မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ဖက်ရေးရာ မွမ်းမံသင်တန်းလုပ်နေတဲ့ ကန်နီပျူစောထီးရွာကို လက်နက်ကြီးတွေနဲ့ ၂ရက်ဆက် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုဗစ်တာက မောင်းကိုပြောပါတယ်။
ဖေ​ဖော်ဝါရီ၁၄ရက်နေ​နဲ့ ၁၅ရက်နေ့ မနက်ပိုင်းတွေမှာ ပျူစောထီးတွေရဲ့ စစ်ဖက်မွမ်းမံသင်တန်းကျင်းပရာ ကန်နီရွာ ဘောလုံးကွင်းအတွင်းကို တော်လှန်ရေးတပ်တွေက ၁၈၀မမ (၅)လုံး၊ ၆၀ မမ၄လုံးနဲ့ လက်လုပ် ၆၀မမ (၅)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီနောက် စစ်အုပ်စုတွေဘက်ကလည်းလက်နက်ကြီးတွေ၊ စက်လက်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရှိရာ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
“ဒီကောင်တွေပျူရွာကို ဟိုတလောက စစ်တပ်က ရိက္ခာလာပို့တယ်။ အဲ့ဒါရိက္ခာရတော့ ရွာထဲက အရပ်သားတွေကိုပါ ပျူထဲဆွဲသွင်းပြီး စစ်ဖက်ရေးရာမွမ်းမံသင်တန်းဆိုပြီးလုပ်နေတာပေါ့။ ပထမရက်ကတော့ ကျနော်တို့ ပစ်ပြီး မကြာဘူး။ သူတို့ဘက်က လက်နက်ကြီးတွေ၊ စက်လက်တွေ၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်ပါတယ်။ ပျူစောထီးထိခိုက်မှုတွေလည်းရှိပါတယ်။” လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ကိုဗစ်တာက မောင်းကိုပြောပါတယ်။
တော်လှန်ရေးတပ်တွေဘက်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကို ပြန်ပြီးကင်းထောက်နိုင်ဖို့နဲ့ RC Plane ဒရုန်းတွေ လွှတ်တင်နိုင်ဖို့ကြိုးစားရာမှာလည်း စစ်အုပ်စုတွေက ဂျမ်မာတွေတပ်ဆင်ထားတာကြောင့် အခက်အခဲတွေ့ခဲ့တယ်ရလို့ သိရပါတယ်။
ဒီလက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကို ဗစ်တာပြောက်ကျားတပ်ဖွဲ့နဲ့အတူ လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ လင်းမြွေအဖွဲ့ ၊ မြိုင်ပကဖ
၊ အညာမြေပျောက်ကျားတပ်ဖွဲ့၊ ပခုက္ကူခရိုင်တပ်ရင်း(၂) နဲ့ ပြည်သူ့လွတ်မြောက်ရေးကျောင်းသားတပ်တော်တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
သရက်ကန်၊ သရက်ကွ၊ ဝက်ပုတ်၊ တွင်းမ၊ ကန်နီစတဲ့ ကျေးရွာတွေဟာ မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ထောက်ခံရာ ပျူစောထီးကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။
မြိုင်မြို့နဲ့ ၆မိုင်အကွာ မြို့မြောက်ဘက် မြိုင်- ထုံးမလမ်းမကြီးဘေးမှာရှိတဲ့ ကန်နီပျူစောထီးရွာဟာ ၂၀၂၁ စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက် လက်နက်ကိုင် ပျူစောထီးကျေးရွာဖြစ်လာပြီး ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရိက္ခာပြတ်လပ်မှုတွေ ဆိုးဆိုးရွားရွားဖြစ်ပေါ်ထားတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။
ပုံစာ – တော်လှန်ရေးတပ်များ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့သည့် ကန်နီရွာ ဘောလုံးကွင်းကို ကင်းထောက်ဒရုန်းမှတဆင့် တွေ့ရစဥ်
0 Shares:
You May Also Like
Read More

မြင်းမူတွင် မုံရွာ-မန္တလေးလမ်းအတိုင်းထွက်လာသည့် စစ်အုပ်စုများ RPG နှင့်ပစ်ခတ်ခံရပြီး ၁၃ ဦးသေ၊ သေနတ် ၂ လက်နှင့် ဆက်စပ်စ္စည်းအချို့ PDF ရရှိ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ကင်းပုန်းဝပ် ပိုက်ဆံကောက်ဖို့ထွက်လာတဲ့ စစ်အုပ်စုကို အာပီဂျီနဲ့ တိုက်ခိုက်ရာ ကား ၁ စီး ပျက်စီးပြီး အကြမ်းဖက်စစ်သား ၁၃ ယောက် သေဆုံးခဲ့တယ်လို့ Black Eagle Defence Force (MMU) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရေးမြို့မှာ သန်ခေါင်စာရင်းကောက်ဖို့ ပါဝင်ကူညီပေးတဲ့ ရာအိမ်မှူးကို ရေးဘီလူးတပ်ဖွဲ့ ဖမ်းဆီး…

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်မှာ သန်ခေါင်စာရင်းကောက်ဖို့ ပါဝင်ကူညီတဲ့ ရာအိမ်မှူးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ တပ်ခွဲတစ်ခုဖြစ်တဲ့ ရေးဘီလူးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲကနေ ဗိုလ်ကြီးအဆင့်အပါ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်း ၁၀၀ ကျော် ရရှိ

ကချင်ပြည်နယ် ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း ၁၀၀ ကျော်ကို သိမ်းဆည်းရရှိခဲ့ကြောင်း KIA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ရန်ကုန် မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်မှု K-8W အမောင်းသင်လေယာဉ်ဂိုဒေါင်နဲ့ ခြံစည်းရိုးထိမှန်ပေါက်ကွဲ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံး ၂ လုံးပစ်ခတ်တိုက်ခိုက်ရာ K-8W အမောင်းသင်လေယာဉ်ဂိုဒေါင်နဲ့ ခြံစည်းရိုးထိမှန်ပေါက်ကွဲခဲ့တယ်လို့ Civilian Military SRDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

NUG ၏ လမ်းညွှန်မှုနှင့်အတူ ကနီ ပအဖ တာဝန်ရှိသူများကို ငွေအလွဲသုံးစားလုပ်မှု သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းထား

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူပိုင်ငွေကြေးတွေကို စီမံခန့်ခွဲရာမှာ အလွဲသုံးစားလုပ်မှုတွေရှိတယ်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့အကြောင်း ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

ဖားကန့်တွင် သေနတ်ဒဏ်ရာနှင့် သေဆုံးနေသည့် အမျိုးသား ရုပ်အလောင်း ထပ်မံတွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်ရှိ မရှီကထောင်ရပ်ကွက်၊ ယူမာကျေးရွာအဝင် တံတားလေးအနီးမှာ သေဆုံးနေတဲ့ အမျိုးသား ရုပ်အလောင်းတစ်ခု ထပ်မံတွေ့ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။