KLT.PDF – ကလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အောင်ပန်းဒေသက တော်လှန်ရေးရဲဘော်တွေ ပြန်လည်စုစည်းတည်ထောင်ထားတဲ့ တပ်ဖွဲ့ဖြစ်တဲ့ Urban Task Force Aung Ban – UTF  (အောင်ပန်းမြို့ပြပြောက်ကျား) တပ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၁၃ ရက် မနေ့က တပ်ဖွဲ့တည်ထောင်တာ ၃ နှစ်ပြည့်ပြီဖြစ်တယ်လို့ သိရပါတယ်။

အောင်ပန်းမြို့ပြပြောက်ကျားတပ်ဖွဲ့အနေနဲ့  ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း မြို့ပြပြောက်ကျားစစ်ဆင်ရေးအဖြစ် စစ်ကောင်စီလက်အောက်ခံ တပ်စခန်းတွေနဲ့ လုပ်ငန်းဌာနတွေ ၁၂ ကြိမ်အထိ တိုက်ခိုက်ခဲ့ပြီးနောက် မြို့ပြပြောက်ကျားစစ်ဆင်ရေးတွေကို လုံခြုံရေးအခက်အခဲတွေနဲ့ ရဲဘော်တွေရဲ့ အသက်အန္တရာယ်ထိခိုက်မှုတွေ ကြုံရတာကြောင့် ယာယီရပ်တန့်ထားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ကရင်နီဒေသမှာ အခြေချကာ ဒေသရှိမဟာမိတ်တွေနဲ့အတူ ရှမ်းတောင်ဒေသခံတော်လှန်ရေးတပ်ပေါင်းစုရဲ့ တပ်ဖွဲ့တစ်ခုအဖြစ် ရှမ်းကယားနယ်စပ် ရှေ့တန်းတိုက်ပွဲတွေမှာ ၂၀၂၃ ခုနှစ်ကနေ လက်ရှိအချိန်အထိ ရှမ်းကယားနယ်စပ် ခေါင်းအိတိုက်ပွဲ ၊ ဒီမောဆို ၊ ကုန်းသာတိုက်ပွဲ ၊ မိုးဗြဲတိုက်ပွဲ ၊ လွိုင်ကော် 1111 စစ်ဆင်ရေးတွေမှာ အခုချိန်ထိ ပါဝင်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

UTF ABN တပ်ဖွဲ့အနေနဲ့ ကြမ်းတမ်း​ခက်ခဲမှုတွေ ကြုံရပေမယ့် ရောက်ရာအရပ်မှာ ရတဲ့နေရာကနေ တော်လှန်ရေးအတွက် မဆုတ်မနစ်ကြိုးစားပါဝင်ပြီး စစ်အာဏာရှင်ကျဆုံးတဲ့အထိ တော်လှန်တိုက်ထုတ်သွားမယ်လို့ ကတိသစ္စာပြုကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်မှာ ၂ ငါးလုံးအထိမ်းအမှတ်အဖြစ် “ငုံ့မခံနဲ့တုံ့ပြန်၊အံတုတွန်းလှန် ဖက်ဆစ်ဒဏ်”စာသားကို ကိုင်ဆောင်ပြီး လမ်းလယ်ခေါင်မှာ ဆန္ဒထုတ်ဖော်…

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့တစ်နေရာမှာ ၂ ငါးလုံးနေ့ အထိမ်းအမှတ်အဖြစ် “ငုံ့မခံနဲ့တုံ့ပြန်၊အံတုတွန်းလှန် ဖက်ဆစ်ဒဏ်” စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ရန်ကုန်တော်လှန်လူငယ်တွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရခိုင်တစ်ပြည်လုံးနီးပါး သိမ်းပိုက်ရန် လက်တစ်ကမ်းအလို ရောက်နေပြီဟု အပစ်မရပ်သေးသည့် ညီနောင်မဟာမိတ်အဖွဲ့ဝင် AA ထုတ်ပြန်၊ ရခိုင်ပြည်သူများ ယခင်ထက် နေ့ညမရွေး စစ်ရေးသတိရှိရန် အလေးအနက် တိုက်တွန်း

အကြမ်းဖက်စစ်တပ်အနေနဲ့ ရခိုင်ဒေသ တစ်ခုလုံးကို လက်လွှတ်ဆုံးရှုံးရဖို့ လက်တစ်ကမ်းအလို ရောက်ရှိနေပြီဖြစ်တယ်လို့ အာရက္ခတပ်တော် (AA) ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

TNLA ထိန်းချုပ်နယ်မြေများမှာ မေလတစ်လအတွင်း စစ်ကောင်စီတပ် စွန့်ပစ်မိုင်းများကြောင့် ပြည်သူ (၂)ဦး သေဆုံး၊ (၃)ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရ

တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးရာဒေသတွေမှာ မေလတစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စွန့်ပစ်မိုင်းများကြောင့် အရပ်သားပြည်သူ (၂) ယောက် သေဆုံးပြီး (၃) ယောက် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရှေ့တန်းရောက် ရဲဘော်တွေရဲ့ မိသားစု၀င်တွေကို ထောက်ပံ့ငွေများ ပေးအပ် (ဓာတ်ပုံသတင်း)

ရှေ့တန်းစစ်မြေပြင်ရောက် ရဲဘော်တွေရဲ့ မိသားစုဝင်များကို ရွှေဘိုခရိုင်တပ်ရင်း-၁၅ မှ ရိက္ခာနှင့်ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ညိုစစ်ကြောင်းက စစ်ကြောင်းရှိ ရဲဘော်တွေကို ပြည်သူတွေရဲ့ ထောက်ပံ့မှုနဲ့ စစ်သုံး ဖိနပ် တပ်ဆင် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ညိုစစ်ကြောင်းက စစ်ကြောင်းရှိ ရဲဘော်တွေရဲ့ စစ်၀တ်တန်ဆာအခြေခံဖြစ်တဲ့ စစ်ဖိနပ်တွေကို ပြည်သူတွေရဲ့ ကူညီထောက်ပံ့မှုကြောင့် တပ်ဆင်နိုင်ခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရိက္ခာရှာထွက်သည့် ကန်နီရွာက စစ်အုပ်စုများ စောင့်ကြိုပစ်ခတ်ရာ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရိက္ခာရှာထွက်လာတဲ့ ကန်နီကျေးရွာရှိ စစ်တပ်စခန်းကို စစ်အုပ်စုတွေကြားဖြတ်တိုက်ခိုက်ခံရပြီး ပျူစောထီး ၁ ယောက်သေဆုံးကာ ရွာအတွင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။