စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူစခန်းကို ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းမှာ Fixed Wings Droneတွေနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

ဒရုန်းဗုံးသီးတွေဟာ ပျူစခန်းရှိ ဘန်ကာ၊ အဆောက်အအုံတွေပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်သားတွေ အများအပြား ထိခိုက်သေဆုံးမှု ရှိနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ယင်းမာပင်ခရိုင် တပ်ရင်း(၃၅)၊ တပ်ခွဲ(၃)၊ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ (Salingyi) အဖွဲ့နဲ့အတူ မဟာမိတ်ညီနောင်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ ခုခံတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မင်းကွန်းမြို့နယ် ကင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့တယ်လို့ ရတနာပုံတပ်ဦးမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

Hercules 3 နဲ့ စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ Federal Wings ထုတ်ပြန်

''Cobra Federal Wings တွေရဲ့ အတွေ့အကြုံနဲ့ စွမ်းဆောင်ရည်ပြည့်ဝမှုတွေကို FW ရဲ့ နောက်ဆုံးပေါ် Hercules 3 နဲ့ပေါင်းစပ်လိုက်တဲ့အခါ စကစစခန်းကုန်းတွေရဲ့ အိမ်မက်ဆိုးတွေ ပိုမိုကြီးထွားလာပါတယ်''လို့ Federal Wings က ဆိုပါတယ်။
Read More

ရန်ကုန်မြို့ စည်ကားတဲ့ တစ်နေရာမှာ ပြည်သူလူထုအား စစ်အာဏာရှင်ဆန့်ကျင်ရေးစကားများ ဘလူးတုဘောက်စ်နဲ့ မျှဝေ (ရုပ်/သံ)

ရန်ကုန်မြို့ စည်းကားတဲ့ တစ်နေရာတစ်ခုမှာ စစ်အာဏာသိမ်း ၄ ပြည့်အဖြစ် ပြည်သူလူထုအား စစ်အာဏာရှင်ဆန့်ကျင်ရေး စကားတွေကို ဘလူးတုဘောက်စ်နဲ့ မျှဝေခဲ့တယ်လို့ General Strike Committee ထံက သိရပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း ဂိတ်ဖွင့်အထိုင်ချထားသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအတွင်း ဂိတ်ဖွင့်အထိုင်ချထားတဲ့ စစ်ကောင်စီတပ် သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team-Myaung အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့ စျေးသစ်ဝန်းကျင်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်နယ် ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ TNLA  မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်အုပ်စုကို KNDF-UAV တပ်ဖွဲ့၏ ဒရုန်းဖြင့် တိုက်ခိုက်ချေမှုန်းခဲ့မှု မှတ်တမ်း (ရုပ်/သံ)

အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို KNDF-UAV တပ်ဖွဲ့ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်ချေမှုန်းခဲ့မှု မှတ်တမ်းရုပ်သံကို Karenni Nationalities Defence Force က ထုတ်ပြန်လိုက်ပါတယ်။