စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း အမတ ၃၆၉ တပ်ရင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force (Local – PDF) ဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက် မနေ့က မနက်ပိုင်းမှာ အရာတော်မြို့နယ်မှာရှိတဲ့ အမတ ၃၆၉ တပ်ရင်းကို Snipe Rangers Force (Local – PDF) နဲ့ မဟာမိတ် တပ်ဖွဲ့တွေက ၆၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ၆၀ မမ လက်နက်ကြီးကျည်တွေက အမတ ၃၆၉ တပ်ရင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပေမယ့် စစ်ကောင်စီ တပ်သားတွေ ထိခိုက် သေဆုံးမှုကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Snipe Rangers Force (Local – PDF) နဲ့ Special Revolution Force (ဒေါင်းညီနောင်) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် မြောက်ဦးမြို့ကို စစ်ကောင်စီ ဗုံးသီး ၂၁ လုံးခန့် ကြဲချတိုက်ခိုက်၊ အရပ်သား ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်ရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် မြောက်ဦးမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရခိုင်ဒေသတွင်း သတင်းဌာနတွေ ဖော်ပြမှုနဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဆက်သွယ်ရေး ဥပဒေနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ပြန်လည် လွတ်မြောက်…

အကြမ်းဖက်စစ်ကောင်စီက အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃ (က)နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ဇန်နဝါရီ ၄ ရက် ဒီနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတယ်လို့ သူမနဲ့ နီးစပ်တဲ့ အနုပညာအသိုင်းအဝိုင်းဆီက သိရပါတယ်။
Read More

ကလေး၀-မော်လိုက် လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်လာနိုင်လို့ ပြည်သူတွေ အသုံးမပြုဖို့ သတိပေး

ကလေး၀-မော်လိုက် လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်လာနိုင်တာကြောင့် အဆိုပါလမ်းပိုင်းကို အသုံးပြုသွားလာခြင်း မပြုလုပ်ကြဖို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

စဉ့်ကူးမြို့နယ်မှာ ကျေးရွာဆေးရုံဝင်းအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရရှိ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ ဆေးရုံဝင်းအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပြင်ဦးလွင်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်ဂျစ်ပင်ရွာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်များ ဒရုန်းဖြင့် ဗုံးသီး ၂၈ လုံး ကြဲချတိုက်ခိုက်၊ စစ်အုပ်စုက ၁ ဦးသေပြီး ၃ ဦးဒဏ်ရာရ…

" Scout ကင်းထောက်ဒရုန်းနဲ့ ကြည့်တာအရဆို သေတာ ၁ ကောင်နဲ့ ၃ ကောင်ဒဏ်ရာရပါတယ်။ အသေးစိတ်ကို စုံစမ်းဆဲပါ။ ခေါင်းဆောင် ဝါယမ ကတုံးကတော့ ပခုက္ကူစစ်ကြောင်း မလာခင်တည်းက နေပြည်တော်မှာ သွားရှောင်နေတာ။ အဲ့ကနေပဲ သူ့တပည့်တွေကို control လုပ်နေပါတယ်။" လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီက ကျုံပျော်အခြေစိုက်တပ်မှာ လေ့ကျင့်နေတဲ့ စက်တပ်လေထီးတွေနဲ့ ရခိုင်ဒေသကို သွားရောက်ဗုံးကြဲနေ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ တပ်ထဲမှာ လေ့ကျင့်ရေးပြုလုပ်နေတဲ့ စက်တပ်လေထီးတွေကို အသုံးပြုပြီး စစ်ကောင်စီက ရခိုင်ဒေသကို သွားရောက် ဗုံးကြဲနေကြောင်း ခလရ ၃၆ တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။