အာဂျင်တီးနားနိုင်ငံတရားရုံးက အာဏာလုစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် စိုးဝင်းနဲ့ မြန်မာစစ်တပ်က ထိပ်တန်းအရာရှိ ၂၁ ယောက်ကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဖမ်း၀ရမ်းထုတ်လိုက်တယ်လို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ – BROUK က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

အာဂျင်တီးနားနိုင်ငံ၊ Buenos Airesရှိ တရားရုံးဟာ ဖေဖော်ဝါရီလ ၁၃ ရက် မနေ့က  ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုမှာ အဓိကတာဝန်ရှိသူတွေဖြစ်တဲ့ အကြမ်းဖက်မင်းအောင်လှိုင်နဲ့ စိုးဝင်း အပါအဝင် စစ်တပ်က ထိပ်တန်းအရာရှိတွေကို ဖမ်း၀ရမ်းထုတ်လိုက်တယ်လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ်မှာ စတင်အမှုဖွင့်ခဲ့တဲ့အဆိုပါအမှုမှာ တရားလိုတွေအဖြစ် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tomás Ojea Quintana ရဲ့ တရားဝင်ကိုယ်စား လှယ် ဦးထွန်းခင်နဲ့ မြန်မာရိုဟင်ဂျာအဖွဲ့ UK (BROUK) တို့ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) က တရားရုံးရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပံ့ပိုးကူညီခဲ့တယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်ဖို့အတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) မှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်မှာလည်း တရားလိုရှေ့နေ Karim Khan က တင်ပြတောင်းဆိုထားတာလည်း ရှိပါသေးတယ်။

လက်ရှိ ICC တရားရုံးက မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ စီရင်ချက် မချရသေးပေမယ့် အာဂျင်တီးနားတရားရုံးရဲ့ ဖမ်း၀ရမ်းထုတ်လိုက်တဲ့ စီရင်ချက်ဟာ  ICC တရားရုံး ဖမ်းဝရမ်းထုတ်ရေးအတွက် အထောက်အကူ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့် နွံကန်ပြိုကျမှုကြောင့် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင် အပါအဝင် သေဆုံးသူ ၃၂ ယောက်အထိ ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင် (ဆိပ်မူအုပ်စု) စပေါ့ရွာမှာ နွံကန်ပြိုကျမှုကြောင့် သေဆုံးသူ ၃၂ ယောက်အထိ ရှိခဲ့ပြီး ကလေးငယ်တွေကနေ ကိုယ်ဝန်ဆောင်မိခင်အထိပါဝင်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဗိုလ်ချုပ်တာဘုန်းကျော် ကွတ်ခိုင်မြို့ကို ရောက်နေလို့ စစ်ကောင်စီ ဗုံးကြဲတာဖြစ်ကြောင်း သတင်းထွက်နေမှုအပေါ် TNLA ငြင်းဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ လေကြောင်းတိုက်ခိုက်ခံရတာဟာ တအာင်းတပ်မတော် TNLA ရဲ့ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်တာဘုန်းကျော် ကွတ်ခိုင်မြို့ကို ရောက်ရှိနေတာကြောင့် စစ်တပ်က တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေမှုအပေါ် TNLA က ငြင်းဆိုလိုက်ပါတယ်။
Read More

ပိုင်ကျုံမြို့နယ်ရှိ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံ (တာကရယ်) မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် ကူညီအားပေးပြီး စစ်ကောင်စီရဲ့ ဖိအားပေးလုပ်ရပ်တွေကို အကူအညီမပေးဖို့ ထိုင်းကို NUG တောင်းဆို

ထိုင်းအစိုးရအနေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ်  အားပေးကူညီပြီး စစ်ကောင်စီရဲ့ ဖိအားပေး လုပ်ရပ်တွေကို အကူအညီမပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ဒီနေ့ ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

Sky Villa ကွန်ဒို သေဆုံးသူများအတွက် တစ်ဦးကို သိန်း ၁၀၀ ကရုဏာထောက်ပံ့ကြေးပေးမည်ဟု ငလျင်အပြီး ၅လကျော်ကြာမှ ကြေညာ၊ တာဝန်ခံမှု၊ တောင်းပန်မှုမရှိသည့် ကုမ္ပဏီကို နစ်နာသူများ ဒေါသထွက်

ငလျင်ဒဏ်ခံနိုင်အောင် ဆောက်လုပ်ထားတယ်လို့ ကြေညာရောင်းချခဲ့ပေမယ့် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုအတွင်း ပြိုကျကာ လူပေါင်း ရာနဲ့ချီ သေဆုံးစေခဲ့တဲ့ Sky Villa ကွန်ဒိုရဲ့ တာဝန်ရှိသူတွေက ငလျင်ပြီးလို့ ၅လကျော်အကြာမှာ သေဆုံးသူတစ်ယောက်စီကို သိန်း ၁၀၀ စီ ပေးမယ်လို့ ကြေညာပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ဘုတလင် သတ်ဖြတ်မှုဟာ မေ့လျော့စရာ မရှိ၊ ဆွေးနွေးစရာ မရှိ

ဘုတလင်မြို့နယ် ပါစီရွာက ဒေသခံတွေကို အကြမ်းဖက် အာဏာသိမ်းစစ်တပ်က လူမဆန်စွာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုကို ပြည်သူတွေအနေနဲ့ မမေ့လျော့ကြဖို့ တိုက်တွန်းနှိုးဆော်တဲ့ လှုပ်ရှားမှုတစ်ခုကို ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။