မြန်မာစစ်အုပ်စုကို လောင်စာဆီတွေထောက်ပံ့နေတဲ့ Interra Resources ကို အရေးယူပိတ်ဆို့မှုတွေ ဆက်တိုက်ပြုလုပ်ပေးဖို့ စင်ကာပူအစိုးရနဲ့ စတော့အိတ်ချန်းကို မကွေးတိုင်းအခြေစိုက် လူထုသပိတ်ကော်မတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီကို လောင်စာဆီတွေ ထုတ်လုပ်ထောက်ပံ့ပေးခဲ့တဲ့ စင်ကာပူအခြေစိုက် ကုမ္ပဏီ Interra Resources ကို စင်ကာပူစတော့အိတ်ချိန်း (SGX) က ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။

အခုလို ရပ်ဆိုင်းလိုက်တဲ့ ကြားထဲကပင် မကွေးအခြေစိုက အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လူထုသပိတ်ကော်မတီတွေကို အရေးယူမှုတွေကို စဉ်ဆက်မပြတ်လုပ်ဆောင်သွားဖို့ထပ်မံ တောင်းဆို တိုက်တွန်းလိုက်ခြင်း ဖြစ်ပါတယ်။

စစ်တပ်က အရပ်သားပြည်သူတွေ အပေါ် ဆိုးဝါးပြင်းထန်တဲ့ ရက်စက်ကြမ်းကြုတ် တဲ့ စစ်ဆင်ရေးတွေ မှာ လောင်စာဆီဖြည့်သွင်းဖို့ အဓိကကျခဲ့တာကြောင့် Interra Resources ကို အရေးယူပေးဖို့ စင်ကာပူ ဝန်ကြီးချုပ် အပါအဝင် အစိုးရ အဖွဲ့ဝင်တွေ နဲ့ စင်ကာပူစတော့အိတ်ချိန်းအုပ်စု စီအီးအို ထံ မကွေးတိုင်းအခြေစိုက် အင်အားစုတွေက အိတ်ဖွင့်ပေးစာတစ်ရပ် ပေးပို့လိုက်ခြင်း ဖြစ်ပါတယ်။

င်ကာပူနိုင်ငံဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး လောရင့် ဝေါင်၊ စင်ကာပူနိုင်ငံဒုတိယဝန်ကြီးချုပ်၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ရာထူးအပြင် စင်ကာပူနိုင်ငံငွေကြေးအာဏာပိုင်အဖွဲ့ဥက္ကဌအဖြစ်ပါ တာဝန်ယူထားတဲ့ ဂန်ကင်ရောင် နဲ့ စင်ကာပူစတော့အိတ်ချိန်းအုပ်စု စီအီးအို လိုဘွန်းချိုင် တို့ထံ ပေးပို့ထားတယ်လို့ ဖော်ပြထားပါတယ်။

Interra Resources ကုမ္ပဏီနဲ့ စစ်ကောင်စီရဲ့ ဆက်နွယ်မှုတွေကို သိရှိခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်း စတင်ကာ စင်ကာပူ စတော့အိတ်ချိန်းကနေ ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ Interra Resources က ကြံရာပါ ပတ်သက်နေမှုဟုဆိုကာ Justice For Myanmar ကလည်း အပိုင်း (၅)ပိုင်းပါဝင်တဲ့ အစီရင်ခံစာတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

Justice For Myanmar အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းအချို့ရဲ့ ဖော်ထုတ်မှုတွေကြောင့် စင်ကာပူကုမ္ပဏီကို စတော့အိတ်ချိန်းကနေ အခုလို ရပ်ဆိုင်းလိုက်တာလည်း ဖြစ်ပါတယ်။
စင်ကာပူ စတော့အိတ်ချိန်း SGX ရဲ့ စုံစမ်းမေးမြန်းမှုတွေကို လတ်တလော ပြန်ဖြေဖို့လုပ်ဆောင်နေပြီး စုံစမ်းမေးမြန်းထားမှုတွေ ရှင်းလင်းပြီးချိန်မှာ လုပ်ငန်းရပ်ဆိုင်းမှုကို ရုတ်သိမ်းဖို့ ပြန်လည်တောင်းဆိုမယ်လို့ Interra Resources ကလည်း ပြန်လည် ထုတ်ပြန်ပါတယ်။

စင်ကာပူကုမ္ပဏီ Interra Resources က မြန်မာစစ်အုပ်စုထံ ဒေါ်လာ သန်း ၁၅၀ ဖိုး ရေနံတွေရောင်းချခဲ့ပြီး အဆိုပါရောင်းချမှုမှာ စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးအတွက် လောင်စာဖြည့်တင်းမှု ချက်ချင်းရပ်တန့် ဖို့ Justice For Myanmar ကတောင်းဆိုခဲ့ပါတယ်။

Interra Resources ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၃ နှစ်ကုန်အတွင်း စစ်ကောင်စီရဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) ထံ ရေနံစည်ပေါင်း ၂ ဒသမ ၃ သန်း ထောက်ပံ့ခဲ့တဲ့ Glodpetrol Joint Operating Company Inc. ကုမ္ပဏီရဲ့ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလတစ်လတည်းမှာပင် အမျိုးသမီး ၆၀ ကျော် သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ တစ်လတည်းမှာပဲ နိုင်ငံတစ်ဝန်း အမျိုးသမီး ၆၁ ဦးသေဆုံးခဲ့တယ်လို့  မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကထုတ်ပြန်လိုက်ပါတယ်။
Read More

မင်းရွာက စစ်ကောင်စီတပ်ကို စခန်းသိမ်းဖို့ ကြိုးပမ်းခဲ့ပေမယ့် ကျည်မလုံလောက်လို့ ပြန်လည်ဆုတ်ခွါခဲ့ရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ ရေလယ်ကျွန်းဒေသ၊ မင်းရွာကို တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကျည်အင်အားနည်းပါးတာကြောင့် စခန်းသိမ်းတိုက်ပွဲတော့ မဆင်နွှဲနိုင်ခဲ့ဘူးလို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ (M.C.R.F) က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတွင် စစ်အုပ်စု အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုး​ ဝင်ရောက်နေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့် ​အရပ်သားတွေစိုးရိမ်တကြီး တိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

မွန်ပြည်ဖက်ဒရယ်ယူနစ်တစ်ရပ် ပေါ်ပေါက်ရေး လုပ်ဆောင်သွားမည်ဟု MSFC ပြော

မွန်ပြည်နယ်အတွင်း ဖက်ဒရယ်ဖော်ဆောင်ရေး လုပ်ငန်းတွေ တင်ပြဖို့နဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ဖို့အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ရဲ့ တတိယအကြိမ်ညီလာခံကို ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ညစ်ညမ်းစာပေ ထုတ်ဝေတယ် ဟုဆိုကာ စစ်ကောင်စီက စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုကို လိုင်စင်ပိတ်သိမ်း

ညစ်ညမ်း စာပေထုတ်ဝေတယ်ဟုဆိုကာ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုကို စစ်ကောင်စီက လုပ်ငန်းလိုင်စင် ပိတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြပါတယ်။ 
Read More

တောင်တွင်းကြီးတွင် စစ်ကော်မရှင်တပ်က နေအိမ်အချို့ကို မီးရှို့ဖျက်ဆီး၊ ဒေသခံများ ထွက်‌ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က နေအိမ်တချို့ကို စစ်ကော်မရှင်တပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ‌နယ်ခံတွေဆီက သိရပါတယ်။