ဒီနေ့ ဖေဖော်ဝါရီလ ၁၃ ရက်မှာ ကျရောက်တဲ့ မွန်အမျိုးသားနေ့မှာ မွန်ပြည်သူတွေအားလုံး တော်လှန်ရေးထဲ အမျိုးသားရေးတာဝန်သိစိတ်နဲ့ ကိုယ်စီပါဝင်ကြဖို့  မွန်တော်လှန်ရေးအဖွဲ့တွေက အသီးသီးထုတ်ပြန်လာပါတယ်။

မွန်တို့ဟာ ခေတ်အဆက်အဆက် ကိုယ့်ထီးကိုယ့်နန်းနဲ့ ဟံသာဝတီနိုင်ငံတော် တည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် မွန်အမျိုးသားနေ့ကို အလေးထား ကျင်းပလာခဲ့တာဟာ (၇၈) နှစ်တိုင်ခဲ့ပါပြီ။

ဒါပေမယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိသေးတဲ့ ကာလပတ်လုံးမှာ မွန်အမျိုးသားနေ့ဟာ လွတ်လပ်ခြင်းနဲ့ ပြည့်စုံနိုင်မှာ မဟုတ်တာကြောင့် မွန်တို့ အနေနဲ့ အာဏာရှင်စနစ်အောက်ကနေ အမြန်ဆုံး လွတ်မြောက်ရေးအတွက် အဖက်ဖက်ကနေ ကြိုးပမ်းအားထုတ်ဖို့ လိုနေပြီလို့ ရာမည ဖက်ဒရယ်အင်အားစုသစ် အပါအဝင် မွန်အင်အင်အားစု (၆) ခုကနေ ပူးတွဲထုတ်ပြန်လာပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကလည်း စစ်တပ်ဟာ သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြဋ္ဌာန်းခဲ့ရုံသာမက ၂၀၂၁ ခုနှစ်မှာလည်း တစ်ကျော့ပြန် အာဏာသိမ်းခဲ့တာကြောင့် အခုဆိုရင် အာဏာရှင်စနစ်က လွတ်မြောက်ဖို့ ဗမာပြည်သူတွေ ကိုယ်တိုင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ တော်လှန်တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့မှာ ကျင်းပသည့် ၇၈ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား (ဓာတ်ပုံ Hein Htet Aung)

ဒါကြောင့် မွန်အမျိုးသားတွေလည်း တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဖို့အတွက် နိုင်ငံရေး အာဏာကို ရယူရာမှာ လက်နက်ကိုင် တော်လှန်ရေးမှတပါး တခြားမရှိဘဲ MSFC နဲ့အတူ၊ တခြားတော်လှန်နေတဲ့ အင်အားစုတွေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ ပြည်တွင်းပြည်ပက မွန်လူမျိုးတွေ အပါအဝင် ပြည်သူတွေကို တိုက်တွန်းတယ်လို့ (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြလာတာဖြစ်ပါတယ်။

တော်လှန်ရေးလက်နက်ကိုင်မွန်တပ်တွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)-NMSP(AD)၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) တို့လည်း မွန်အမျိုးသားနေ့ သဝဏ်လွှာတွေ အသီးသီးပေးပို့လာပါတယ်။

NMSP-AD က သူတို့အနေနဲ့ တော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တော်လှန်ရေးအရှိန်ကို မြှင့်တင်သွားမှာဖြစ်ကာ အချုပ်အခြာအာဏာ (၃) ရပ်နဲ့ ပြည့်စုံတဲ့ မွန်ပြည်တည်ဆောက်ရေးအတွက် ကြိုးပမ်းသွားမှာဖြစ်တာကြောင့် ပြည်တွင်းပြည်ပက မွန်အမျိုးသားတွေအားလုံး အမျိုးသားရေးတာဝန် အသိစိတ်နဲ့ ကိုယ်စီပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ကလည်း မွန်အမျိုးသားနေ့ အထိမ်းအမှတ်ကဲ့သို့ မွန်နိုင်ငံသစ်နေ့ကို အထိမ်းအမှတ်ပြုသွားနိုင်ဖို့ MLA တပ်ဖွဲ့အနေနဲ့ ပြည်တွင်းပြည်ပ မွန်အင်အားစုတွေကို စုစည်းပြီး မွန်တစ်မျိုးသားလုံး လွတ်မြောက်ရေးအတွက် တာဝန်ထမ်းဆောင်သွားမယ်လို့ လေးနက်စွာ ဆန္ဒပြုကြောင်း သဝဏ်လွှာထုတ်ပြန်လာပါတယ်။

0 Shares:
You May Also Like
Read More

တွံတေး ပကဖ က အခြေခံစစ်သင်တန်း အပတ်စဉ် (၄) အတွက် သင်တန်းသားအသစ်ခေါ်ယူနေ

ရန်ကုန်တိုင်း ၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က စစ်သင်တန်း အပတ်စဉ် (၄) အတွက် သင်တန်းသားအသစ် တွေခေါ်ယူ‌နေတယ်လို့ သိရပါတယ်။
Read More

အင်းတော်တွင် စစ်တပ်က လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် Grade 12 ကျောင်းသူ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ကျောင်းတစ်ခုက Grade 12 ကျောင်းသူ ၁ ယောက် သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ Indaw Revolution-IR  တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျောက်ဖြူသို့ တပ်ပြောင်းလာသည့် ခမရ ၂၁၁ ဒုတပ်ရင်းမှူး ဗိုလ်မှူးဝင်းသန့် AA ၏ စနိုက်ပါလက်ချက်ကြောင့် သေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူကို ရာထူးတိုးပြောင်းရွှေ့လာတဲ့ ခမရ ၂၁၁ က ဒုတပ်ရင်းမှူး ဗိုလ်မှူးဝင်းသန့်ဟာ အာရက္ခတပ်တော် (AA) ရဲ့ စနှိုက်ပါလက်ချက်ကြောင့် သေဆုံးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်ကော်မရှင်၏ ရွေးကော်အဖွဲ့ဝင်များကို အကြမ်းဖက်သမားများအဖြစ် NUG ကြေညာ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအဖြစ် ထုတ်ပြန်ကြေညာခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၂၅ ယောက်ကိုလည်း အကြမ်းဖက်သမားတွေအဖြစ် ကြေညာလိုက်ပါတယ်။
Read More

ဂန့်ဂေါမြို့မြောက်ဘက်ရှိ ရွာစည်(ရွာဟောင်း) ရွာကို အကြမ်းဖက် ခလရ ၅၀တပ် ဝင်ရောက်စီးနင်း၊ ကလေးငယ်နှင့် အမျိုးသမီးများအပါ အရပ်သား ၁၅ဦးထက်မနည်း ဖမ်းဆီးခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ရွာစည် (ရွာဟောင်း) ရွာကို ဝင်ရောက်စီးနင်းပြီး အမျိုးသမီးနဲ့ ၁၀ နှစ်အောက် ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၅ ယောက်ထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယောအလင်းတန်းအဖွဲ့ဝင် နွေဦးရောင်နီက မောင်းကို ပြောပါတယ်။
Read More

ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းဆီ စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်နဲ့ အလင်းဝင် (ဓာတ်ပုံသတင်း)

တနင်္သာရီတိုင်း၊ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် ၊ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်းဆီ အခုတစ်ပတ်အတွင်း စစ်​ကောင်စီတပ်သား ၂ ယောက်က လက်နက်နဲ့ အလင်းဝင်​ရောက်လာခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။