ONE Championship ရဲ့ ပထမဦးဆုံး ပွဲဦးထွက်မှာ ကယန်းတိုင်းရင်းသူ လက်ဝှေ့မယ် ဘရော်နီကာဟာ ပြိုင်ဘက် ချီလီဖိုက်တာ ဖရန်စစ်ဗယ်ရာကို အမှတ်နဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ်။ 

ဒီနေ့ ဖေဖော်ဝါရီလ ၁၄ ရက်၊ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပတဲ့ One Championship ရဲ့ One Friday Fights ပွဲစဉ်မှာ ကယန်းတိုင်းရင်းသူဟာ ချီလီဖိုက်တာမယ်ကို မထင်မှတ်ဘဲ ရှုံးနိမ့်သွားခဲ့ရတာ ဖြစ်ပါတယ်။

ပထမအချီနဲ့ ဒုတိယအချီတွေမှာ အပြန်အလှန်ထိုးသတ်ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့် တတိယအချီမှာတော့ ချီလီဖိုက်တာမယ်ရဲ့ တံတောင်ထိချက်အပါအဝင် ကောင်တာကစားကွက်တွေကနေ ကယန်းတိုင်းရင်းသူ အထိနာခဲ့ပြီး One Championsip ရဲ့ ပွဲဦးထွက်မှာ ဒိုင်တွေရဲ့ အမှတ်နဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

ကယန်းတိုင်းရင်းသူ လက်ဝှေ့မယ် ဘရော်နီကာဟာ စင်ကာပူအခြေစိုက် နာမည်ကျော် ဘက်ပေါင်းစုံ အားကစားပြိုင်ပွဲတစ်ခုဖြစ်တဲ့ ONE Championship နဲ့ လက်တွဲအလုပ်လုပ်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလက စာချူပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ဘရော်နီကာဟာ ၂ဝ၁၃ ခုနှစ်မှာ လက်ဝှေ့လောကထဲ စတင်ဝင်ရောက်လာခဲ့ပြီး ပြည်တွင်းပြည်ပ ပြိုင်ပွဲတွေမှာ ဆုတံဆိပ်များစွာ ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့ရိုးရာလက်ဝှေ့လောကရဲ့ ပထမဆုံး အမျိုးသမီး ရွှေခါးပတ်ချန်ပီယံဖြစ်ပြီး ကမ္ဘာ့မွေထိုင်းအဖွဲ့ချုပ် (WMO)က ပေးအပ်တဲ့ ၂ဝ၂၂ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ကစားသမားဆုရထားသူလည်း ဖြစ်ပါတယ်။

ဘရော်နီကာဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ၂ဝ၂၂ ခုနှစ်မှာတော့ ထိုင်းနိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာ့အရေးကို သတိကြီးကြီးထား ချဉ်းကပ်နေတယ်လို့ အာဆီယံဥက္ကဋ္ဌ ပြော

မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ အရေးကြီးတာကြောင့် အာဆီယံအနေနဲ့ မြန်မာ့အရေး သတိကြီးကြီးထားပြီး တဖြည်းဖြည်း လုပ်ဆောင်နေကြောင်း အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟန်က ဇန်နဝါရီလ ၂၂ ရက်နေ့က ပြုလုပ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြောပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖိတ်ခေါ်တဲ့ ခရီးစဉ်အပေါ်  ပြန်လည်သုံးသပ်ဖို့ တရုတ်ကို NUG တောင်းဆို

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ (INTERPOL) အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံထံ တောင်းဆိုထားဟု ဆို

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က BIMSTEC အစည်းအဝေးကို ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (INTERPOL) အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို Burmese Rohingya Organisation UK က တိုက်တွန်းလိုက်ပါတယ်။
Read More

ငလျင်ကြောင့် မြန်မာ့စီးပွားရေးကျဆင်းမှု ပိုဆိုးလာသည်ဟု ကမ္ဘာ့ဘဏ် ပြော

မတ်လနှောင်းပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အားပြင်းငလျင်ကြောင့် မြန်မာ့စီးပွားရေးကျဆင်းမှုဟာ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ ပိုဆိုးလာဖွယ်ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ကြာသပတေးနေ့မှာ ပြောပါတယ်။
Read More

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ ကွပ်မျက်ခံရမှု အပါအဝင် သုံးစွဲသူ အချက်အလက်များကို အကြမ်းဖက်စစ်အုပ်စုထံ လွှဲပြောင်းပေးခဲ့သည့် တယ်လီနောကို နော်ဝေရဲတပ်ဖွဲ့ထံတွင် အမှုဖွင့်

Justice For Myanmar (JFM) နဲ့ ICJ Norway တို့ဟာ နော်ဝေအခြေစိုက် တယ်လီနောနဲ့ တယ်လီနောမြန်မာ စီမံခန့်ခွဲမှုအဖွဲ့ကို ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း နော်ဝေဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ခြင်းအတွက် နော်ဝေရဲတပ်ဖွဲ့ဆီ တိုင်ကြားချက် ဖွင့်လှစ်ခဲ့တယ်လို့ JFM က ထုတ်ပြန်ပါတယ်။
Read More

ထိုင်းမှာ အလုပ်လုပ်ဖို့သွားတဲ့ အသက်မပြည့်သေးသူတွေ အပါအဝင် ရွှေ့ပြောင်းမြန်မာတွေကို ပွဲစားတွေက လိမ်လည်ပစ်ထားခဲ့

ထိုင်းနိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး တရားမဝင် ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ၁၀၀ နီးပါးကို ပွဲစားတွေက လိမ်လည်ပြီး လမ်းခုလတ်မှာ ပစ်ထားခဲ့တာကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်း Khaosod မှာ ဖေဖော်ဝါရီလ ၁၂ ရက်က ဖော်ပြထားပါတယ်။