ရန်ကုန်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီရဲ့ မွေးနေ့ အထိမ်းအမှတ် ဖေ‌ဖော်ဝါရီ ၁၃ ရက် မနေ့က ဦးအောင်ဆန်းရုပ်ပုံပါ ငွေစက္ကူများပေါ် တော်လှန် ရေးသတင်းများ ရေးသားပြီး ပြည်သူတွေထံ ဖြန့်ဝေခဲ့တယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ထံက သိရပါတယ်။

အဲဒီလှုပ်ရှားမှုမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦဂျင်မီတို့ ဟောပြောခဲ့တဲ့ မိန့်ခွန်းများ၊ ပြောဆိုချက်များကို အခြေခံပြီး လက်ရှိကာလနဲ့ ကိုက်ညီတဲ့ စာသားများအား ကောက်နုတ်ကာ ရန်ကုန်တော်လှန်ရေးအင်အားစုတွေနဲ့ ကျောင်းသားလူငယ်တွေက ပြည်သူလူထုထံ ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ချောင်းမတိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်သုံ့ပန်းများအနက် ဆေးကြောင်နေသည့် စစ်သားများ ပါဝင်လာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေထဲမှာ ဆေးကြောင်နေတဲ့ စစ်သားတွေပါဝင်လာပြီး အဆိုပါ သုံ့ပန်းတွေကို တော်လှန်ရေးရဲဘော်တွေ ဆေးကုသပေးနေတဲ့ ရုပ်သံဖိုင်တွေကို BLDF ရဲဘော်တွေက လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

ကရင်နီပြည် ဝံပုလွေစစ်ကြောင်းရဲ့ အပတ်စဉ် ၁ သင်တန်းဆင်းအခမ်းအနား ကျင်းပ (ရုပ်/သံ)

ကရင်နီပြည် ဝံပုလွေစစ်ကြောင်းရဲ့ အပတ်စဉ် ၁ သင်တန်းဆင်းအခမ်းအနား ပုံရိပ်တွေကို Karenni of Wolf Column က ထုတ်ပြန်လိုက်ပါတယ်။
Read More

မုံရွာမြို့နယ် ညောင်ဖြူပင်ရွာကို မီးရှို့ဖျက်ဆီးလုပ်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ ပျူစောထီးတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ ‌တောပုပျူစခန်းမှ ပျူစောထီးတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သံမဏိတပ်ခွဲ ၃ Force - MPDF ထံက သိရပါတယ်။
Read More

အင်းတော်မြို့မဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲမှု ပြည်သူ ၂ ယောက်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မြို့မဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဧပြီ ၁ ရက် ‌လေကြောင်းဗုံးကြဲမှု လုပ်ဆောင်ခဲ့တယ်လို့ Indaw Revolution-IR အဖွဲ့ထံက သိရပါတယ်။
Read More

မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်ကင်းစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ရဲ ၂ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်ကင်းစခန်းကို ဒီဇင်ဘာ ၂၆ ရက်က ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့ရာ ရဲ ၂ ယောက်သေဆုံးခဲ့တယ်လို့ JOKER ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ယောက်သေ၊ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် လယ်သစ်ရွာကနေ အင်အားအလုံးအရင်းနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တောလမ်းတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ကြား ဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။