မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီက ယူနက်စကိုစာရင်းဝင် ပုဂံရှေးဟောင်းနယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှု စတင်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက် မနေ့က မနက်ပိုင်းမှာ ပုဂံရှေးဟောင်းနယ်မြေထဲမှာ ပါဝင်တဲ့ ​ညောင်ဦးမြို့နယ်၊ ကန်နီပေါက်အုပ်စု၊ ဂျိုးကန်ရွာကို စစ်အုပ်စုက Mi35 ရဟတ်ယာဥ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုတွေရှိနိုင်တယ်လို့ ညောင်ဦးပကဖ တာဝန်ခံကိုဇီးက ပြောပါတယ်။

“ပုဂံညောင်ဦးနယ်မြေထဲကို လေကြောင်းတိုက်ခိုက်မှု စတင်ပြုလုပ်သွားပါတယ်။ ယူနက်စကို နယ်မြေ ကျည်မကျရ၊ တိုက်ပွဲမဖြစ်ရဆိုပြီး စကစ လက်အောက်ခံတွေက ပြောနေပေမယ့် အခု လေယာဥ်နဲ့ ချသွားတဲ့နေရာက ရှေးဟောင်းယဥ်ကျေးမှုနယ်မြေထဲပါတဲ့ရွာပါ” လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုဇီးက မောင်းကိုပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေက ညောင်ဦး – ကျောက်ပန်းတောင်း ကားလမ်းမနဲ့ ညောင်ဦး – ချောက်ကားလမ်းမပေါ်တွေမှာ အင်အားအလုံးအရင်းနဲ့ ကင်းပုန်းဝပ် စစ်ကြောင်းထိုးနေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း ညောင်ဦးမြို့နယ်အတွင်းက အမျိုးသားလူငယ် တော်တော်များများ စစ်မှုထမ်းအတွက် ဖမ်းဆီးခံရပြီး မိတ္ထီလာစစ်သားစုဆောင်းရေးတပ်အတွင်းပို့ဆောင်ခံရကာ ရှမ်းမြောက် တန့်ယန်းဘက်ကိုပို့ဆောင်ခံရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၁၃ ရက်၊ မနေ့က မနက်အရုဏ်တက်ချိန်လောက်မှာ စစ်ကောင်စီက မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းမှာရှိတဲ့ သာဂေါင်ကျေးရွာကိုလည်း  ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာဟာ သာဂေါင်ကျေးရွာ ကို ဗုံး၂လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရှေ့ဘက်နဲ့ အနောက်ဘက်တွေကိုကျရောက်ပေါက်ကွဲပြီး နေအိမ် ၂လုံးထိခိုက်ပျက်စီးကာ အရပ်သား၁ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီက ဖော်ပြပါတယ်။

သာဂေါင်ကျေးရွာဟာ အခုနှစ်အတွင်း ၂ကြိမ်မြောက် စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းကိုခံထားရတာဖြစ်ပြီး ပထမအကြိမ်တုန်းကလည်း အရပ်သား​ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

ရေစကြိုမြို့နယ်၊ သာဂေါင်ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့စဥ် (ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

သပိတ်ကျင်းမြို့နယ် ဂေါက်ကွင်းကို အကြမ်းဖက်စစ်တပ် Cluster ဗုံး ကြဲချတိုက်ခိုက်

မန္တလေးတိုင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်က ဂေါက်ကွင်းကို အကြမ်းဖက်စစ်တပ်က Cluster ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မြိတ်ကနေ လေယာဥ်ဆီပေပါတွေ တင်ဆောင်ကာ ထားဝယ်ကို လာတဲ့ ငါးဖမ်းစက်လှေ ၂ စီးကို စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်

တနင်္သာရီတိုင်း၊ မြိတ်မြို့ကနေ လေယာဉ်ဆီပေပါတွေ တင်ဆောင်ကာ ထား၀ယ်ကို မောင်းနှင်လာတဲ့ ငါးဖမ်းစက်လှေနှစ်စီးကို စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (လောင်းလုံး ပကဖ ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

Simple Blogသာဂေါင်ရွာကို စစ်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရ 

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ရေလယ်ကျွန်းဒေသ၊ သာ​ဂေါင်ကျေးရွာကို စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲခဲ့လို့ အရပ်သား၂ယောက် သေဆုံးပြီး ၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ရွေကျင် စစ်ကောင်စီ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပူးပေါင်းမဟာမိတ်တော်လှန်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ PDFစစ်ရုံးချုပ်က ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်ပြည်နယ်က အကြမ်းဖက်စစ်တပ်ရဲ့ ဥကရစ်ထ စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဒရုန်းနဲ့ဗုံးချခဲ့လို့ စစ်သား ၄ ယောက်ထက်မနည်း သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်အထိုင်ချထားတဲ့ ဥကရစ်ထ စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အောက်တိုဘာလ ၅ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့လို့ အကြမ်းဖက်စစ်သား ၄ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုတ်ပြင်းမြို့နယ်မှာ ပျူစောထီးအဖွဲ့ကို ဝင်ရောက်တိုက်ခိုက်၊ ပျူစောထီးခေါင်းဆောင် သေဆုံးပြီး လက်နက် ၁၀ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီးခေါင်းဆောင် သေဆုံးပြီး လက်နက် ၁၀ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ထုတ်ပြန်ပါတယ်။