ပဲခူးတိုင်း၊ တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ စစ်ကောင်စီရဲ့နယ်မြေရှင်းလင်းရေးစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၃ယောက်သေကာ ၂ယောက် အပြင်းအထန် ဒဏ်ရာရသွားကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ပုံစာ – KNU တပ်မဟာ (၂) တပ်ရင်း(၅) လက်အောက်ခံ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ
ဖေဖော်ဝါရီ ၁၃ရက်နေ့က တောင်ငူ-လိပ်သိုလမ်းပိုင်းပေါ် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စ​စ်သားတွေနဲ့ KNU တပ်မဟာ (၂) တပ်ရင်း (၅) လက်အောက်ခံ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မွန်ကုန်းရွာအနောက်ဘက်၊ လေးဒူးချောင်းနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
“ထိတွေ့မှုက နယ်မြေရှင်းရင်း စစ်ကူတက်တဲ့စစ်ကြောင်းနဲ့ပွဲဖြစ်တာပါ။ အဲ့ဒီစစ်ကြောင်းက ရှမ်းလေပြေဖက် တက်နိုင်ခြေရှိတဲ့ စစ်ကြောင်းပါ။ ရိက္ခာခဲယမ်းကားလည်း ပါပါတယ်။ လိပ်သို (၆၀၃) ခမရ တပ်ရင်းကို တက်ဖို့လုပ်တာ အခုထိမရောက်သေးပါဘူး” လို့ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့သလို အင်အားများလာတာကြောင့် ၁၅မိနစ်ကြာထိတွေ့မှုပြီးတဲ့​နောက်မှာ အထိအခိုက်မရှိ ပြန်ပြီးဆုတ်ခွာခဲ့တယ်လို့ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ရက်နေ့ကလည်း တောင်ငူမြို့၊ ၆မိုင်၊ ရွာတန်းရှည်ထိပ်၊ ကျောက်စက်ကို အင်အားအလုံးအရင်းနဲ့ စစ်ကောင်စီတပ်တွ စစ်ကြောင်းထိုးလာတုန်း KNU တပ်မဟာ (၂) တပ်ရင်း (၄) အဖွဲ့နဲ့အတူ KNU တပ်မဟာ (၂) တပ်ရင်း (၅) လက်အောက်ခံ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အသံတိတ်ဗုံးတွေ၊ 40mmတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါသေးတယ်။
အဲ့ဒီတိုက်ခိုက်မှုတုန်းကလည်း စစ်ကောင်စီဘက်က ၂ယောက်သေပြီး ၃ယောက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

မံစီမြို့က ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လိုက်လံချေမှုန်းရာ စစ်သား ၁၀၀ ကျော် သေဆုံး

ကချင်ပြည်နယ်၊ မံစီမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ရင်းစခန်းတွေကနေ ထွက်ပြေးသွားတဲ့ စစ်သားတွေကို လိုက်လံချေမှုန်းရာ ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ KIA သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

တိုက်ပွဲထဲ အရေးပါတဲ့ Lv3 အဆင့် ကျည်ကာပြားတွေ စမ်းသပ်ထုတ်လုပ်ထားတယ်လို့ PDF Kalay – Mine Team ပြော

တိုက်ပွဲထဲ ဝတ်ဆင်ရလွယ်ကူပေါ့ပါးပြီး အနီးကပ်ပစ်ခတ်မှုတွေနဲ့ လက်နက်ကြီးစတွေကနေ ကာကွယ်ပေး​နိုင်တဲ့ Lv3 အဆင့်ကျည်ကာပြားတွေကို စျေးနှုန်းသက်သက်သာသာနဲ့ ထုတ်လုပ်နိုင်တော့မယ်လို့ PDF Kalay - Mine Team ထံက သိရပါတယ်။
Read More

အလံဖြူထောင်ရင် အသက်အာမခံတယ်ဆိုတဲ့ AA လက်နက်ကြီးနဲ့ လေကြောင်းရန်ကြားကနေ လက်နက်ချ စစ်ကောင်စီတပ်သားတွေကို ကယ်ထုတ်

AA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အမ်း နပခ စစ်ဌာနချုပ်မှာ လက်နက်ချလာတဲ့ စစ်သားတွေကို လေကြောင်းတိုက်ခိုက်မှုတွေကြားထဲကနေ AA တပ်ဖွဲ့ဝင်တွေက ကယ်ထုတ်နေတဲ့ ရုပ်သံမှတ်တမ်းကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ညဦးပိုင်းမှာ AA က ထုတ်ပြန်လာပါတယ်။
Read More

ဒီပဲယင်းတွင် ဘုန်းကြီးကျောင်းကို စစ်တပ် ဗုံးကြဲတိုက်ခိုက်၊ ကိုရင်ကြီးနှင့် ကပ္ပိယ ၂ ဦးအပါ ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာက မိုးကောင်းဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ကိုရင်ကြီး ၁ ပါးနဲ့ ကပ္ပိယ ၂ ယောက်အပါအဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်း ငလျင်ကြီး လှုပ်ခတ်မှု ၅ လကျော်လာချိန် Sky Villa အတွင်းမှ ရုပ်အလောင်း ၁ လောင်း ထပ်မံတွေ့ရှိ

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးဟာ ၅ လကျော်လာချိန် စက်တင်ဘာ ၈ ရက် ဒီနေ့မှာ မန္တလေးမြို့ရှိ Sky Villa အဆောက်အအုံကနေ ရုပ်အလောင်း ၁ လောင်း ထပ်မံတွေ့ရှိခဲ့တယ်လို့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲများကြောင့် ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးကို အသုံးမပြုရန် KNDF ထုတ်ပြန်

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းမှာ စစ်တပ်က ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးဖက်ကို ဦးတည်ပြီး စစ်ရေးလှုပ်ရှားမှု လုပ်လာနိုင်တာကြောင့် အဆိုပါ လမ်းမကြီးကို ဒီနေ့ နိုဝင်ဘာလ ၆ ရက်ကစပြီး ဖြတ်သန်းသွားလာခြင်းမပြုဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်လိုက်ပါတယ်။