ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်း ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖာပွန်ခရိုင် တပ်ရင်း ၁ (တပ်ရင်း-၇၀၀၁) – Spring Warriors Column က ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။

Spring Warriors Column က အသက် (၂၄) နှစ်အရွယ် ရဲဘော်ဂတုံးဟာ ဖေဖော်ဝါရီလ ၁၁ ရက်က ကျောက်တံခါးမြို့နယ်အတွင်း ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေချိန် စစ်ကောင်စီတပ်ကို ခုခံတော်လှန်ရင်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော် ဂတုံး ဟာ တော်လှန်ရေးတပ်သားတစ်ယောက်အဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်ကနေ ကျဆုံးခဲ့တဲ့အချိန်အထိ စည်းကမ်းလိုက်နာမှု၊ တာဝန်သိတတ်မှု၊ အနစ်နာခံပေးဆပ်မှုတွေနဲ့ တာဝန်ကျေပွန်တဲ့ စစ်သည်တော်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Spring Warriors Column အနေနဲ့ ရဲဘော်ဂတုံးကို “မော်ကွန်းဝင်အာဇာနည် သူရဲကောင်း” အဖြစ် အသိအမှတ်ပြုသလို စျာပနအခမ်းအနားကိုလည်း အမှတ် (၂) စစ်ဒေသခွဲမှူး၊ တပ်ရင်း (၉) တပ်ရင်းမှူး၊ ရဲဘော်ရဲဘက်တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သာကေတရဲစခန်း ဖောက်ခွဲတိုက်ခိုက်ခံရပြီး ရဲ ၃ ဦး ဒဏ်ရာရ၊ ၁ ဦး ဒဏ်ရာ ပြင်းထန်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ သာကေတနယ်မြေ ရဲစခန်းကို သွားရောက်ဖောက်ခွဲတိုက်ခိုက်မှုမှာ စခန်းအတွင်းရှိနေတဲ့ ရဲ ၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်မှ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်မှုအတွင်း တရုတ်ထုတ်လက်နက်များ သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေထဲမှာ တရုတ်ထုတ် လက်နက်တွေ ပါဝင်နေတာကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားတဲ့ မှတ်တမ်းဓာတ်ပုံတွေထဲမှာ မြင်တွေ့ရပါတယ်။
Read More

စစ်တပ် ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိတဲ့ ဟိန္ဒူဘာသာဝင်တွေကို ပကဖ နဲ့ PDF ကူညီထောက်ပံ့

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင်း စစ်ကောင်စီ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့တဲ့ ဟိန္ဒူဘာသာဝင်တွေကို ပကဖနဲ့ PDF တွေက ဇန်နဝါရီလ (၂၀) ရက်မှာ သွားရောက်ထောက်ပံ့ကူညီခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

မြိတ်မြို့အခြေစိုက် ခလရ ၁၀၃ မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး အဆင့်ရှိသူကို ဖမ်းဆီးရမိ

တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၁၀၃ တပ်ရင်းက ယာယီတပ်ရင်းမှူး ဗိုလ်မှူးအဆင့်ရှိသူကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငါန်းဇွန်တွင် အကြမ်းဖက်စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရာ စစ်အုပ်စု ဝရုန်းသုန်းကား ထွက်ပြေး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို လိုက်လံတိုက်ခိုက်ရာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ ထိခိုက်ဒဏ်ရာရပြီး ဝရုန်းသုန်းကား ဆုတ်ပြေးသွားကြောင်း TGYR Youth Guerrilla Counter Revolution-NZ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူတွင် စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်က ကမ္မတပ်ပေါင်းစု၏ KMDF စခန်းကို မီးရှို့ဖျက်ဆီး၊ လက်နက်ခဲယမ်း ကျပ်သိန်း ၄၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကြောင်းဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်က ကမ္မတပ်ပေါင်းစုရဲ့ Kamma Defence Force (KMDF) စခန်းကို မီးရှို့ဖျက်ဆီးခဲ့သလို လက်ရှိအချိန်အထိ ဆက်လက်စစ်ကြောင်းထိုးနေကြောင်း မြေပြင်​တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ယောက်က မောင်းကို ပြောပါတယ်။