စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း၊ မဏိပူရ မူးမြစ်ကူးတံတားအနီးက ကမ်းပါးနီစစ်အုပ်စုစခန်းကို Chin Defense Force – KKG နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလ ၁၁ရက်နေ့ကစလို့ စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း ကမ်းပါးနီ စစ်အုပ်စုစခန်းကို ဝင်ရောက်တိုက်ခိုက်နေခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၂ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ Chin Defense Force – KKG ဗဟိုပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူတွေ တောက်လျှောက် အသုံးပြုခဲ့ပေမယ့် ထိခိုက်သေဆုံးမှုများခဲ့သလို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမှုတွေလည်းရှိပြီး လက်နက်ခဲယမ်း အများအပြားကိုလည်း တော်လှန်ရေးတပ်တွေက သိမ်းပိုက်ရရှိခဲ့ပါတယ်။

“​ဒီနေ့အချိန်အထိ တိုက်ပွဲပြင်းထန်နေတုန်းပါ။ စစ်အုပ်စုဘက်က အသေအပျောက်များတယ်လို့ ရှေ့တန်းရဲဘော်တွေက ပြောပါတယ်။ ကမ်းပါးနီစခန်းက သိမ်းထားနိုင်ပါပြီ။ ဒီမနက်မှာ သူတို့ဘက်က စခန်းရဖို့ ထိုးစစ်ပြန်ဆင်ရင်းနဲ့ နှစ်ဖက်ထိတွေ့မှု ပြင်းထန်ကြတယ်ပေါ့။ ကျနော်တို့ဘက်ကနေလည်း ပြန်ပြီးထိုးစစ်ဆင်နေပါတယ်။” လို့ Chin Defense Force – KKG ဗဟိုပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း၊ ကလေး-ဂန့်ဂေါလမ်းပိုင်းမှာရှိတဲ့ မဏိပူရမူးမြစ်ကူးတံတား ခေါ် ကမ်းပါးနီတံတားအနီးက ကမ်းပါးနီပျူစောထီးစခန်းဟာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်နဲ့လည်းထိစပ်နေပြီး နယ်မြေဒေသအရ ပျူစောထီးအားကောင်းသလို ဂန့်ဂေါနယ် ၊ ဟံသာဝတီပျူစောထီးရွာနဲ့လည်း အလှမ်းမဝေးဘူးလို့သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့အတွင်းက ကျေးရွာတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ရက်နဲ့ ဖေဖော်ဝါရီလ ၂ရက်နေ့တွေကလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

ဒါ့အပြင် ကမ်းပါးနီစခန်းတိုက်ခိုက်ခံရပြီးတဲ့​နောက် ဖေဖော်ဝါရီ ၁၃ရက် နဲ့ ၁၄ရက်နေ့တွေမှာလည်း ကလေးမြို့တောင်ပိုင်း၊ ဟားခါးလေးရွာအနီးက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီဆေးပေးခန်းနဲ့ နတ်ချောင်းတိုက်နယ်ဆေးရုံတို့ကိုလည်း ၂ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သားထိခိုက်မှုတွေရှိခဲ့တယ်လို့ ရပါတယ်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်တဲ့ ကျေးရွာတွေဟာ တိုက်ပွဲဖြစ်ပွားရာနဲ့ အလှမ်းဝေးပြီး ထိတွေ့တိုက်ပွဲမရှိဘူးလို့လည်းသိရပါတယ်။

မနေ့ကကြဲတာ ဟားခါးလေးရွာနားက ယာယီဆေးခန်းကိုပါ။ ၃ယောက် ဒဏ်ရာရတယ်။ ဒီနေ့က နတ်ချောင်းတိုက်နယ်ဆေးရုံပါ။ ဆေးရုံကပိတ်ထားတော့ လူထိခိုက်မှုမရှိဘူး။” လို့ ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။

စစ်ကောင်စီထံက သိမ်းဆည်းရရှိသည့် လက်နက်များနှင့် နတ်ချောင်းတိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်ဗုံးကြဲတိုက်ခိုက်ခဲ့သည့် မြင်ကွင်းများ (ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

Sagaing People Defence Force Battalion 3 က ရဲဘော်များ၏ စစ်ရေးလေ့ကျင့်မှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းအခြေစိုက် Sagaing People Defence Force Battalion 3 က ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်မှု ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒိုက်ဦးအကျဉ်းထောင်မှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးလို့ နိုင်ကျဉ်းတစ်ယောက် ဆီးကျောက်ရောဂါနဲ့ ကျဆုံး

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ယောက် ဆီးကျောက်ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ထံက သိရပါတယ်။ 
Read More

ရေးမြို့နယ်တွင် စစ်တပ်ကင်းပုန်းများကို ဒရုန်းဖြင့်တိုက်ခိုက်ရာ သေဆုံးမှု ရှိနိုင်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာလမ်းဆုံအနီးမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကင်းပုန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သားတွေ သေဆုံးမှုရှိနိုင်တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ထုတ်ပြန်ပါတယ်။
Read More

တပ်သားသစ်လိုအပ်ချက် များပြားနေတဲ့ စစ်တပ်က စစ်ကိုင်းနဲ့ မန္တလေးမှာ လူငယ်လူရွယ်တွေကို အလုံးအရင်းနဲ့ ဖမ်းဆီးနေ

စစ်ကိုင်းတိုင်း၊ ကလေး၊  ကလေးဝနဲ့ မန္တလေးတိုင်း ညောင်ဦး၊ မြင်းခြံ မြို့နယ်တွေမှာ တပ်သားသစ်လိုအပ်ချက်များပြားနေတဲ့ အကြမ်းဖက်စစ်တပ်က လူငယ်တွေကို အလုံးအရင်းနဲ့ဖမ်းဆီးနေတယ်လို့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စက်တင်ဘာ လဝက်အတွင်း KNU တပ်မဟာ (၅) နယ်မြေမှာ တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွါးပြီး စစ်ကောင်စီတပ်သား ၁၈ ယောက်သေ

KNU တပ်မဟာ (၅) ထိန်းချုပ်ရာ ဖာပွန်ခရိုင်မှာ စက်တင်ဘာလဝက်အတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၆၃ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က အသိပေး ထုတ်ပြန်ပါတယ်။
Read More

အင်းတော်တွင် စစ်တပ်ထောက်ခံသူအများစု ရှိနေသည့် ဘုန်းကြီးကျောင်း ဗုံးကြဲတိုက်ခိုက်ခံရ၊ ၂ ဦးဆုံးသေပြီး ဘုန်းကြီး၁ပါးနှင့် ပြည်သူ ၇ ယောက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှာ စစ်တပ်ထောက်ခံသူအများစုရှိနေတဲ့ မြို့မဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ရာ လူ၂ ယောက် ​သေဆုံးပြီး ဥူးပဥ္ဇင်း ၁ ပါးနဲ့ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။