ထိုင်း – ကရင်နီနယ်စပ်မှာတည်ရှိတဲ့ စစ်ကောင်စီရဲ့ ပွိုင့် ၅၄၁၆ ( စစ်ဆင်ရေးခြေကုပ်စခန်း) ကို ကရင်နီပြည်တပ်မတော် (KA) က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင်နီစစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

မနေ့က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ နှစ်ပေါင်းများစွာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီရဲ့ တောင်ကတုံးတပ်စခန်းဟာ ထိုင်း – ကရင်နီနယ်စပ်မှာ သိမ်းပိုက်ရရှိထားတဲ့ စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးကျန်ရှိတဲ့ တပ်စခန်းတခုဖြစ်တယ်လို့လည်း ဆိုပါတယ်။

တိုက်ခိုက်မှုကို KA နဲ့ တော်လှန်ရေးအင်အားစုတွေက လက်နက်ကြီး ၊ ဒရုန်းတွေနဲ့ စစ်ဆင်ရေးစတင်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်တိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲက ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က စခန်းကို လက်လွှတ်မဆုံးရှုံးရဖို့ လက်နက်ကြီးပစ်ကူအပါအ၀င် လေကြောင်းတိုက်ခိုက်မှုတွေပါပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

စခန်းအတွင်း စစ်ကောင်စီတပ်သား ၄၀ ထက်မနည်းရှိနိုင်ပြီး ထိုးစစ်ဆင်မှုကြောင့်ဆုတ်ခွာထွက်ပြေးမှုတွေ ပြုလုပ်သွားတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်သား အကျအဆုံးရှိနိုင်ပြီး လက်နက်ခဲယမ်း၊ ကား တချို့ကိုလည်း KA က သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အခု ပြန်လည်သိမ်းယူခဲ့တဲ့ စစ်ကောင်စီ ရဲ့ ပွိုင့် ၅၄၁၆ စစ်ဆင်ရေးခြေကုပ်စခန်း (တောင်ကတုံးစခန်း)စခန်းဟာ လွန်ခဲ့တဲ့ နှစ် ၃၀ ဝန်းကျင်က ကရင်နီပြည်တပ်မတော် (KA) လက်လွှတ်ခဲ့ရတဲ့ စခန်းလည်းဖြစ်ပါတယ်။

တောင်ကတုံးနယ်စပ်စစ်ကောင်စီစခန်းမှ ရရှိသည့် လက်နက်ခဲယမ်းနှင့် စစ်ရေးအခြေအနေကိုမူကရင်နီတပ်မတော်ဘက်ကအသေးစိတ် ထုတ်ပြန်လာခြင်းမရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

ထိုင်းမှာ တရားမဝင် နေထိုင်ရာက အဖမ်းခံရပြီး စစ်မှုထမ်းတပ်သား ဖြစ်လာသူ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင် ‌

မွန်ပြည်နယ်၊ သထုံမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်  ၄၀၂ အမြောက်တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် ၁ ယောက်ဟာ လက်နက်ခဲယမ်းနဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ သထုံမြို့ပြအထူးပြောက်ကျားအဖွဲ့ဆီက သိရပါတယ်။
Read More

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် (၅၀) နှစ်ပြည့် ကချင်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနား ပြုလုပ် (ဓာတ်ပုံသတင်း)

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ (၅၀)နှစ်ပြည့် ကချင်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဩဂုတ်လ ၁၀ ရက်က ပြုလုပ်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်၏လူယုံ ကြံ့ခိုင်ရေးဥက္ကဋ္ဌ ဦးခင်ရီနှင့် စစ်အုပ်စု အလိုကျ ရုပ်ရှင်လောကသားများ တွေ့ဆုံ

အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ လူယုံလို့ အများက သိထားတဲ့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ ရန်ကုန်တိုင်းပါတီ ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနဲ့အတူ ဇူလိုင်လ ၃၁ ရက်မှာ စစ်ကောင်စီအားပေး ရုပ်ရှင်လောကသားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါတွင် စစ်ကောင်စီက စစ်ကြောင်းထိုးရာလမ်းတလျှောက် အရပ်သား ၈ ဦးကို ဖမ်းဆီးကာ စိတ်ကျန်းမာရေးချို့တဲ့သူ ၁ ဦးကို ရိုက်သတ်ခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အင်အားအပြောင်းလဲလုပ်ဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက အရပ်သားတွေကို စစ်ကြောင်းထိုးရာ လမ်းတလျှောက် ဖမ်းဆီးခေါ်ဆောင်ရင်း စိတ်ကျန်းမာရေး ချို့တဲ့နေသူ ၁ ယောက်ကို ရိုက်နှက်သတ်ဖြတ်ထားခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီကို ILO အဖွဲ့ဝင်နိုင်ငံများမှ အမြန်ဆုံးအရေးယူပေးဖို့ တော်လှန်ညီနောင် ၄ ဖွဲ့ တောင်းဆို

အာဏာသိမ်း စစ်ကောင်စီကို  ILO အဖွဲ့ဝင်နိုင်ငံတွေ အရေးယူပေးဖို့ ရန်ကုန်မြို့အခြေစိုက် တော်လှန်ညီနောင် ၄ ဖွဲ့က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။
Read More

ဘောလခဲ စခန်းကုန်းတိုက်ပွဲအတွင်း ဘောလခဲ PDF ရဲဘော် သက်ပိုင်ဦး ကျဆုံးခဲ့

ဘောလခဲခရိုင်မှာ ဖြစ်ပွါးခဲ့တဲ့ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲအတွင်း ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တစ်ယောက် ကျဆုံးခဲ့ရတယ်လို့  ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) က ဒီနေ့ အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။