ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA  ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ယောက် သေဆုံးပြီး ကလေး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၁၁ရက် မနက်ပိုင်းမှာ ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီတပ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့တဲ့ ကလေးငယ်ဟာ လားရှိုးပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရပြီး ဆေးကုသစရိတ်လိုအပ်နေတယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ်ရဲ့ မိသားစုဝင်တစ်ယောက်က “ထိတာက သားအမိပေါ့၊ အမေဖြစ်သူက ဆုံးသွားပြီ။ ကလေးက ဘယ်ခြေထောက်မှာ ဒဏ်ရာရသွားတယ်။ ကျန်တဲ့နေရာတွေကတော့ နည်းနည်းပဲထိတယ်၊ အခု ကလေးဆေးကုသစရိတ်အတွက် အခက်အခဲရှိတယ်”လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ပြောဆိုထားကြောင်း သိရပါတယ်။

လက်နက်ကြီး ထိမှန်ပြီး သေဆုံးသွားတဲ့ အမျိုးသမီးနဲ့ ဒဏ်ရာရခဲ့တဲ့ ကလေးငယ်ဟာ သားအမိတွေ ဖြစ်ပြီး ဒဏ်ရာရတဲ့ အသက် ၅ နှစ်အရွယ် ကလေးငယ်ဟာ ဘယ်ခြေထောက်တစ်ဖက်မှာ ပြင်းထန်ဒဏ်ရာ ရရှိတာကြောင့် ဖြတ်ထုတ်လိုက်ရတယ်လို့ သိရပါတယ်။

နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ TNLA ပူးပေါင်းတပ်တွေ ဒီနေ့အချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း သိရပါတယ်။

(ဓာတ်ပုံ တအာင်းအမျိုးသမီးအဖွဲ့အစည်း)
0 Shares:
You May Also Like
Read More

ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူအား တာဝန်မှ ယာယီရပ်နားကာ စစ်ဆေးနေသည်ဟု NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို တာဝန်ကနေ ယာယီရပ်နားထားကာ သူတို့နဲ့ ပတ်သက်တဲ့ တိုင်ကြားချက်အ‌ပေါ် စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေ စတင်‌ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လွိုင်လင်လေးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ကရင်နီတော်လှန်ရေးတပ်များ တိုက်ခိုက်ရာ စစ်သား (၁၀) ဦးကျော် သေဆုံး၊ ကရင်နီပြည်နယ်နှင့် ကရင်နီ-ရှမ်းအစပ် နေရာများတွင် စစ်အုပ်စု စစ်မျက်နှာ ၅ ခု ဖွင့်ကာ ထိုးစစ်ဆင်နေ

ကရင်နီပြည်နယ်၊ လွိုင်လင်လေးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ရာ စစ်သား (၁၀) ယောက်ကျော် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပေါင်းတည်ကို အင်အားလာဖြည့်တင်းတဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၄ဦး အပြင်းအထန်ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့၊ သိမ်းကုန်ကျေးရွာအုပ်က အထိုင်စခန်းကို အင်အားဖြည့်တင်းဖို့ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၄ဦး အပြင်းအထန်ဒဏ်ရာရှိသွားတယ်လို့ (၃၆၀၁) PPDF တပ်ရင်းထံမှ သတင်းရရှိပါတယ်။
Read More

ထိခိုက်သေဆုံးမှု များပြားနေသည့် စစ်အုပ်စု မူးယစ်ဆေးသမားများကို ပိုက်ဆံပေးပြီး မြို့ပေါ် မိုင်းခွဲခိုင်း

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ မြို့နယ်အသီးသီး၊ နေရာအသီးသီးမှာ ထိခိုက်သေဆုံးမှုတွေ များလာတာကြောင့် မူးယစ်ဆေးသမားတွေကို ပိုက်ဆံပေးပြီး မြို့ပေါ်မှာ မိုင်းခွဲခိုင်းတာမျိုးတွေ လုပ်လာတယ်လို့ ဖားကန့်မြို့ခံတချို့က ပြောပါတယ်။
Read More

ကန့်ဘလူမြို့နယ်မှာ ပဋိပက္ခအတွင်း လိင်အခြေပြုအကြမ်းဖက်မှုများ ပပျောက်နိုင်ရေးနှင့် ပတ်သက်သည့် သင်တန်းများ ပြန်လည်စတင်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဒေသခံပြည်သူတွေအတွက် ပဋိပက္ခအခြေအနေမှာ ဖြစ်ပေါ်လာတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု-(Conflict Related Sexual Violence)၊ လိင်အခြေပြုအကြမ်းဖက်မှု-(Gender Based Violence) အစရှိတဲ့ အကြောင်းအရာတွေပါဝင်တဲ့ WCP အသိပညာပေး ဆွေးနွေးမှုသင်တန်းကို အခုစက်တင်ဘာလထဲမှာ ဒုတိယအကြိမ်အနေနဲ့ ပြန်လည်စတင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အညာဒေသမှာ လေကြောင်းအန္တရာယ်နှင့် လက်နက်ကြီးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးမှုများ ပြုလုပ်… (ဓာတ်ပုံသတင်း)

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF နဲ့ မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီက တော်လှန်ရဲဘော်တွေ ပူးပေါင်းပြီး လေကြောင်းအန္တရာယ်နဲ့ လက်နက်ကြီးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ကာကွယ်ဖို့၊ ဗုံးခိုကျင်းတွေ စနစ်တကျတူးဖို့နဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို စိုးမိုးနယ်မြေရှိ စစ်ရှောင်ပြည်သူတွေနဲ့အတူ အသိပညာပေး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။