စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူစခန်းကို ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းမှာ Fixed Wings Droneတွေနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

ဒရုန်းဗုံးသီးတွေဟာ ပျူစခန်းရှိ ဘန်ကာ၊ အဆောက်အအုံတွေပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်သားတွေ အများအပြား ထိခိုက်သေဆုံးမှု ရှိနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ယင်းမာပင်ခရိုင် တပ်ရင်း(၃၅)၊ တပ်ခွဲ(၃)၊ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ (Salingyi) အဖွဲ့နဲ့အတူ မဟာမိတ်ညီနောင်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာနိုင်ငံတစ်ဝန်း တက္ကသိုလ် ၁၂ ခုမှ သမဂ္ဂကျောင်းသား၊ကျောင်းသူများ ပါဝင်ဖျော်ဖြေခဲ့သည့် ”အတာစိုးမယ့် တမာမိုးသံချပ်” (ရုပ်/သံ)

မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ တက္ကသိုလ် ၁၂ ခုက သမဂ္ဂကျောင်းသား၊ ကျောင်းသူတွေ ပါဝင်ဖျော်ဖြေခဲ့တဲ့ ''အတာစိုးမယ့် တမာမိုးသံချပ်'' ကို အခုလိုပဲ နားဆင်ရမှာဖြစ်ပါတယ်။
Read More

ပေါက်မြို့နယ် မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၂ ဦး သေဆုံးကာ ၁ ဦး လက်နက်နှင့်အတူ အလင်းဝင် (ရုပ်/သံ)

မကွေးတိုင်း ပေါက်မြို့နယ်မြောက်ပိုင်းသို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ ၁၂ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကာ ပြည်သူ့စစ် ၁ ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်တယ်လို့ People's Democratic Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမြို့ လူနေရပ်ကွက်ထဲကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲချ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်းက TNLA သိမ်းပိုက်ထားတဲ့ ‌နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဒီနေ့ (စက်တင်ဘာ ၁၉ရက်) မနက် ၃ နာရီဝန်းကျင်ခန့်က ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ထုတ်လုပ်သည့် ဗုံးသီးမျိုးစုံ (ရုပ်/သံ)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ထုတ်လုပ်ရေးအဖွဲ့မှ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့ ထုတ်လုပ်ထားတဲ့ ဗုံးသီးမျိုးစုံကို ထုတ်ပြန်ပြသခဲ့ပါတယ်။
Read More

နာမည်ဆိုးဖြင့် ကျော်ကြားသည့် ပေါက်ကိုယ်တော်အား အရှင်ဆေကိန္ဒ သိန်း ၁၀၀ ပေးအပ်လှူဒါန်း (ရုပ်/သံ)

မန္တလေးနဲ့ မကွေးတိုင်းအတွင်း ပျူစောထီးတွေ မွေးထုတ်ပြီး အကြမ်းဖက်စစ်ကောင်စီ အာဏာတည်မြဲဖို့ လုပ်ဆောင်ပေးနေတဲ့ ပေါက်ကိုယ်တော်ကို အရှင်ဆေကိန္ဒက သိန်း ၁၀၀ လှူဒါန်းခဲ့တဲ့ ရုပ်သံဖိုင်ကို ပေါက်ကိုယ်တော်က TikTok အကောင့်ကနေ မျှဝေခဲ့ပါတယ်။
Read More

တော်လှန်ရေးတပ်တွေရဲ့ စိုးမိုးနယ်မြေအတွင်း ကင်းပုန်းဝပ်ဖို့ ရောက်လာတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ် တစ်နေရာမှာ တော်လှန်ရေးတပ်တွေရဲ့ စိုးမိုးနယ်မြေအတွင်း ကင်းပုန်းဝပ်ဖို့ ဝင်ရောက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ပျူစောထီး အင်အား ၂၀ ခန့်ကို မိုးကြိုးပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းစစ်အောင် (LPDF) က ထုတ်ပြန်ထားပါတယ်။