 Shares:
You May Also Like
Read More

အမှတ် (၁) အထူးတပ်ရင်း Special Regiment-1 ရဲဘော်များ၏ စစ်ဆင်ရေးလေ့ကျင့်မှု (ရုပ်/သံ)

အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် (၁) အထူးတပ်ရင်း Special Regiment-1 ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်မှု မှတ်တမ်း ရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။
Read More

ဘန်ကောက်မြို့ အထပ်မြင့်အဆောက်အအုံများကြား လမ်းမကြီး မြေကျွံကျမှု ဖြစ်ပွား (ရုပ်/သံ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စက်တင်ဘာ ၂၄ ရက် ဒီနေ့ မနက်ပိုင်းက အထပ်မြင့်အဆောက်အအုံတွေကြား ယာဉ်သွားလမ်းမကြီး မြေကျွံကျမှုဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

“စက်လက်စုံညီ ရှေ့သို့ချီ” ကမ်ပိန်းမှာ ပါဝင်ပေးဖို့ ယင်းမာပင် ပကဖ ဖိတ်ခေါ် (ရုပ်/သံ)

အညာဒေသမှာ စနစ်တကျ စုဖွဲ့ပြင်ဆင်မှုတွေနဲ့ စစ်ကောင်စီကို တိုက်ခိုက်ဖို့အတွက် “စက်လက်စုံညီ ရှေ့သို့ချီ" ကမ်ပိန်းမှာ ပါဝင်ပေးကြဖို့ ယင်းမာပင်ခရိုင် ပကဖ က ဖိတ်ခေါ်လိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်စခန်းကုန်းကို ဒရုန်းပေါ်ကနေ မစ်ဆိုင်းဒုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

Golden Eagle-People Defense Force က ဒရုန်းပေါ်ကနေ မစ်ဆိုင်းဒုံးနဲ့ အကြမ်းဖက်စစ်တပ်စခန်းကုန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myo Myint Kyaw ဖေ့စ်ဘွတ်ခ်အကောင့်ကတဆင့် ပြည်သူတွေထံ အသိပေး ဖော်ပြလာတယ်။
Read More

မုံရွာမြို့ စီးပွားရေးတက္ကသိုလ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ အလစ်အငိုက်ဝင်ရောက်ပစ်ခတ်မှု စစ်သား ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ စီးပွားရေးတက္ကသိုလ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို စက်တင်ဘာ ၂၆ ရက် ညနေပိုင်းက တော်လှန်ရေးတပ်တွေ အလစ်အငိုက်ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ တောကျွဲကြီးပျောက်ကြားတပ်ဖွဲ့ထံက သိရပါတယ်။