တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ နေရာအနှံ့မှာ ဇန်နဝါရီလက စပြီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) က ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာနေပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေကို ဖျက်ဆီးတာ၊ ပြည်သူပိုင်ပစ္စည်းတွေ လုယက်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကလည်း ပြင်းပြင်းထန်ထန် ပြန်လည်ချေမှုန်းတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ ဖြစ်ပွားခဲ့တဲ့ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ထိခိုက်ကျဆုံးမှု အနည်းငယ် ရှိခဲ့ပြီး တနင်္သာရီမြို့နယ်အတွင်း လက်ရှိအချိန်ထိ နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဘုတလင်မှာ အကြမ်းဖက်စစ်ကြောင်းက သဖန်းရွာကို မီးဝင်ရှို့ရင်း အသက် ၇၀အရွယ် အဘိုးအိုတစ်ယောက်ကို ရက်ရက်စက်စက် သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းက သဖန်းကျေးရွာကို မီးရှို့ဖျက်ဆီးကာ အသက်၇၀အရွယ် အဘိုးအိုတစ်ယောက်ကို ဖမ်းဆီးသတ်ဖြတ်ထားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မှော်ဘီ ရဲတပ်ရင်းက ရဲတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာလို့ ကျပ်သိန်း ၅၀ ဆု ချီးမြှင့်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲတပ်ရင်း (၅) က ရဲတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတာကြောင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

စဉ့်ကူးမှာ ကျေးရွာစာသင်ကျောင်းကို စစ်တပ် ဗုံးကြဲ၊ ပြည်သူ ၁ ဦးသေဆုံးပြီး အသက် ၂ နှစ်အရွယ် ကလေးငယ်အပါ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး အသက် ၂ နှစ်အရွယ် ကလေးငယ် အပါအဝင် ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပြင်ဦးလွင်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့် နွံကန်ပြိုကျမှုကြောင့် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင် အပါအဝင် သေဆုံးသူ ၃၂ ယောက်အထိ ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင် (ဆိပ်မူအုပ်စု) စပေါ့ရွာမှာ နွံကန်ပြိုကျမှုကြောင့် သေဆုံးသူ ၃၂ ယောက်အထိ ရှိခဲ့ပြီး ကလေးငယ်တွေကနေ ကိုယ်ဝန်ဆောင်မိခင်အထိပါဝင်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

၂၀၂၇ ခုနှစ်တွင် KNDO ဌာနချုပ်ကို ဌာနချုပ်ဟောင်းနေရာဖြစ်သည့် ရန်ကုန် (အင်းစိန်) တွင် ပြန်လည်တည်ဆောက်မည်ဟု KNDO စစ်ဦးစီးချုပ် ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ ၁ ခုဖြစ်တဲ့ ကရင့်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ရဲ့ ဌာနချုပ်ကို တည်နေရာဟောင်းဖြစ်တဲ့ ရန်ကုန်တိုင်း၊ အင်းစိန်မြို့မှာ ပြန်လည်တည်ဆောက်မယ်လို့ KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောရှီးလေ က ပြောဆိုခဲ့တယ်လို့ KNDO ဌာနချုပ်သတင်းတွေအရ သိရပါတယ်။
Read More

ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်၊ IEC ဒုဥက္ကဌ ခွန်းဘီတူး တို့ တက်ရောက်ခဲ့သည့် BPLA အမှတ်စဉ်(၉) သင်တန်းဆင်းပွဲ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၉) သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တနေရာမှာ ၂၀၂၅ခုနှစ်၊ ဇွန်လ(၇)ရက်နေ့ က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။